SKIP TO MAIN CONTENT

ချားလ်စ်ဘုရင် နန်းတက်ပွဲအခမ်းအနားပြီးဆုံး၊ ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

အင်္ဂလန်နိုင်ငံ Westminister Abbey မှာ တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ပွဲ ကျင်းပပြီးစီးသွားပြီး တနင်္ဂနွေမှာတော့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ရှိပါတယ်။

King Charles III coronation
King Charles III, wearing the Imperial State Crown, leaves Westminster Abbey in central London following his coronation ceremony. Picture date: Saturday May 6, 2023. Source: AAP / Joe Giddens/PA Wire

1 min read

Published

Updated

By AAP-SBS

Source: SBS


Skip to article content

ချားလ်စ်ဘုရင်ဟာ သူ့အဖို့ဝတ်ခဲ့တဲ့ ဝတ်ရုံကို ဝတ်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အဲဒီပွဲမှာပဲ ဘုရင်ရဲ့ ဇနီး ကာမေးလာကိုလည်း ဘုရင်မအဖြစ် တရားဝင်ခန့်အပ်ခဲ့ကြပါတယ်။

တော်ဝင်မိသားစု (မင်းသား ဟယ်ရီအပါအဝင်) အပြင် ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်ခေါင်းဆောင်တွေအပြင် နာမည်ကြီးပုဂ္ဂိုလ် အယောက် ၂၀၀၀ ကျော်လည်း တက်ရောက်ခဲ့ကြပါတယ်။

အပြင်ဖက်မှာတော့ လူထောင်နဲ့ချီတဲ့ ပရိသတ်တွေက စောင့်ကြည့်မှုလုပ်ခဲ့ကြပါတယ်။

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီ၊ ဘုရင်ခံချုပ်နဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်အပြင် တခြားလူအနည်းငယ်လည်း ဩစတြေးလျနိုင်ငံ ကိုယ်စား ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

အဲဒီအခမ်းအနား မစခင် မနက်ပိုင်းမှာ ဘုရင်စနစ်ကို မလိုလားသူတချို့ နန်းတက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြပေမယ့် တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

"သူဟာ ကျွနု်ပ်တို့ရဲ့ ဘုရင်မဟုတ်ဘူး" ဆိုတဲ့ စာသားတွေလည်း သိမ်းဆည်းခံရခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Trafalgar ရင်ပြင်မှာလည်း ဘုရင်စနစ်ကို မလိုလားသူ ရာနဲ့ချီက ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။

ဘုရင်နန်းတက်ပွဲမှာ ရဲအယောက်ပေါင်း ၁၁၀၀၀ ကင်းလှည့်မှု လုပ်ခဲ့ကြပါတယ်။

ဒီနန်းတက်ပွဲဟာ နှစ် ၇၀ အတွင်း အင်္ဂလန်အတွက် ပထမဆုံးနဲ့ အကြီးကျယ်ဆုံး ဖြစ်နိုင်ပြီး ဒေါ်လာသန်းပေါင်း ၁၈၈ သန်း ကုန်ကျမယ်လို့ ခန့်မှန်းကြပါတယ်။.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now