SKIP TO MAIN CONTENT

နျူကလီးယား စက်ရုံဟောင်းက ရေတွေကို ပင်လယ်ထဲ ပြန်သွန်မယ့် ဂျပန်ရဲ့ လုပ်ရပ်ကို တချို့နိုင်ငံဝေဖန်

ဂျပန်အစိုးရက ဖူကူရှီးမား နျူကလီးယား စက်ရုံက ရေတန်ချိန် တစ်သန်းကို ပင်လယ်ထဲ သွန်ချမယ့် ကိစ္စကို ဝေဖန်နေကြပါတယ်။

Tanks at the crippled Fukushima Daiichi nuclear power plant storing treated radioactive water from the plant.
Tanks at the crippled Fukushima Daiichi nuclear power plant storing treated radioactive water from the plant. Source: Kydpl Kyodo

1 min read

Published

By မူလှိုင်းသိမ့်

Source: AFP, SBS



Skip to article content

 

နျူကလီးယား စက်ရုံက ရေတွေမှာ အန္တာရာယ်ရှိတဲ့ ရေဒီယိုဓာတ်တွေ မရှိတော့အောင် အရင်လုပ်ဆောင်ပြီးမှ အဲဒီရေတွေကို ပင်လယ်ထဲ သွန်ချမှာဖြစ်တယ်လို့ ဂျပန်အစိုးရက ဒီအင်္ဂါနေ့မှာပဲ ပြောဆိုလိုက်တာပါ။

ဒီလုပ်ငန်းကို နှစ်အနည်းငယ်အတွင်း စတင်ဦးမှာ မဟုတ်သလို ဒီလုပ်ငန်း ပြီးမြောက်ဖို့ ဆယ်စုနဲ့ချီ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ဂျပန်ရဲ့ လုပ်ရပ်ဟာ တာဝန်ကင်းမဲ့လွန်းတယ်ဆိုပြီး တရုတ်အစိုးရက ဝေဖန်နေပါတယ်။

တောင်ကိုရီးယားကလည်း ဒီလို လုပ်ရပ်အပေါ် စိုးရိမ်မကင်းမှု ဖြစ်နေကြသလို ဂျပန် ငါးဖမ်းသမားတွေကလည်း နျူကလီးယား စက်ရုံက ရေတွေကို ပင်လယ်ထဲ ပြန်လွတ်ရင် ဂျပန်က ငါးတွေကို လူတွေ မဝယ်စားမှာကို စိုးရိမ်ပြိး ပြင်းထန်စွာ ကန့်ကွက်နေကြပါတယ်။

Japanese Prime Minister Yoshihide Suga (L) and members of his cabinet attend a meeting in Tokyo
Japanese Prime Minister Yoshihide Suga (L) and members of his cabinet attend a meeting in Tokyo Source: Kydpl Kyodo

 

ဂျပန်က ပင်လယ်ထဲ ပြန်လွတ်မယ့် ရေတွေမှာ ရေဒီယို အက်တစ်ဓာတ်တွေ မပါဝင်၊ အာဏိသင်တွေ မရှိတော့မှ ပင်လယ်ထဲ ပြန်သွန်မယ်လို့ ပြောဆိုနေပြီး အဲဒီလို လုပ်ရပ်ကို နိုင်ငံတကာ အနျူမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီ (IAEA) ကလည်း သဘောတူပါတယ်။ အမေရိကန်ကလည်း ဂျပန်အနေနဲ့ ဒီကိစ္စမှာ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

အခုလောလောဆယ် ဆူနာမီကြောင့် ပျက်စီးသွားတဲ့ နျူကလီးယား စက်ရုံနားမှာ ရေတန်ချိန်ပေါင်း ၁.၂၅ သန်းလောက် စုနေပြီး အဲဒီရေတွေဟာ နျူကလီးယား စက်ရုံ အေးမြအောင် လုပ်ဖို့အတွက်ရေတွေ၊ မိုးရေတွေနဲ့ မြေအောက်ရေတွေ စုပေါင်းထားတာ ဖြစ်ပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now