SKIP TO MAIN CONTENT

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေ လုပ်ကြံခံရလို့ ကွယ်လွန်

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ဒီကနေ့မှာပဲ လုပ်ကြံခံရရာက သေနတ်ဒဏ်ရာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

Abe Shinzo
Japan's former PM, Shinzo Abe before he was shot from behind, Nara Prefecture, Japan July 8 Source: AAP Image/The Yomiuri Shimbun via AP Images

2 min read

Published


Skip to article content

ရှင်ဇိုအာဘေဟာ ဂျပန်သမိုင်းမှာ ဝန်ကြီးချုပ်အဖြစ် သက်တမ်းအရှည်ဆုံး အမှုထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ နာရာဆိုတဲ့မြို့မှာ ဒီကနေ့ မွန်းတည့်မတိုင်မှီမှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေးတစ်ခုမှာ ဟောပြောနေတုန်း သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။ 

ဂျပန်မှာ မကြာခင် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာပါ။ 

 

ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးချုပ် တစ်ဦးအနေနဲ့ လုပ်ကြံခံရတာ ၁၉၃၀ ပြည့်နှစ်တွေနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေကို ဆေးရုံတင်ခဲ့ပြီး သွေးသွင်းတာတွေ လုပ်ပေးခဲ့ပေမယ့် အသက်မကယ်နိုင်ဘူးလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ 

 

အသက် ၆၇ နှစ်အရွယ် ရှင်ဇိုအာဘေဟာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်း ပြောကြားနေတုန်း လုံခြုံရေးသမားတွေလည်း ရှိခဲ့တဲ့ကြားက သေနတ်သမားက အနားတိုးလာပြီး ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။ 

 

သေနတ်သမားလို့ ယူဆရသူ အမျိုးသား တစ်ဦးကို ရဲတွေက ဖမ်းဆီးထားပြီး အဲဒီလူဟာ နာရာမြို့ ဒေသခံဖြစ်မယ်လို့ ပြောပါတယ်။ 

အဲဒီလူဟာ ဂျပန်စစ်တပ်မှာ ၂၀၀၅ ခုနှစ်အထိ ၃ နှစ်ကြာ စစ်မှုထမ်းခဲ့သူ ဖြစ်တယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

 

လက်ရှိဝန်ကြီးချုပ် Fumio Kishida ကလည်း ရှင်ဇိုအာဘေ လုပ်ကြံခံရတဲ့ သတင်းကို ကြားပြီးတဲ့နောက် မဲဆွယ်စည်းရုံးရေးခရီးစဥ်ကို စွန့်ပြီး တိုကျိုမြို့ကို ပြန်လာပြီးတော့ သတင်းထောက်တွေနဲ့ တွေ့ဆုံမှု လုပ်ခဲ့ပါတယ်။

 

 

ဒီလုပ်ကြံမှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဒါဟာ ရိုင်းစိုင်းယုတ်မာတဲ့လုပ်ရပ်ဖြစ်ပြီး ခွင်လွတ်နိုင်စရာ မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

 

NHK မှာ ပြသတဲ့ ဗီဒီယိုအရ ရှင်ဇိုအာဘေဟာ စင်ပေါ်မှာ မိန့်ခွန်းပြောကြားနေတုန်း မီးခိုးရောင်အင်္ကျီနဲ့ အညိုရောင်ဘောင်းဘီဝတ်ထားတဲ့ အမျိုးသား တစ်ဦးက အနောက်ကနေလာပြီး အိတ်ထဲကနေ တစ်ခုခုနိုက်ယူပြီး ပစ်ထည့်လိုက်တဲ့ပုံကို ပြသထားပါတယ်။

အနည်းဆုံး ၂ ချက်လောက် ပတ်ခတ်ခဲ့တယ်လို့ ယူဆကြပါတယ်။ 

 

မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးရဲ့ အဆိုအရ ရှင်ဇိုအာဘေ မိန့်ခွန်းပြောကြားနေတုန်း အဆိုပါ အမျိုးသားက နောက်နားကပ်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဘာဇူကာသေနတ် အရုပ်အသံလို အသံမျိုးကြားခဲ့ရပြီး အဲဒီအချိန်မှာ ရှင်ဇိုအာဘေ မလဲကျသေးဘူးလို့ ပြောပါတယ်။

 

အဲဒီမှာပဲ နောက်ထပ် ပစ်သံတစ်ချက်ကြားရပြီး ဒုတိယအကြိမ်မှာတော့ မီးစနဲ့ မီးခိုးတွေ ပိုတွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။ 

ဒုတိယ ပစ်ခတ်မှုအပြီးမှာ လူတွေက ရှင်ဇိုအာဘေနား ဝိုင်းလာပြီး အသက်ကယ်နိုင်ဖို့ လုပ်ဆောင်ကြတာလို့ ပြောပါတယ်။ 

 

လည်ပင်းကနေ သွေးတွေထွက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပြီး အစပိုင်းမှာ မေ့မျောသွားတာဖြစ်ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ 

ရှင်ဇိုအာဘေဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ အထိ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် အမှုထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးမကောင်းဘူးလို့ အကြောင်းပြပြီး ရာထူးကနေ ဆင်းပေးခဲ့တာ ဖြစ်ပါတယ်။ 

 

လက်ရှိ အစိုးရဖြစ်နေတဲ့ Liberal Democratic Party (LDP)မှာ ဩဇာလွှမ်းမိုးသူ တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေသူ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ထိပ်သီးခေါင်းဆောင် လုပ်ကြံခံရတာမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပြီး ဂျပန်မှာ သေနတ်ထိန်းချုပ်မှုဥပဒေ တင်းကြပ်တဲ့ကြားက သေနတ်ပစ် လုပ်ကြံခံရတဲ့အတွက် ဒီအကြောင်း လူတွေ ပြောဆိုမှု များပြားနေပါတယ်။ 

 

သေနတ်လိုင်စင်ရဖို့ အချိန်ကြာသလို ရှုတ်ထွေးလှပြီး သေနတ်ပစ်အဖွဲ့အစည်းရဲ့ ထောက်ခံမှုရယူရသလို ရဲတွေရဲ့ စစ်ဆေးမှုလည်း လိုအပ်ပါတယ်။ 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now