လစ်ဘရယ်-နေရှင်နယ် ညွန့်ပေါင်းပါတီ ရှုံးနိမ့်သွားတဲ့အကြောင်း ဝန်ကြီးချုပ် စကော့တ် မော်ရီဆန်က ကြေညာလိုက်သလို လစ်ဘရယ်ပါတီ ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
လစ်ဘရယ်ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ အရေးနိမ့်သွားပြီလို့ ဝန်ကြီးချုပ်က ဝန်ခံတဲ့အတွက် လေဘာပါတီခေါင်းဆောင် အန်ထော်နီ အယ်လ်ဘာနီဇီးက ၃၁ ယောက်မြောက် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
လစ်ဘရယ် - နေရှင်နယ် ညွန့်ပေါင်းအစိုးရက ဩစတြေးလျနိုင်ငံမှာ ၉ နှစ်ကြာ အုပ်ချုပ်လာပြီး အခု ရှုံးနိမ့်သွားတာပါ။
ဒီရွေးကောက်ပွဲမှာ တသီးပုဂ္ဂလွှတ်တော်အမတ်တွေလည်း အနိုင်ရရှိမှု ပိုများလာပါတယ်။
ဒီရွေးကောက်ပွဲမှာ လွတ်တော်နေရာည ၇၆ ခု ရရင် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်မှာ ဖြစ်ပေမယ့် လက်ရှိ မဲရေတွက်နေသေးတဲ့ မေလ ၂၁ ရက် ည ၁၁ နာရီ မိနစ် ၂၀ အထိတော့ လေဘာပါတီက အပြတ်အသတ်အနိုင်ရရှိမှု မရှိသေးပါဘူး။
လေဘာပါတီအနေနဲ့ မဲအပြတ်အသတ် မရရင် ပါတီငယ် တစ်ခုခု သို့မဟုတ် တသီးပုဂ္ဂလအမတ်တွေနဲ့ အပေးအယူလုပ်ပြီး အစိုးရဖွဲ့ရမှာ ဖြစ်ပါတယ်။