SKIP TO MAIN CONTENT

UNICEF Australia နဲ့ SBS ပူးပေါင်းပြီး အိန္ဒိယအတွက် ရံပုံငွေရှာပွဲလုပ်

အိန္ဒိယအနေနဲ့ ကြုံရတဲ့ ဝန်တွေ အနည်းငယ် ပေါ့ပါးသွားအောင် UNICEF Australia က ရံပုံငွေရှာဖွေမှု လုပ်နေပြီး SBS နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

India has been recording an average of 4000+ COVID deaths every day since the past few weeks
India has been recording an average of 4000+ COVID deaths every day since the past few weeks. Source: AAP Image/Avishek Das / SOPA Images/Sipa USA

1 min read

Published


Skip to article content

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ ဆိုးဝါးနေဆဲဖြစ်ပြီး အခုဆိုရင် သေဆုံးသူက ၂၈၇ ၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်လို့ သေဆုံးရတဲ့ သြစတြေးလျနိုင်ငံသားလည်း ၃ ဦး ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပြီး သြစတြေးလျမှာ ရှိနေတဲ့ အိန္ဒိယတွေဟာ အဝေးကနေ ဘာမှ မတတ်နိုင်တဲ့ အခြေအနေနဲ့ ကြည့်နေရပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေ သေဆုံးနေရတာကို အဝေးကနေပဲ ဝမ်းနည်းပူဆွေးနေကြရပါတယ်။

အဲဒါကြောင့် SBS Radio ကနေ မေလ ၂၁ ရက် ဒီသောကြာနေ့ ညနေ ၄ နာရီမှာ Radiothon ဆိုတဲ့ အစီအစဉ်နဲ့ ရံပုံငွေ ရှာပွဲ ပြုလုပ်ခဲ့ပါတယ်။

ရရှိတဲ့ အလျူငွေတွေကို UNICEF Australia အဖွဲ့ကို ပေးမှာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ လိုအပ်တဲ့ အောက်ဆီဂျင်တွေ၊ ကာကွယ်ဆေးနဲ့ ရောဂါစစ်ဆေးမှု ပိုလုပ်နိုင်ဖို့အတွက် အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။

"India, we are with you." ဆိုတဲ့ ရေဒီယို အစီအစဉ်ကို တောင်အာရှနိုင်ငံတွေက သူတို့ရဲ့ ဘာသာစကားအသီးသီးနဲ့အပြင် အင်္ဂလိပ်ဘာသာနဲ့လည်း ထုတ်လွှင့်မှု လုပ်ခဲ့ကြပါတယ်။

S-B-S ရဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ David Hua ကတော့ အိန္ဒိယမှာ လိုအပ်တဲ့ အရာတွေ လျူဒါန်းနိုင်ဖို့ radiothon ကို ပြုလုပ်ရတာဖြစ်သလို အိန္ဒိယမှာ ဖြစ်နေတဲ့ ကပ်ရောဂါကြောင့် သြစတြေးလျနိုင်ငံမှာ စိတ်သောက ရောက်နေရသူတွေနဲ့အတူ သြစတြေးလျက ရှိနေတဲ့အကြောင်း ပြသဖို့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

SBS အိန္ဒိယ ပန်ဂျာဘီ ဌာနက အမှုထမ်းတချို့ဟာလည်း သူတို့ရဲ့ ခံစားချက်ကို ဘေးချိတ်ထားပြီး ဒီအချိန်မှာ သူတို့လို ခံစားရတဲ့ တခြားလူတွေကို စာနာတဲ့အနေနဲ့ သူတို့ခံစားရတာကို အင်အားတစ်ခုလို အသုံးပြုပြီး လူတွေ ပါဝင်လှုပ်ရှားမှုရှိအောင် လုပ်ဆောင်နေကြတယ်လို့ ပန်ဂျာဘီ အကြီးအကဲ

Manpreet Singh က ပြောပါတယ်။

အလျူငွေ ထောင်နဲ့ချီလည်း ရရှိခဲ့ကြပေမယ့် ငွေရေးကြေးရေး အနည်းအများသာမက လူတွေ အခုလို စည်းလုံးပြီး မေတ္တာပြကြတာကလည်း အမြတ်တစ်ခုလို့ ခံယူနေကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now