၃ နှစ်အရွယ် autism ကလေးကို ၃ ရက်အကြာမှာ ပြန်တွေ့ရလို့ ဝမ်းမြောက်နေကြ

NSW ပြည်နယ် Hunter ဒေသမှာ ၃ ည ကြာ ပျောက်ဆုံးသွားတဲ့ အသက် ၃ နှစ်အရွယ် autism ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့ရတဲ့အတွက် သြစတြေးလျနိုင်ငံမှာ ဝမ်းသာနေကြပါတယ်။

Missing three-year-old Anthony AJ Alfalak is carried from an ambulance before being transported to hospital he was found on a riverbank near Putty in the NSW Hunter region.

Three-year-old AJ had been missing for four days with a massive search effort being launched by NSW Police, SES and the RFS. Source: AAP

စကားမပြောတတ်တဲ့ Anthony "AJ" Elfalak ဟာ သောကြာနေ့ မနက် ၁၁.၄၅ မိနစ်အချိန်လောက်ကစပြီး ပျောက်ဆုံးသွားတာ ဖြစ်ပြီး တနင်္လာနေ့ ဒီကနေ့မှ အသက်ရှင်လျက် တွေ့ရတာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ သူ့ကို လှမ်းတွေ့ရတာဖြစ်ပြီး ရေအိုင်ငယ်လေးတစ်ခုဘေးမှာ ထိုင်ပြီး ရေကို သောက်နေတဲ့ပုံကို လှမ်းတွေ့ခဲ့ရတာဖြစ်ပါတယ်။

ရဟတ်ယာဉ်ပေါ်က လူတွေကနေ မြေပြင်မှာ ရှာဖွေနေတဲ့လူတွေကို လှမ်းအကြောင်းကြားခဲ့လို့ သူဘယ်မှာ ရှိနေသလဲ ဆိုတာကို သိပြီး ကယ်ဆယ်နိုင်ကြတာ ဖြစ်ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်အားပေးသမား တစ်ဦးက AJ နား လျှောက်သွားပြီး သူ့ရဲ့ လက်ကို ကလေးရဲ့ လက်ပေါ် တင်လိုက်တဲ့နောက် ကလေးငယ်ရဲ့ အပြုံးက မမေ့နိုင်စရာ ဖြစ်တယ်လို့ ပြန်ပြောပြပါတယ်။

ကလေးက သူ့ကို လှည့်ကြည့်ပြီး အားရပါးရ လှမ်းပြုံးပြတဲ့ပုံကို သူ့အနေနဲ့ မမေ့နိုင်အောင် ဖြစ်သွားတယ်လို့ Hunter ရဲ့ SES အကြီးအကဲတစ်ဦးဖြစ်သူ Simon Merrick က သတင်းထောက်တွေကို ပြောပါတယ်။

သုံးနှစ်သားအရွယ်က ကြမ်းတမ်းတဲ့ တောတောင်ထဲ ပျောက်သွားတဲ့အတွက် စိုးရိမ်ကြပြီး အွန်လိုင်းပေါ်မှာ ဆုတောင်ပေးတာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

ဖေ့စ်ဘွတ်ပေါ်က ဆုတောင်းပွဲမှာ လူထောင်နဲ့ချီ ပါဝင်ခဲ့ကြပြီး ဆုတောင်းပွဲတွေထဲက တစ်ခုမှာတော့ Danny နဲ့ Leila Abdallah တို့ လင်မယားလည်း ပါဝင်ကြပါတယ်။ အဲဒီ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ်တုန်းက သူတို့ရဲ့ သား၊ သမီးတွေ အပြင်ထွက်ပြီး မှုန့်ဝယ်စားတုန်း အမူးသမားတစ်ယောက် ကားနဲ့ ဝင်တိုက်လို့ ကလေး ၃ ဦး ဆုံးရှုံးခဲ့ရသူတွေ ဖြစ်ပါတယ်။

A supplied screengrab of PolAir locating three-year-old Anthony "AJ" Elfalak on a riverbank in the NSW Hunter region.
A three-year-old boy who went missing from his family's NSW Hunter Valley property has been reunited with his family after being spotted by a rescue helicopter. Source: NSW Police

အခုပြန်ရှာတွေ့တဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေကြပြီး သုံးနှစ်သား တစ်ဦးအနေနဲ့ ညအချိန်မှာ ၃ ဒီဂရီလောက်အထိ အေးတဲ့ တောထဲမှာ အသက်ရှင်နေနိုင်တာကိုလည်း အံ့အားသင့်နေကြပါတယ်။

ကလေးရဲ့ဖခင် Anthony Elfalak ရဲ့ပြောပြချက်အရ AJ မှာ ပုရွက်ဆိတ်ကိုက်ခံရတဲ့ဒဏ်ရာနဲ့ လှဲကျထားတဲ့ ဒဏ်ရာတွေ တွေ့ရပေမယ့် သားကို အသက်ရှင်လျက် ပြန်တွေ့ရတာ အင်မတန်မှ ဝမ်းသာမိတယ်လို့ ပြောပါတယ်။

အခုလောလောဆယ် အမေ့ဆီမှာပဲ ကပ်နေတဲ့အကြောင်း၊ ကလေးက သူ့မိခင်အသံကို ကြားတာနဲ့ မျက်လုံးဖွင့်တဲ့အကြောင်း၊ မိခင်ကို ခဏစိုက်ကြည့်ပြီး အိပ်ပျော်သွားတယ်လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

Nine ရုပ်မြင်သံကြားမှာ ပြသချက်အရ ကလေးကို ပြန်တွေ့ပြီဆိုတဲ့ သတင်းကြားတာနဲ့ မိသားစုဝင်၊ ဆွေမျိုးတွေက ဝမ်းသာအားရ အော်ဟစ်ကြတဲ့ဗီဒီယိုကို တွေ့ခဲ့ရပါတယ်။

AJ ရဲ့ မိခင် Kelly Elfalak က အားလုံးကို ကျေးဇူးတင်ကြောင်း၊ အစိုးရကို ကျေးဇူးတင်ကြောင်း၊ ရဲတွေကိုလည်း ကျေးဇူးတင်ကြောင်း Nine News ကို ပြောသွားခဲ့ပါတယ်။

သူငယ်ချင်း မိတ်တွေဆွေ၊ ဝမ်းကွဲတွေ၊ အစ်မနဲ့ ညီမတွေနဲ့ မိသားစုအားလုံးကို ကျေးဇူးတင်တဲ့အပြင် ဆုတောင်းပေးခဲ့ကြတဲ့လူအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

Anthony နဲ့ Kelly Elfalak တို့ဟာ ကိုဗစ်-၁၉ လော့ခ်ဒေါင်းကာလအတွင်း အလုပ်တွေပါးလို့ နယ်ဒေသမှာရှိတဲ့ သူတို့ရဲ့ခြံကို သား ၄ ယောက်နဲ့အတူ ပြောင်းလာတာ လပိုင်းအတွင်းမှာပဲ အခုလို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ရဲ့ သားငယ်လေး ပျောက်ဆုံးတဲ့အတွက် လူပေါင်း ၁၃၀ လောက် ဝိုင်းကူ ရှာဖွေကြပြီး ရဲတွေကလည်း ခြေကျင်နဲ့ ရှာကြသလို dirt bike (အကြမ်းတမ်းခံတဲ့ ဆိုင်ကယ်) တွေ အသုံးပြုပြီးတော့လည်း ရှာဖွေခဲ့ကြပါတယ်။

ရေငုတ်သမားတွေကလည်း အနီးအနားက ရေချောင်းနဲ့ ရေလှောင်ကန်တွေမှာ ရေငုတ်ပြီး ရှာဖွေခဲ့ကြပါတယ်။

Anthony Elfalak hugs two of his other sons after AJ was found alive
Anthony Elfalak hugs two of his other sons after AJ was found alive Source: AAP

NSW ရဲအရာရှိ Tracy Chapman ရဲ့အဆိုအရ သုံး နှစ်အရွယ် ကလေးငယ်တစ်ဦး ဘယ်လိုကနေ ဘယ်လို အိမ်ရဲ့ ကီလိုမီတာ တဝက်အကွာအဝေးကို ရောက်သွားသလဲ ဆိုတာကို စုစမ်းသွားမယ်လို့ ပြောပါတယ်။

ရဲတွေကတော့ ရဲတွေရဲ့ အလုပ်အတိုင်း စုံစမ်းမေးမြန်းမှု လုပ်သွားမှာဖြစ်ပြီး လူတွေမှာလည်း မေးစရာတွေ အများကြီးရှိနေကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။


Share

2 min read

Published

Source: AAP, SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now