ဌာနေတိုင်းရင်းသားကလေးငယ်တွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေ Pfizer ကာကွယ်ဆေးထိုးလို့ရပြီ

အသက် ၁၂ အရွယ်အထိငယ်တဲ့ ဌာနေတိုင်းရင်းသားကလေးငယ်တွေနဲ့ နာတာရှည် ရောဂါအခံရှိတဲ့ ကလေးငယ်တွေအနေနဲ့ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရကြပြီဖြစ်ပါတယ်။

Health workers inspect a Pfizer vaccination syringe in Melbourne.

Health workers inspect a Pfizer vaccination syringe in Melbourne. Source: AAP

ဌာနေတိုင်းရင်းသားကလေးငယ်တွေ ဒါမှမဟုတ် နယ်စွန်နယ်ဖျားမှာနေတဲ့ လူမှုအသိုင်းအဝိုင်းထဲက ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါအခံရှိတဲ့ အသက် ၁၂နှစ်ကနေ ၁၅နှစ်အထိ ကလေးငယ်တွေကို Pfizer ကာကွယ်ဆေးထိုးဖို့ သြစတြေးလျားနိုင်ငံ ကာကွယ်ဆေးဆိုင်ရာအကြံပေးအဖွဲ့က ထောက်ခံအတည်ပြုချက်ပေးလိုက်ပြီဖြစ်ပါတယ်။

ဝက်ရူးပြန်၊ ဆီးချိုနဲ့ ပန်းနာရင်ကြပ် ဆိုးဆိုးဝါးဝါးရှိတဲ့ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးလို့ရတဲ့သူတွေထဲမှာပါဝင်ပါတယ်။

Australian Technical Advisory Group on Immunisation, ATAGI က လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ သူတို့တွေကို ကာကွယ်ဆေးထိုးတဲ့အစီအစဉ်စာရင်းထဲမှာ ထည့်သွင်းကြောင်းပါရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က Therapeutic Goods Administration အဖွဲ့က အကြံပြုချက်ပေးပြီးနောက် အခုလိုဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

အခုဆိုရင် ကလေးငယ် ၂၂၀,၀၀၀ ဝန်းကျင်လောက် ကာကွယ်ဆေးထိုးဖို့ ဦးစားပေးစာရင်းမှာ ပါရှိကြောင်း ဆေးဘက်ဆိုင်ရာ ဒုတိယအကြီးအကဲ ပါမောက္ခ Michael Kidd ကပြောပါတယ်။

ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးမယ့်အစီအစဉ်ဟာ သြဂုတ်လ ၉ရက်နေ့မှာ တရားဝင်စတင်မှာဖြစ်ပေမယ့် GP တွေအနေနဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့စာရင်းမှာပါတဲ့ ကလေးငယ်တွေကို သတ်မှတ်ရက်မတိုင်ခင် စောပြီးထိုးပေးလို့ရပါတယ်။ ဒါဟာကာကွယ်ဆေးထိုးတဲ့စီမံကိန်း အဆင့် 1B ရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး Greg Hunt က ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကို အဆင့်နှစ်ဆင့် ချမှတ်ထားကြောင်း ATAGI ကရှင်းရှင်းလင်း ဖော်ပြထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ကြီးက အသက် ၁၂နှစ် ကနေ ၁၅ နှစ်အရွယ် ကလေးငယ်အားလုံးကို ကာကွယ်ဆေးထိုးခွင့်ပြုဖို့အတွက် နိုင်ငံတကာတွေရဲ့ သက်သေသာဓက တွေကို စဉ်စား ချင့်ချိန်နေဆဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။


Share

1 min read

Published

By Tom Stayner

Presented by Shah Paung



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now