Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

လေဘာပါတီက သက်ကြီးစောင့်ရှောက်ရေးအတွက် ၂.၅ ဘီလီယံ သုံးမယ့်အစီစဥ် ထောက်ခံကြပေမယ့် အမှုထမ်းမလုံလောက်မှုကို ထောက်ပြ

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese က သူတို့ပါတီကသာ အစိုးရဖြစ်ရင် သက်ကြီးစောင့်ရှောက်ရေးအတွက် ဒေါ်လာ ၂.၅ ဘီလီယံ သုံးစွဲမှာဖြစ်တယ်လို့ ပြောဆိုတဲ့အပေါ် ကြိုဆိုကြပေမယ့် အကောင်အထည်ဖော်ရေးကိစ္စမှာ မေးခွန်းထုတ်နေကြပါတယ်။

Australian Federal budget 2022

an employee cares for a resident of the private nursing home. Photo: Marijan Murat/dpa (Photo by Marijan Murat/picture alliance via Getty Images) Source: Getty Images

၀န်ကြီးချုပ် Scott Morrison က လေဘာပါတီရဲ့ အစီအစဥ်ကို ကြိုဆိုလိုက်ပေမယ့် ဘယ်လို အကောင်အထည်ဖော်မလဲလို့ မေးခွန်းထုတ်သလို အသေးစိတ်အချက်အလက် ကင်းမဲ့လွန်းတယ်လို့ ပြောပါတယ်။

လေဘာပါတီရဲ့ အစီအစဥ်အရ သက်ကြီး စောင့်ရှောက်ရေးစင်တာမှာ registered nurse မဖြစ်မနေ ထားရမှာဖြစ်သလို အမှုထမ်းတွေ ပိုခန့်မှာဖြစ်ပြီး အစားအသောက်တွေကိုလည်း ပိုမို ကောင်းမွန်စွာ ကျွေးမွေးဖို့ ပါရှိပါတယ်။ 

အမှုထမ်းတွေ လုပ်အားခလစာ ပိုရရှိအောင် Fair Work Commission ကနေတဆင့် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

လေဘာပါတီကတော့ သူတို့ရဲ့ ပေါ်လစီဟာ သက်ကြီးစောင့်ရှောက်ရေး စင်တာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ တော်၀င်စုံစမ်းစစ်ဆေးရေးရဲ့ အကြံပြုချက်ကို အခြေခံထားတာဖြစ်ပြီး အစိုးရဖက်က အကောင်အထည် ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့ရဲ့ အစီအစဥ်အရ သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ နေထိုင်သူတွေအနေနဲ့ အကြံပြုချက်အတိုင်း တစ်ရက်မှာ အနည်းဆုံး ၂၁၅ မိနစ် စောင့်ရှောက်မှု ခံယူရမယ်လို့ ပါရှိပြီး ငွေကြေးတွေကို သက်ကြီးစောင့်ရှောက်ရေးအတွက် အသုံးပြုအောင် အမြတ်စားတဲ့ ၀န်ဆောင်မှုပေးသူတွေဆီ မရောက်အောင် တင်းကြပ်မှု လုပ်မယ်လို့လည်း ပါရှိပါတယ်။

United Workers Union (UWU) ရဲ့ အကြီးအကဲ Joe Briskey က အမှုထမ်းတွေ အလုပ်လုပ်ကိုင်ရတာ ပိုအဆင်ပြေအောင် လုပ်ဆောင်ပေးခြင်းနဲ့ လစာ တိုးမြင့်ခြင်းတွေက အမှုထမ်းတွေကို ပိုရရှိစေမယ်လို့ ပြောပါတယ်။

အမှုထမ်းတွေ မလုံလောက်မှု ဖြစ်ရတာဟာ ဒီအလုပ်မှာပဲ ဆက်နေရင် မလုံလောက်တော့တဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် ဖြစ်ပြီး လစာတိုးပေးရင် အလုပ်မြဲစေမယ်လို့ ဆိုပါတယ်။

လစ်ဘရယ် ပါတီရဲ့ ပြည်နယ်၀န်ကြီးချုပ်ဟောင်းလည်းဖြစ် Hammondcare သက်ကြီးစောင့်ရှောက်ရေးအဖွဲ့ရဲ့ အကြီးအကဲ Mike Baird က လေဘာပါတီရဲ့ အဆိုပြုချက်ကို ကြိုဆိုလိုက်ပြီး ဒီလို လုပ်ဖြစ်ရင် အမှုထမ်းတွေ၊ သူနာပြုတွေ ပိုတွေ့ရမှာ ဖြစ်သလို အဲဒီကဏ္ဏက အမှုထမ်းတွေကို တန်ဖိုးထားကြောင်း ပြသရာ ရောက်တယ်လို့ ပြောပါတယ်။

Australian Aged Care Collaboration (AACC) အဖွဲ့ကလည်း လေဘာပါတီရဲ့ အစီအစဥ်ကို ကြိုဆိုလိုက်ပြီး ဒီလို လုပ်ဆောင်ချက်က တိုးတက်မှုကို အာမခံပေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးကြီးတာက လိုအပ်တဲ့ သူနာပြုတွေနဲ့ တခြားအမှုထမ်းတွေ ရရှိရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။

၀န်ကြီးချုပ် Mr Morrison က သူတို့အနေနဲ့ သက်ကြီးစောင့်ရှောက်ရေးအတွက် ၁၇.၇ ဘီလီယံ ချပေးမယ်လို့ ပြောဆိုခဲ့တာဟာ ဒီကဏ္ဏမှာ တိုးတက်မှု ရှိစေချင်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

 

Health Services Union (HSU) က Fair Work Commission မှာ အမှုထမ်းတွေအနေနဲ့ လစာ ၂၅% တိုးမြင့်ရရှိဖို့ ဒါမှမဟုတ် အနည်းဆုံး ၁ နာရီမှာ နောက်ထပ် ၅ ဒေါ်လာ တိုးမြင့်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီလိုမှ မလုပ်ပေးနိုင်ရင် သက်ကြီးစောင့်ရှောက်ရေး ကဏ္ဏက ဆိုးသထက် ဆိုးရုံပဲ ရှိမယ်လို့ ပြောပါတယ်။

၀န်ကြီးချုပ်က ဒီကိစ္စက မပြီးပြတ်သေးတဲ့ ကိစ္စဖြစ်ပြီး သူတို့အနေနဲ့ Fair Work Commission ရဲ့ အဆုံးအဖြတ်ကို လိုက်နာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

 


2 min read

Published

Updated


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now