SKIP TO MAIN CONTENT

NSW ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်ရ

နယူးဆောက်သ်ဝေးလ်ပြည်နယ် ရွေးကောက်ပွဲမှာ လေဘာပါတီက အနိုင်ရရှိသွားလို့ ၁၂ နှစ်ကြာ အတိုက်အခံ ဘဝအနေ ပြန်လည် အာဏာရရှိသွားတာ ဖြစ်ပါတယ်။

NSW LABOR POLICE KEY ELECTION ASKS
Chris Minns took on the NSW Labor leadership in June 2021. Source: AAP / BIANCA DE MARCHI/AAPIMAGE

1 min read

Published

Updated

By Biwa Khan

Source: SBS


Skip to article content

ဩစတြေးလျနိုင်ငံမှာ အခုဆိုရင် တက်စ်မေးနီးယားပြည်နယ်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့ အထူးဒေသမှာ လေဘာပါတီက အစိုးရ ဖြစ်ခွင့်ရနေတာ ဖြစ်ပါတယ်။

စနေမှာ ကျင်းပခဲ့တဲ့ နယူးဆောက်သ်ဝေးလ်ပြည်နယ် လစ်ဘရယ်နိုင်နေကြ Penrith နဲ့ Parramatta မှာ လစ်ဘရယ်ကို ရှုံးနိမ့်ပြီး လေဘာပါတီက အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဂရင်းပါတီကတော့ အရင်တစ်ခေါက် အာဏာရထားတဲ့ နေရာတွေမှာ ပြန်လည်ရရှိထားပါတယ်။.

တသီးပုဂ္ဂလတွေလည်း နေရာ ၇ ခု အနိုင်ရသွားခဲ့ပါတယ်။

လေဘာပါတီက နယူးဆောက်သ်ဝေးလ်မှာ မဲအများစုနဲ့ အစိုးရဖွဲ့နိုင်မယ့် အလားအလာများနေပြီး Chris Minns က ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ လစ်ဘရယ်ပါတီခေါင်းဆောင်Dominic Perrotet က သူတို့ပါတီ ရှုံးနိမ့်ပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နယူးဆောက်သ်ဝေးလ်ပြည်နယ်ရဲ့ လစ်ဘရယ် ပါတီခေါင်းဆောင်အဖြစ်ကနေလည်း နှုတ်ထွက်လိုက်ပါတယ်။

လစ်ဘရယ်ပါတီခေါင်းဆောင်သစ်အဖြစ် Matt Kean ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးထားပေမယ့် အေဘီစီနဲ့ အင်တာဗျူးမှာတော့ သူ့အနေနဲ့ စဥ်းစားနေတုန်းပဲလို့ ပြောဆိုခဲ့ပါတယ်။

နောက်ထပ် ထင်ကြေးပေးခံရသူတွော့ Alister Henskens နဲ့ Mark Speakman တို့ ဖြစ်ပါတယ်။

လေဘာပါတီအနိုင်ရတဲ့အတွက် ပါတီခေါင်းဆောင် Chris Minns ဟာ နယူးဆောက်သ်ဝေးလ်ပြည်နယ်ရဲ့ ၄၇ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာဖို့ ရှိနေပါတယ်။

အသက် ၄၃ နှစ်ရှိသူ Chris Minns ဟာ ဆစ်ဒနီမြို့တောင်ပိုင်း Penshurst မှာ ကြီးပြင်းသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှာ လေဘာပါတီဝင် ဖြစ်လာခဲ့ပါတယ်။

လေဘာပါတီရဲ့ ကမ်ပိန်းတစ်ခုမှာ သူ့ရဲ့ဇနီးဖြစ်လာတဲ့ Anna Minns နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး အခုဆိုရင် သူတို့ နှစ်ဦးမှာ သား သုံးယောက် ရှိပါတယ်။

သူဟာ မီးသတ်သမားဟောင်း တစ်ဦးလည်းဖြစ်ပြီး ပြည်နယ်ရဲ့ လေဘာပါတီခေါင်းဆောင် ဖြစ်ခွင့်ရဖို့ ကြိုးစားရာမှာ နှစ်ကြိမ် မအောင်မြင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

မရှိမဖြစ် လိုအပ်တဲ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဦးစားပေး လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ အနိုင်ရသူ Chris Minns က ပြောဆိုလိုက်ပြီး အထူးသဖြင့် စာသင်ကျောင်းနဲ့ ဆေးရုံတွေ၊ ပုဂ္ဂလိကအဖြစ် ပြောင်းလဲလို့ မိသားစုရဲ့ ဘတ်ဂျက်ထိခိုက်နစ်နာရမှာတွေမှာ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်နယ် အစိုးရသစ်အဖွဲ့ဝင်တွေ ဘယ်အချိန် ကျမ်းကျိန်ကြမလဲ ဆိုတာ မသိရသေးပေမယ့်

Ryan Park က ကျန်းမာရေးဝန်ကြီး ရာထူး၊ ဒုခေါင်းဆောင် Prue Car က ပညာရေးဝန်ကြီး ရာထူးနဲ့ Jo Haylen က ကူးသန်းသွားလာရေး ဝန်ကြီးဖြစ်လာဖို့ ရှိပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now