SKIP TO MAIN CONTENT

ဗစ်တိုးရီးယားပြည်နယ်မှာ ပြင်းအား ၅.၈ ရှိတဲ့ ငလျင်လှုပ်ခတ်၊ ကင်ဘာရာနဲ့ တက်စ်မေးနီးယားပြည်နယ်အထိ ခံစားရ

ဗစ်တိုးရီးယားပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ တုန်ခါမှုကို မဲလ်ဘုန်းမြို့တမြို့လုံးအပြင် ဆစ်ဒနီ၊ ကင်ဘာရာမြို့ကနေ တက်စ်မေးနီးယားပြည်နယ်အထိ ခံစားရကြတယ်လို့ သိရပါတယ်။

Damage to the exterior of Betty’s Burgers on Chappel Street in Windsor following the earthquake.
Damage to the exterior of Betty’s Burgers on Chappel Street in Melbourne following the earthquake. Source: AAP

2 min read

Published

Updated

By Dijana Damjanovic

Source: SBS News



Skip to article content

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဒီမနက် ၉ နာရီ ၁၅ မိနစ်မှာပဲ ပြင်းအား ၅.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး Mansfield မြို့နားက မြေအောက် ၁၀ ကီလိုမီတာ အနက်မှာ ဗဟိုပြု လှုတ်ခတ်ခဲ့တာလို့ ပညာရှင်တွေက ပြောပါတယ်။

Mansfield မှာ နောက်ဆက်တွဲ ငလျင်ဒဏ်ကို ခံစားရပြီး နောက်ဆက်တွဲငလျင်ရဲ့ ပြင်အားက ၄ magnitude အင်အားရှိတယ်လို့ ပြောပါတယ်။

ဆိုရှယ္ မီဒီယာပေါ်မှာ မဲလ်ဘုန်းမြို့လယ်နား တဝိုက်မှာ အဆောက်အဦးတချို့ ပျက်စီးနေတာမျိုး တွေ့ရပြီး အဲဒီအထဲမှာ Prahan ရပ်ကွက်က Chapel Street နဲ့ South Yarra တွေလည်း ပါဝင်ပါတယ်။

အခုလောလောဆယ် ငလျင်ကြောင့် ဒဏ်ရာရ သေဆုံးမှုတွေ မကြားရသေးပါဘူး။

Chapel Street ပေါ်က Betty's Burgers ဆိုင် ပျက်စီးသွားပေမယ့် အဲဒီအချိန်မှာ အမှုထမ်းတွေ တစ်ယောက်မှ မရှိခဲ့ဘူးလို့ သိရပါတယ်။ Prahan ရပ်ကွက်က Coles ဆူပါမတ်ကက် နံရံလည်း အနည်းငယ် ပျက်စီးသွားပါတယ်။

အဲဒီ ငလျင်ဒဏ်ကို Geelong မြို့အပြင် ကင်ဘာရာမြို့က လွှတ်တော်အဆောက်အဦး၊ ဆစ်ဒနီမြို့လယ်၊ တက်စ်မေးနီးယားပြည်နယ်နဲ့ South Australia ပြည်နယ်အထိ ခံစားခဲ့ကြရပါတယ်။

ဗစ်တိုးရီးယားပြည်နယ် ဒုဝန်ကြီးချုပ် James Merlino က ငလျင်ပညာရှင်တွေရဲ့အဆိုအရ နောက်ဆက်တွဲ ငလျင်တွေ ပိုခံစားရနိုင်သလို နောက်ထပ် ငလျင်လှုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နောက်ဆက်တွဲ ငလျင်တွေက သတင်းပတ်ချီ ဒါမှမဟုတ် လနဲ့ချီ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ငလျင်ဗဟိုပြုလှုတ်ခတ်ခဲ့တဲ့ Mansfield မြို့ရဲ့ မြို့တော်ဝန် Mark Holcombe ရဲ့ အဆိုအရ သူ့အနေနဲ့ ဒီမြို့မှာ နေထိုင်လာတာ နှစ်ပေါင်း ၂၀ ရှိပေမယ့် ဒီလို တစ်ခါမှ မခံစားဖူးဘူးလို့ ပြောပါတယ်။

အဲတုန်းက ကျနော့်အလုပ်စားပွဲနားမှာထိုင်နေတဲ့အတွက် အပြင်ကို ထွက်ပြေးခဲ့ရပါတယ်။ ဘာဖြစ်သလဲဆိုတာကို အတော်စဉ်းစားရပြီး နောက်ပိုင်းမှ သဘောပေါက်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံခြားမှာ ငလျင်လှုတ်တာကို ခံစားဖူးပေမယ့် ဒီတချီကတော့ ခါတိုင်းထက် ကြာမြင့်တယ်လို့ ခံစားရပြီး အသံတွေ တအားဆူညံတဲ့အတွက် အံ့သြမိတယ်လို့ ပြောပါတယ်။ တုန်ခါနေတဲ့ အသံတွေက ထရပ်ကားကြီးတစီး ဘေးမှာ ဖြတ်သွားသလို တုန်ခါတယ်လို့ ပြောပါတယ်။

မိုးလေဝသဌာနကတော့ ဆူနာမီရေလှိုင်းဒဏ် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် Scott Morrison ကလည်း အစိုးရအနေနဲ့ ငလျင်ကြောင့် ဒုက္ခရောက်တာမျိုး ရှိခဲ့မယ်ဆိုရင် အစိုးရအနေနဲ့ ဘာအကူအညီမဆို ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီငလျင်ဟာ သြစတြေးလျနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းထန်ဆုံး တစ်ခုတည်း ပါဝင်ပါတယ်။ ၁၉ ၈၉ ခုနှစ်တုန်းက ပြင်းအား ၅.၆ အင်အားရှိတဲ့ Newcastle ငလျင်ကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ရပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now