Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဆက်ပြုံးနေလိုက်ပါ - ပြုံးပျော်ရွှင်တဲ့ ကျားတံဆိပ်ခေါင်းတွေက တရုတ်နှစ်သစ်ကူးကို ယူဆောင်လာပေးမှာပါ

တရုတ်နှစ်သစ်ကူးက ဖေဖော်ဝါရီလကြရင် ဟိန်းသံတွေနဲ့ ညံနေမှာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံက တရုတ်နှစ်သစ်ကူး အမှတ်တရအနေနဲ့ ကံကောင်းခြင်း ကျားတံဆိပ်ခေါင်းတွေကို ထုတ်လုပ်ထားပါတယ်။

Sydney-based illustrator Chrissy Lau designed a special Lunar New Year series of stamps for Australia Post, marking the Year of the Tiger.

Illustrator Chrissy Lau designed a special Lunar New Year series of stamps for Australia Post, marking the Year of the Tiger. Source: Australia Post

ဒီနှစ်အတွက် တရုတ်နှစ်သစ်ကူးက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး နွားနှစ်ကနေ ကျားနှစ်အဖြစ် ကူးပြောင်းမှာ ဖြစ်ပါတယ်။

ကျားဆိုတာ ကောင်းမွန်ခြင်းနဲ့ ရည်မှန်းချက်တွေကို ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။

ဆစ်ဒနီမြို့အခြေစိုက် ပုံရေးဆွဲသူ Chrissy Lau က ‘lucky tigers’ ကံကောင်းခြင်းကျားများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျားပုံတွေပါတဲ့ တံဆိပ်ခေါင်းတွေ ထုတ်လုပ်ဖို့ ရေးဆွဲခဲ့ပါတယ်။ ဂျပန်နဲ့ တရုတ်ရိုးရာအရ ဆိုင်တွေနဲ့ ပွဲခင်းတွေမှာ တွေ့ရဖန်များတဲ့ ကံကောင်းခြင်း ကြောင်တွေကို အခြေပြုပြီး ရေးဆွဲထားပါတယ်။

အာရှဈေးဆိုင်တွေမှာ လူကို လက်ယပ်ခေါ်နေတဲ့ ကြောင်ရုပ်တွေကို တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ အဓိက လုပ်ဆောင်ချက်က ချမ်းသာမှု ရရှိဖို့အတွက် ဖြစ်တယ်လို့ Lau က ပြောပါတယ်။

အဲဒီလို ပုံရိပ်တွေက အခုဆိုရင် အရှေ့ပိုင်းရိုးရာတွေမှာသာမက အနောက်တိုင်း ရိုးရာတွေမှာလည်း တွေ့ရတတ်ပြီး ဒီလို ပုံရိပ်တွေဟာ multiculturalism လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ သင်္ဂေတလို ဖြစ်လာနေတယ်လို့ ပြောပါတယ်။

Year of the Tiger 2022 stamps
Year of the Tiger 2022 stamps Source: Australia Post

ကံကောင်းခြင်း ကျား lucky tiger တံဆိပ်ခေါင်းတွေကို ၃ မျိုး ၃ စား ရောင်းချနေပြီး ပထမ တစ်မျိုးကတော့ မက်မန်းပွင့်ကို ကိုင်ဆောင်ထားတဲ့ ကျားရုပ်ပုံဖြစ်ပြီး တစ်ခုကို ၁.၁၀ ဒေါ်လာ ပေးရပါတယ်။ တရုတ်ရိုးရာမှာ အဲဒီ ပန်းပွင့်တွေက မျှော်လင့်ခြင်းနဲ့ မလျှော့သောဇွဲကို ကိုယ်စားပြုတယ်လို့ Ms Lau က ပြောပါတယ်။

နောက်ကျားရုပ်ပါတဲ့ တံဆိပ်ခေါင်းကတော့ fu ဆိုတဲ့ တရုတ်စာလုံးနဲ့ ဗျောက်ကို ကိုင်ဆောင်ထားတဲ့ ပုံဖြစ်ပြီး သူကတော့ တစ်ခုကို ၂.၂၀ ဒေါ်လာ ကျသင့်ပါတယ်။ Fu ရဲ့ အဓိပ္ပာယ်ကတော့ ကံကောင်းခြင်းဖြစ်ပြီး ဗျောက်အိုးကတော့ မကောင်းဆိုးဝါး ဝိဉာဉ်တွေကို မောင်းထုတ်ခြင်း ဖြစ်ပါတယ်။

နောက်ကျားရုပ်ပါတဲ့ တံဆိပ်ခေါင်းကတော့ ကျားနှစ်ကောင်က တစ်ဖက်မှာ ယက်ထားတဲ့ ကြိုးကို အလှပုံဖော်ထားတဲ့ ကြိုးကို ကိုင်ဆောင်ထားပြီး နောက်တစ်ဖက်မှာ လိမ္မော်ရောင် ကြိုးကို ကိုင်ဆောင်ထားပြီး သက်ရှည်ခြင်းကို ကိုယ်စားပြုပါတယ်။ အဲဒီတံဆိပ်ခေါင်းရဲ့ ဈေးနှုန်းက ၃.၃၀ ဒေါ်လာ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးကာလအတွင်း လိမ္မော်သီးတွေ အသုံးပြုမှုများပြီး ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုတယ်လို့ Lau က ရှင်းပြပါတယ်။

Year of the Tiger 2022 stamps
Year of the Tiger 2022 stamps Source: Australia Post

Lau ရဲ့ အဆိုအရ သူပုံရေးဆွဲတဲ့နေရာမှာ နောက်ခံ အရောင် ရွေးရတာ အတော်ခက်ခဲတယ်လို့ ပြောပါတယ်။ ပန်းရောင်ဆိုတာ တရုတ်နှစ်သစ်ကူးအတွင်း အသုံးများတဲ့ အရောင်မဟုတ်ပေမယ့် တရုတ်နှစ်သစ်ကူးက Valentine’s Day ချစ်သူများနေ့နဲ့ နီးကပ်တဲ့အတွက် ချစ်ခြင်းကို ကိုယ်စားပြုတဲ့အနေနဲ့ ပန်းရောင်ထည့်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အတွက် တံဆိပ်ခေါင်း အသစ်တွေ ထုတ်လုပ်ရာမှာ Lau ကို Australia Post က အလုပ်အပ်တာ ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူး ကာလအတွင်း ကမာ္ဘတလွှားက လူတွေအတွက် စိန်ခေါ်မှုတွေ များနိုင်ပေမယ့် တံဆိပ်ခေါင်း စုဆောင်းရေးမှာ စည်းလုံးမှုခံစားချက်တွေ ရရှိစေမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ကိုဗစ်ကြောင့် လူတိုင်းအတွက် ဒီနှစ်နှစ်တာ ကာလက ခက်ခဲတဲ့ ကာလတွေဖြစ်ပြီး ဘယ်တော့ ပြီးဆုံးမလဲ ဆိုတာကို မသိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီတံဆိပ်ခေါင်းတွေဟာ ချစ်စရာကောင်းတယ်၊ သစ်လွင်ခေတ်မှီတယ်၊ ပြုံးပျော်ရွှင်မှုကို အမှတ်ရစေနိုင်တယ်လို့လည်း ပြောပါတယ်။

ကျားရုပ်ပါတဲ့ တံဆိပ်ခေါင်းတွေကို ဇန်နဝါရီလ ၆ ရက်ကတည်းက စတင်ရောင်းချနေတာ ဖြစ်ပါတယ်။


2 min read

Published

By Olivia Yuan


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now