SKIP TO MAIN CONTENT

အလုပ်လက်မဲ့မှုနှုန်း ၆ လ ဆက်တိုက္ ကျဆင်းနေ

သြစတြေးလျနိုင်ငံ စာရင်းအင်းဌာနရဲ့ အဆိုအရ ဧပြီလအတွင်း အလုပ်လက်မဲ့မှုနှုန်းက ၅.၅% သာရှိပြီး မတ်လတုန်းက ၅.၇ % ရှိခဲ့တယ်လို့ ပြောပါတယ်။

An unexpected drop in the unemployment rate to 5.1 per cent is a sign the economy is "roaring back" from recession, Treasurer Josh Frydenberg says.
An unexpected drop in the unemployment rate to 5.1 per cent is a sign the economy is "roaring back" from recession, Treasurer Josh Frydenberg says. Source: AAP

1 min read

Published

Updated

Source: AAP, SBS



Skip to article content

၆ လ ဆက်တိုက် အလုပ်လက်မဲ့မှုနှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။

၇ နှစ်အတွင်း သြစတြေးလျနိုင်ငံမှာ အလုပ်လက်မဲ့မှုနှုန်း အနည်းဆုံးဖြစ်သလို လူငယ်များအကြား အလုပ်လက်မဲ့မှုနှုန်းဟာလည်း ၁၂ နှစ်အတွင်း အနည်းဆုံးမှာ ရှိနေတာ ဖြစ်တယ်လို့ ဘဏာရေးဝန်ကြီး Josh Frydenberg က ပြောပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ကလည်း အလုပ်အကိုင် ပိုမို ဖန်တီးရေးအတွက် ဦးတည်ချမှတ်ထားတယ်လို့ ပြောပါတယ်။

တဖက်မှာလည်း သြစတြေးလျနိုင်ငံ စာရင်းအင်း ဌာနရဲ့ အချက်အလက်အရ အလုပ်အကိုင် ရရှိမှုနှုန်းဟာလည်း ဧပြီလအတွင်း ၃၀ ၆၀၀ ကျဆင်းခဲ့ရပြီး အချိန်ပိုင်းအလုပ်သမားတွေ ပိုနည်းပါးသွားတဲ့အတွက် ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တွေက အလုပ်အကိုင်ပေါင်း ၂၀၀၀၀ တိုးလာမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဧပြီလအတွင်း အချိန်ပိုင်း အလုပ်အကိုင် ၆၄ ၄၀၀ ကျဆင်းပြီး အချိန်ပြည့်အလုပ်အကိုင်မှာတော့ ၃၃ ၈၀၀ ပိုများလာတာ ဖြစ်ပါတယ်။

by Caroline Riches


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now