Anthony Albanese က ဆစ်ဒနီမြို့မှာ ထောက်ခံသူတွေရှေ့ မိန့်ခွန်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် အလုပ်ထမ်းဆောင်ရတာ သူ့အတွက် ဂုဏ်ယူစရာ အကောင်းဆုံးပဲလို့ ပြောသွားခဲ့ပါတယ်။.
"နှိမ့်ချခြင်း၊ တာဝန်ယူလိုစိတ်များစွာနဲ့ပဲ ကျနော် ဒီည ဩစတြေးလျနိုင်ငံက လူတွေကို ပထမဆုံး ပြောလိုတာက ကျေးဇူးတင်တယ် ဆိုတဲ့ စကားပါပဲ။ ကမ္ဘာ့အကောင်းဆုံး နိုင်ငံအတွက် ဆက်လက် အမှုထမ်းဆောင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တယ်" လို့ ပြောသွားခဲ့ပါတယ်။.
"ဒီကနေ့ ဩစတြေးလျနိုင်ငံသားတွေဟာ ဩစတြေးလျရဲ့ စံတန်ဖိုးအတွက် မဲပေးခဲ့ကြပြီး တရားမျှတရေးအတွက်၊ ရည်မှန်းချက်အတွက်နဲ့ အားလုံးရဲ့ အခွင့်အလမ်းအတွက် မဲပေးခဲ့ကြတယ်" လို့ ပြောပါတယ်။.
"ဩစတြေးလျနိုင်ငံသားတွေဟာ သူတို့ရဲ့ စံတန်ဖိုးနဲ့ ကိုက်ညီတဲ့ အနာဂတ်အတွက် မဲပေးခဲ့ကြပြီး အဲဒီအနာဂတ်ဟာ ကျနော်တို့ အားလုံးကို အနာဂတ်မှာ စုစည်းစေမယ့်အရာ ဖြစ်ပါတယ်"။
Labor ဟာ ဒီရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရလို့ ဘယ်ပါတီ ဘယ် တသီးပုဂ္ဂလနဲ့မှ ပူးပေါင်းစရာမလိုပဲ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။.
လေဘာလွှတ်တော် ကိုယ်စားလှယ်ဟာ အတိုက်အခံခေါင်းဆောင် ပီတာဒါတန်ရဲ့ Dickson မဲဆန္ဒနယ်မှာလည်း အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။.
Dutton ဟာ သူ့ရဲ့ မဲဆန္ဒနယ်မှာ လေဘာပါတီ ကိုယ်စားလှယ် Ali France ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဖက်ဒရယ်ရွေးကောက်ပွဲ သမိုင်းမှာ အတိုက်အခံခေါင်းဆောင်အနေနဲ့ ပထမဆုံးအကြိမ် မဲရှုံးနိမ့်ခြင်း ဖြစ်ပါတယ်။.

Mr Dutton ကတော့ ဒီလို ရှုံးနိမ့်မှုအတွက် လုံးဝ တာဝန်ယူတယ်လို့ ပြောပါတယ်။.
"ဒီကမ်ပိန်းမှာ ကျနော်တို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးဆိုတာ ဒီညမှာ ကွင်းကွင်းကွက်ကွက် မြင်ရပြီး အဲဒီလို ရှုံးနိမ့်မှုအတွက် ကျနော် လုံးဝတာဝန်ယူပါတယ်။
"ကျနော့်ရဲ့ ဘဝမှာ ဒီနိုင်ငံအတွက် အကောင်းဆုံးနဲ့ ဩစတြေးလျနိုင်ငံသား ယောက်တိုင်းအတွက် အကောင်းဆုံးပဲ ဖြစ်ချင်တာပါ"၊
"ဒါဟာ လေဘာပါတီအတွက် သမိုင်းဝင်တဲ့ ဖြစ်ရပ်ဖြစ်ပြီး အဲဒါကို ကျနော် အသိအမှတ်ပြုတယ်လို့ ပြောသွားခဲ့ပါတယ်။
"
Albanese ကတိပေးထားတဲ့ ပေါ်လစီတွေထဲမှာတော့ ပထမဆုံး အိမ်ဝယ်မယ့်လူတွေအနေနဲ့ စပေါ်ငွေ ၅% နဲ့ အိမ်ဝယ်နိုင်မှာဖြစ်ပြီး နေအိမ်အသစ် အလုံး ၁၀၀၀၀၀ အတွက် ဒေါ်လာ ၁၀ ဘီလီယံ ယာထားမယ်လို့ ပြောပါတယ်။.
Medicare ပိုမို ခိုင်မာစေရေးအတွက် ဒေါ်လာ ၈.၅ ဘီလီယံ ပိုချပေးမယ်လို့ ကတိပေးခဲ့ပြီး ၁၈ သန်းကိုတော့ ဂျီပီတွေနဲ့ သွားတွေ့တဲ့အခါ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။.
Labor က ဆိုလာဘက်ထရီတွေ တပ်ဆင်တဲ့နေအိမ်တွေအတွက် အဖိုးအခ တချို့ သက်သာအောင် ဒေါ်လာ ၂.၃ ဘီလီယံ ချမှတ်ဖို့လည်း ကတိပြုထားပြီး ဆူပါမတ်ကက်တွေမှာ ကုန်စျေးနှုန်း မတန်တဆ မြင့်တက်အောင် လုပ်နေတာကို နှိမ်နှင်းသွားမယ်လို့လည်း ပြောပါတယ်။.

