SKIP TO MAIN CONTENT

ဗစ်တိုးရီးယားမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးတဲ့ ကျောင်းဆရာ/မ ရာနဲ့ချီ အလုပ်ထုတ်ခံရ

ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews ကတော့ ကာကွယ်ဆေးက ထိရောက်သလို အသက်ကယ်နိုင်တဲ့အတွက် ပြည်နယ်အစိုးရရဲ့ ပေါ်လစီအရ အလုပ်ထုတ်ခံရတဲ့ ဆရာ/ဆရာမတွေကို မတောင်းပန်နိုင်ဘူးလို့ ပြောပါတယ်။

children at a day care centre in Sydney
children at a day care centre in Sydney, Thursday, March 16, 2006. Source: (AAP Image/Jeremy Piper NO ARCHIVING

2 min read

Published


Skip to article content

ဗစ်တိုးရီးယားပြည်နယ်မှာ ကျောင်းဆရာ/ ဆရာမတွေ ကာကွယ်ဆေး ထိုးရမယ်လို့ သတ်မှတ်ထားပေမယ် ထိုးဖို့ ပျက်ကွက်တဲ့ ဆရာ/ဆရာမ ၄၂၀ လောက် အလုပ်ထုတ် ခံနေရပါတယ်။

 

မတ်လ ၂၅ ရက် မတိုင်ခင် booster dose ထိုးရမယ်လို့ သတ်မှတ်ထားပေမယ့် မထိုးကြတဲ့အတွက် အများစုကို ခွင့်ရက်နဲ့ နားခိုင်းထားပြီး မချို့ကို လစာမဲ့ ခွင့်ရက်နဲ့ နားခိုင်းထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က သူ့အစိုးရရဲ့ ပေါ်လစီကို ဝေဖန်တာကို ပယ်ချလိုက်ပြီး အလုပ်ထုတ် ခံရတဲ့ ဆရာ/ဆရာမတွေကို မတောင်းပန်နိုင်ဘူးလို့ ဆိုပါတယ်။

 

ကာကွယ်ဆေးက ထိရောက်မှုရှိသလို အသက်ကိုလည်း ကယ်တင်တယ်လို့ ယုံကြည်ကြောင်း၊ ကာကွယ်ဆေး ၁ ချောင်း သို့မဟုတ် ၂ ချောင်း ထိုးပြီးသားလူတွေ ၃ ချောင့်မြောက် ကာကွယ်ဆေးကို မကြာခင် ထိုးကြမယ်လို့ ယုံကြည်ကြောင်း ထိုးကြမယ်ဆိုရင် ကျေးဇူးတင်တယ်လို့ ပြောသွားခဲ့ပါတယ်။ 

စာသင်ကျောင်းနဲ့ ဆက်စပ်ပြီး သတင်းဆိုးတွေ ဆက်တိုက် ကြားရတာ အင်မတန် စိတ်ပျက်မိတဲ့အကြောင်း အမှန်ဆို စာသင်ရမယ့် ကာလ စတင်တဲ့ နေ့မှာပဲ ကလေးတွေက ကျောင်းပုံမှန် တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။  ဆရာနဲ့ ကျောင်းသားတွေရဲ့ ကျောင်းပျက်မှုနှုန်းလည်း ကိုဗစ် မတိုင်ခင် ကာလလောက်တောင် မများဘူးလို့ ထောက်ပြထားပါတယ်။ 

ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဝန်ကြီးချုပ်ရဲ့ အမိန့်အရ ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ အလုပ်လုပ်တဲ့ ဆရာတွေ ကာကွယ်ဆေး ၃ ချောင်း ထိုးထားတဲ့ သက်သေပြရမှာဖြစ်ပြီး ထိုးစရာမလိုကြောင်း ချွင်းချက်ရထားရင်လည်း ချွင်းချက်ရကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။ 

ပြည်နယ်တလွှားမှာ ဆရာ ၄၂၀ လောက် ဆေးထိုးဖို့ ပျက်ကွက်ကြတာဖြစ်ပေမယ့် ဧပြီလ ၂၆ ရက် စာရင်းအရ ဆရာပေါင်း ၉၉.၂ ရာခိုင်နှုန်းက ကာကွယ်ဆေး အပြည့်အဝ ထိုးကြပြီလို့ ပြည်နယ်ရဲ့ ပညာရေးဌာနက ပြောပါတယ်။ 

ကာကွယ်ဆေး မထိုးရသေးတဲ့ အမှုထမ်းတွေ အမြန်ဆုံးထိုးပြီး မိမိကိုယ်ကိုအပြင် မိမိရဲ့ မိသားစုနဲ့ ကျောင်းပတ်ဝန်းကျင်ကို ကာကွယ်ကြဖို့ ပညာရေးဌာနက ပြောခွင့်ရသူက တိုက်တွန်းထားပါတယ်။ 

ဩစတြေးလျနိုင်ငံမှာ Victoria ပြည်နယ် နဲ့ Northern Territory အထူးဒေသ ၂ ခုကသာ ဆရာ/ဆရာမတွေကို မဖြစ်မနေ ကာကွယ်ဆေး ၃ ချောင်း ထိုးရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်-၁၉ ရောဂါရှိသူနဲ့ ထိတွေ့မှုရှိသူ close or household contact တွေပါ နေအိမ်မှာ သီးသန့်နေထိုစရာ မလိုဘူးဆိုတဲ့ သတ်မှတ်ချက်ကို Western Australia ပြည်နယ်မှာ သောကြာနေ့ကစပြီး ကျင့်သုံးမှာ ဖြစ်သလို Tasmania ပြည်နယ်ကလည်း Monday မှာစပြီး ကျင့်သုံးမှာ ဖြစ်လို့ ဩစတြေးလျ ပြည်နယ်တိုင်းမှာ ပုံစံတူ ဖြစ်သွားမှာ ဖြစ်ပါတယ်။ 

ဩစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာ တင်းကြပ်မှုတွေ တဖြေးဖြေး ဖြေလျှော့ပေးနေတဲ့အတွက် ကိုဗစ်မတိုင်ခင် ကာလ ပုံမှန် အနေအထားနီးပါး ပြန်ရောက်သွားပေမယ့် ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အချက်အလက်များ

NSW: ကူးစက်သူ 13,771 ဦးရှိ, 19 ဦးသေ, 1701 ဦး ဆေးရုံတင်ရ, 76 ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသနေရ 

Victoria: ကူးစက်သူ 10,427 ဦး, 10 ဦးသေ, 445 ဦး ဆေးရုံတင်ရ, 35 ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသနေရ 

Tasmania: 1202 ဦး ကူးစက်, 40 iဦးဆေးရုံတင်ရ , ၁ ဦးက ICU အထူးကြပ်မတ်ဆောင်မှာ ကုသနေရ 

Northern Territory: 564 ဦးကူးစက်, ၃ ဦးသေ, ၅၀ ဆေးရုံတင်ရ, ၂ ဦးက ICU မှာ

Western Australia: 8889 ဦး ကူးစက်, ၇ ဦးသေ (၆ ဦးက အရင်ကတည်းက သေဆုံးတာဖြစ်), ၂၃၇ ဦးဆေးရုံတင်ရ, ၆ ဦးက ICU မှာ

South Australia: 3733 ဦးကူးစက်, ၄ ဦးသေ, 240 ဦး ဆေးရုံမှာ, 11 ဦး ICU မှာ ကုသခံနေရပါတယ်။ 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now