SKIP TO MAIN CONTENT

JEV ဗိုင်းရပ်စ်က ဩစီမှာ ကူးစက်နေပါတယ်၊ သင့်အနေနဲ့ ဘာလုပ်နိုင်သလဲ။

အဲဒီရောဂါကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းမှာ ဘာလက္ခဏာမှ မပြပေမယ့် အဲဒီရောဂါကြောင့် ဖျားနာသူတချို့အတွက် သေဆုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

Malaysian vets vaccinate pigs to prevent Japanese encephalitis virus during an outbreak in 1999.
Malaysian vets vaccinate pigs to prevent Japanese encephalitis virus during an outbreak in 1999. Source: AAP / ALAN TEH/AP

2 min read

Published

By Steven Trask

Source: SBS


Skip to article content

NSW, Queensland, South Australia နဲ့ Victoria ပြည်နယ်မှာ Japanese encephalitis (JEV) ဗိုင်းရပ်စ် ကူးစက်မှုဖြစ်နေတဲ့အတွက် ကျန်းမာရေးအာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်မှုလုပ်နေပါတယ်။ 

အဲဒီရောဂါဟာ ခြင်ကနေတဆင့် ကူးစက်နိုင်တာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်မှာ တစ်ဦးသေဆုံးရပြီလို့  အေဘီစီသတင်းမှာ ဖော်ပြထားပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

အဂါနေ့အထိ ဩစတြေးလျမှာ JEV ကူးစက်ခံရသူ ၉ ဦးရှိပြီ ဖြစ်ပါတယ်။ 

အဲဒီရောဂါကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းမှာ ဘာလက္ခဏာမှ မပြပေမယ့် အဲဒီရောဂါကြောင့် ဖျားနာသူတချို့အတွက် ဦးနှောက်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။ 

 

Japanese encephalitis ဗိုင်းရပ်စ်ဟာ Papua New Guinea နိုင်ငံနဲ့ Torres Strait ဒေသမှာ ဖြစ်လေ့ရှိပေမယ့် တခါတလေ ဩစတြေးလျပြည်မ အထူးသဖြင့် ကွင်းစလန်းပြည်နယ်အထိ ရောက်လာတတ်ပါတယ်။

 

JEV က ဘယ်လောက်အထိ အန္တာရယ်ရှိသလဲ။

Griffith University က ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Dr Ali Zaid ရဲ့အဆိုအရ Japanese encephalitis virus ဟာ တုတ်ကွေးရောဂါ နဲ့ yellow fever virus တို့နဲ့ တစ်မိသားစုထဲဖြစ်တဲ့ "flavivirus" အမျိုးအစားတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ 

ကူးစက်ခံရသူ ၉၉ % ဟာ ဆက်လက်ကျန်းမာပြီး ဘာရောဂါ လက္ခဏာမှ မပြပေမယ့် ၁% က တော့ ဦးနှောက်ယောင်မှုအပါအ၀င် သေဆုံးမှုဖြစ်နိုင်ပြီး ၂၀% က ဖျားနာမှုခံရနိုင်ပါတယ်။ 

 

လက္ခဏာတွေထဲမှာ ဦးနှောက်ယောင်မှုအပြင် ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ လည်ပင်းတောင့်ခိုင်ခြင်းနဲ့ အကြောသေခြင်းတို့ ဖြစ်နိုင်ပါတယ်။ 

JEV ဗိုင်းရပ်စ်ကို 42 piggeries across Queensland, Victoria, South Australia နဲ့ NSW ပြည်နယ်က ၀က်မွှေးမြူရေးခြံ ၄၂ ခုမှာ တွေ့ရှိထားပါတယ်။ 

ဘယ်လို ကူးစက်ပျံ့နှံ့သလဲ။

၀က်တွေနဲ့ ငှက်တွေမှာ ရောဂါစတင်ကူးစက်တယ်ဆိုပေမယ့် ခြင်ကောင်ကနေတဆင့် လူကို ကူးစက်နိုင်ပါတယ်။

 

အဆိုပါရောဂါဟာ လူလူခြင်းမကူးစက်နိုင်သလို ၀က်သားစားခြင်းကနေလည်း မကူးစက်နိုင်ပါဘူး။ 

အဲဒီရောဂါဟာ ၁၉၉၀ ၀န်းကျင်တုန်းက မလေးရှားနိုင်ငံမှာ ကူးစက်မှုဖြစ်လို့ ၀က်ကောင်ပေါင်း သောင်းနဲ့ချီသတ်ပစ်ခဲ့ရပါတယ်။ 

ဩစတြေးလျနိုင်ငံမှာ သာမာန်အားဖြင့် ကွင်းစလန်းပြည်နယ်မြောက်ပိုင်းလောက်မှာသာ ကူးစက်တာဆိုပေမယ့် ဒီတချီ မှာတော့ ရာသီဥတုအခြေအနေကြောင့် ဩစတြေးလျနိုင်ငံ တောင်ပိုင်းအထိ ကူးစက်မှုဖြစ်လာနေပါတယ်။ 

University of Queensland က ဗိုင်းရပ်စ်ဆိုင်ရာပညာရှင် Roy Hall ရဲ့အဆိုအရ JEV ဟာ Papua New Guinea ဒါမှမဟုတ် Indonesia ကနေတဆင့် ဩစတြေးလျမှာ ကူးစက်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 

ဩစတြေးလျအရှေ့ပိုင်းမှာ စတင်ကူးစက်မှုဖြစ်ပြီး အလယ်ပိုင်းမှာ မိုးရွာသွန်းမှုကနေ ဗိုင်းရပ်စ်ဟာ Murray Darling မြစ်၀ကျွန်းပေါ်ဖက်ကို စီးဆင်းလာပြီး ရေကြက်တွေကို ကူးစက်ပြီး ရေကြက်တွေဟာ ဩစတြေးလျတောင်ပိုင်းဖက် ရောက်လာတာကနေတဆင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရေကြက်နဲ့ ခြင်တွေအပြန်အလှန် ကူးစက်မှုဖြစ်ပြီး သူတို့သွားလေရာမှာ ကူးစက်မှုဖြစ်နိုင်တာလို့ ဆိုပါတယ်။

 

လုံခြုံဘေးကင်းစွာ ဘယ်လိုနေထိုင်မလဲ။

NSW ကျန်းမာရေးဌာနက  JEV မကူးစက်အောင် ကာကွယ်တဲ့အနေနဲ့ ခြင်မကိုက်အောင် နေထိုင်ကြဖို့ ပြောပါတယ်။ 

ခြင်မကိုက်အောင် ဆေးဖြန်းတာတွေ၊ လက်ရှည်အကျီ၀တ်တာမျိုးတွေပါ၀င်ပါတယ်။ 

Monash University က ကူးစက်မှုရောဂါဆိုင်ရာ ပါမေက္ခ Kain Leder ရဲ့အဆိုအရ ဩစတြေးလျနိုင်ငံမှာ JEV ကာကွယ်ဆေး ၂ မျိုးရှိပေမယ့် ပြည်ပနိုင်ငံကို ခရီးသွားမယ့်လူတွေအတွက်သာ အသုံးပြုလေ့ရှိတယ်လို့ ပြောပါတယ်။ 

ဒါပေမယ့် ရောဂါကူးစက်မှုအခြေအနေဆိုးလာရင် ကာကွယ်ဆေးအသုံးပြုမှုမှာ အပြောင်းအလဲ ရှိလာနိုင်ပြီး ကူးစက်မှုအလားအလာများတဲ့ ဩစတြေးလျနိုင်ငံအတွင်းက လူတွေကို ထိုးပေးတာမျိုး လုပ်ဖို့ ကျန်းမာရေးအာဏာပိုင်တွေ လုပ်လာနိုင်တယ်လို့ ပြောပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now