SKIP TO MAIN CONTENT

ပြည်ပက ကျောင်းသားဦးရေ ခေါ်ယူမှု တဝက်လျှော့မယ်၊ အဆင့်မြင့် အရည်ချင်းရှိသူတွေကို ပိုခါ်ဖို့ရှိ

ဩစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားနဲ့ ဆိုင်တဲ့ ဗီဇာစနစ်မှာ အပြောင်းအလဲ လုပ်လိုက်ပြီး ပြည်ပက ကျောင်းသူ ကျောင်းသား ခေါ်ယူမှုကို တဝက်လောက် လျှော့ချမယ်လို့ သိရပါတယ်။

International students call for end to 'transport discrimination'
Source: AAP

1 min read

Published

By Edwina Guinan

Source: SBS


Skip to article content

ဩစတြေးလျအစိုးရက ဩစတြေးလျနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမှာ အပြောင်းအလဲလုပ်မယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာပဲ ကြေညာလိုက်ပြီး ၂ နှစ်အတွင်း ပြည်ပက ဝင်လာသူတွေရဲ့ အရေအတွက်ကို တဝက်လျှော့ချမယ်လို့ ပြောပါတယ်။.

မရှိမဖြစ် လိုအပ်တဲ့ အလုပ်သမားနဲ့ အဆင့်မြင့် ပညာအရည်အချင်းရှိသူတွေကို ပိုမိုဆွဲဆောင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ဩစတြေးလျနိုင်ငံကို လာရောက်နေထိုင်သူ အယောက် ၅၀၀၀၀၀ ရှိခဲ့ပြီး လာမယ့် ၂၀၂၅ ကြရင် နှစ်သိန်းခွဲသာ ခေါ်ယူမှာဖြစ်ပြီး နိုင်ငံတကာ ကျောင်းသားတွေကို ဗီဇာထုတ်ပေးမှု လျှော့ချမယ်လို့ ပြည်ထဲရေးဝန်ကြီး

Clare O'Neill က ပြောပါတယ်။

လူဝင်မှုအရေအတွက်ကို ပြန်ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပြီး မရှိမဖြစ် လိုအပ်တဲ့ အိမ်ရာလို အရာတွေ လုံလောက်မှုရှိအောင် ပိုကောင်းမွန်တဲ့ စနစ် ချမှတ်သွားမယ်လို့ ပြောပါတယ်။.

နိုင်ငံတကာ ကျောင်းသားတွေကို ဗီဇာထုတ်ပေးရာမှာ တင်းကြပ်သွားမှာဖြစ်ပြီး အင်္ဂလိပ်စာ အရည်အချင်း လိုအပ်ချက်ကို မြင့်တင်မှာလည်း ဖြစ်ပါတယ်။

အဲလို လုပ်ဆောင်ချက်က နိုင်ငံတကာ ကျောင်းသားတွေရဲ့ ပညာရေးအတွေ့အကြုံက ရတဲ့ အရည်အသွေးတွေက ပိုမြင့်မှာဖြစ်သလို လုပ်ငန်းခွင်အတွင်း အမြတ်ထုတ် ခံရမှုတွေလည်း ပိုနည်းသွားမယ်လို့ ပြောပါတယ်။

အခုလောလောဆယ် တွေ့နေရတာက နိုင်ငံတကာ ကျောင်းသားတွေဟာ အင်္ဂလိပ်စာ အရည်အချင်းပိုင်းမှာ အခက်အခဲရှိကြတဲ့အတွက် အမြတ်ထုတ်အနိုင်ကျင့်ခံရနိုင်ခြေ ပိုများပြီး လုပ်အားခနည်းတဲ့ အလုပ်အကိုင်ကို လုပ်နေကြရတယ်လို့ ပြောပါတယ်။

အဆင့်မြင့် အရည်အချင်းရှိတဲ့ နိုင်ငံခြားသားတွေကို ဩစတြေးလျနိုင်ငံမှာ ဆွဲဆောင်နိုင်ဖို့အတွက် လစာနှုန်း တိုးမြင့်တာတွေနဲ့ ဗီဇာရတာ လွယ်ကူမြန်ဆန်အောင်လည်း လုပ်ဆောင်ဖို့ ရှိပါတယ်။

ဒီလို အစီအစဥ်တွေကို တချို့က ကြိုဆိုလိုက်ပြီး နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့ အဆင့်မြင့် အရည်အချင်းရှိသူတွေ လိုအပ်တဲ့အကြောင်း၊ နိုင်ငံတော် လုံခြုံရေးနဲ့ ဆိုင်ဘာ လုံခြုံရေးကျွမ်းကျင်သူတွေ လိုအပ်နေတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now