SKIP TO MAIN CONTENT

အသက် ၄၀-၅၉ တွေအတွက် GP ဆေးခန်း ၅၀၀မှာ Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပြီ

သြစတြေးလျနိုင်ငံက GP ဆေးခန်း အခု ၅၀၀ လောက်မှာ အသက် ၄၀ ကနေ ၅၉ နှစ်အကြား လူတွေအတွက် Pfizer ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီတစ်ပတ်မှာ စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။

20200329001460663446-original.jpg

2 min read

Published

Source: AAP, SBS



Skip to article content

ဒါ့အပြင် ဇူလိုင်နဲ့ သြဂုတ်လအတွင်း နောက်ထပ် ဂျီပီ ဆေးခန်း အခု ၈၀၀ မှာ ထပ်မံ ထိုးပေးမှာ ဖြစ်တယ်လို့ ဒုတိယ ကျန်းမာရေးမှူးချုပ် Michael Kidd က ပြောပါတယ်။

အဲဒီအထဲမှာ အာဘော်ရီဂျင်နယ်လူမျိုး ဌာနေတိုင်းရင်းသားလူမှုအသိုင်းအဝိုင်းအတွက် ဆေးခန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှ အခုလောလောဆယ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၈.၂ သန်းရှိပြီး အဲဒီအထဲက ၅ သန်းလောက်ဟာ Pfizer မဟုတ်တဲ့ AstraZeneca ကာကွယ်ဆေးကို ထိုးကြတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေဟာ သင်နဲ့ သင့်မိသားစုကို ကာကွယ်ရုံသာမက အများပြည်သူကိုလည်း အဖျားကြီးတာတွေ ဒါမှမဟုတ် သေဆုံးမှုအထိ မဖြစ်ရအောင် ကာကွယ်ပေးရာ ရောက်တယ်လို့ ပါမောက္ခ Kidd က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အခုဆိုရင် အသက် ၇၀ ကျော်သူလူပေါင်း ၇၀%၊ အသက် ၆၀ ကျော်သူ လူပေါင်း ၆၀% ကျော်နဲ့ အသက် ၅၀ ကျော်သူ လူပေါင်း ၅၀% တို့ဟာ အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးကြသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အသက် ၁၆ နှစ်ကျော်သူ လူပေါင်း ၃၀% နီးပါးလည်း အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်လုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

ဂျီပီဆေးခန်းတွေမှာ Pfizer ကာကွယ်ဆေး စတင်ထိုးပေးတော့မယ်လို့ ပြောပေမယ့် အခုအချိန်မှာ အသက် ၄၀ ကျော်သူတွေ ဘယ်အချိန်မှာ ထိုးနိုင်မလဲ ဆိုတာကို မသိရသေးပါဘူး။

အရင်တုန်းက Pfizer ကာကွယ်ဆေးကို ဂျီပီဆေးခန်းတွေမှာ ထိုးခွင့်မရှိပဲ သတ်မှတ်ထားတဲ့ စင်တာမှာသာ ထိုးခွင့်ရှိတာဖြစ်ပေမယ့် အခုအခါမှာ ဂျီပီတွေကလည်း ထိုးပေးနိုင်တဲ့အတွက် ကာကွယ်ဆေး ထိုးသူ များလာမယ်လို့ ယုံကြည်နေကြပါတယ်။

တစ်ပတ်မှာ ကာကွယ်ဆေး ထိုးသူ အယောက်ပေါင်း ၃၀၀ ၀၀၀ ကနေ ၆၀၀ ၀၀၀ လောက် ရှိလာမှာဖြစ်ပြီး စက်တင်ဘာလလောက်ကြရင် ဒီထက်မက များပြားလာနိုင်တယ်လို့ ငွေရေးကြေးရေးဆိုင်ရာ ဝန်ကြီး Simon Birmingham က ပြောပါတယ်။

Victoria ပြည်နယ်အစိုးရကတော့ သူ့ပြည်နယ်မှာ Pfizer ကာကွယ်ဆေး ဝေစု အရနည်းနေတဲ့အတွက် မကျေမနပ် ဖြစ်နေပါတယ်။ NSW ပြည်နယ်မှာတော့ အခုလောလောဆယ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ပိုများတဲ့အတွက် ကာကွယ်ဆေး ဝေစုလည်း အများဆုံးရရှိထားပါတယ်။

NSW ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉

ရောဂါ ကူးစက်ခံရသူ ၁၆ ဦးရှိပြီး အရင်ရက်မှာ ကူးစက်သူ ၃၅ ဦးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ရောဂါ ကူးစက်ခံရသူ ဦးရေ နည်းပါးလာတာ ကောင်းပေမယ့် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ လိုတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်

Gladys Berejiklian က ပြောပါတယ်။ ကိုဗစ်ဆိုင်ရာ တင်းကြပ်မှုတွေကို အနည်းဆုံး သောကြာနေ့အထိ ချမှတ်ထားတာ ဖြစ်ပါတယ်။

ကွင်းစလန်းပြည်နယ်မှာတော့ ညတွင်းချင်းမှာ ကိုဗစ်-၁၉ ကူးစက်သူ ၁ ဦးသာ တိုးလာတာ ဖြစ်ပြီး လော့ခ်ဒေါင်းတွေလည်း ဖြေလျှော့ပေးနေပါပြီ။

Western Australia မှာလည်း ကူးစက်သူ ၁ ဦးသာ တိုးလာတာဖြစ်ပါတယ်။

SOURCE AAP - SBS


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now