SKIP TO MAIN CONTENT

ငွေကြေးဖောင်းပွမှုကို ထိန်းနိုင်ဖို့ ဩစီအနေနဲ့ အတိုးနှုန်း ထပ်တိုးမြင့်သင့်တယ်လို့ IMF ဆို

နိုင်ငံတကာ ငွေကြေးရံပုံငွေအသင်း (IMF) က ငွေကြေးဖောင်းပွမှုနှုန်းကို ပိုမိုလျင်မြန်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ဩစတြေးလျ ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို ထပ်မံ မြင့်တင်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Inflation chart
Digital generated image of vertical bar graph made out of golden cubic blocks with shopping carts standing on them against light blue background. Inflation concept. Source: Moment RF / Andriy Onufriyenko/Getty Images

1 min read

Published

By AAP

Source: SBS


Skip to article content

ဝယ်ယူသုံးစွဲမှုစျေးနှုန်း မြင့်မားမှုဟာ ဗဟိုဘဏ်ရဲ့ ပစ်မှတ်ရဲ့ အထက်မှာ ရောက်ရှိနေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်ကြရင် ပစ်မှတ်ထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်း ရောက်ရှိဖို့အတွက် ငွေရေးကြေးရေးဆိုင်ရာ ပေါ်လစီကို တင်းကြပ်ဖို့ တိုက်တွန်းလိုတယ်လို့ နိုင်ငံတကာ ငွေကြေးရံပုံငွေအသင်းက ပြောပါတယ်။.

စက်တင်ဘာလမှာ ဩစတြေးလျရဲ့ နှစ်စဥ် ငွေကြေးဖောင်းပွမှုနှုန်းက ၅.၄ ရာခိုင်နှုန်းရှိပြီး ဒါဟာ ဗဟိုဘဏ်ရဲ့ ပစ်မှတ်ထက် အများကြီး မြင့်မားနေတဲ့နှုန်း ဖြစ်ပါတယ်။ ဗဟိုဘဏ်က ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်း အထိ ရောက်အောင် ပစ်မှတ်ထားနေတာဖြစ်ပါတယ်

ဗဟိုဘဏ် ဘုတ်အဖွဲ့က လာမယ့် အင်္ဂါနေ့ကြရင် တွေ့ဆုံဖို့ရှိပြီး အဲဒီ တွေ့ဆုံမှုအပြီး အတိုးနှုန်းကို ထပ်တိုးမြင့်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ငွေကြေးဖောင်းပွမှု သက်သာစေဖို့အတွက် အစိုးရအနေနဲ့ အများပြည်သူဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ပရောဂျက်တွေ အကောင်အထည်ဖော် လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံတကာ ငွေကြေးရံပုံငွေအသင်းက ပြောပါတယ်။

IMF ရဲ့ အဆိုအရ ဩစတြေးလျရဲ့ စီးပွားရေးဟာ ခံနိုင်ရည်ရှိကြောင်း ပြသနေပေမယ့် ၂၀၂၄ ခုနှစ်ကြရင်စီးပွားရေး တိုးတက်မှု နှေးကွေး သို့မဟုတ် ၁.၂၅ ရာခိုင်နှုန်းလောက်သာ တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စွမ်းအင်စျေးကွက်နဲ့ အစားအသောက် စျေးနှုန်းတွေက ငွေကြေးဖောင်းပွမှု အန္တရာယ်အဖြစ် IMF က ရှုမြင်နေပါတယ်။

ဩစတြေးလျ အစိုးရအနေနဲ့ အခွန်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနဲ့ သဘာဝစိန်းလမ်းမှု အသွင်ကူးပြောင်းရေးတွေမှာလည်း ပစ်မှတ်ထား လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now