SKIP TO MAIN CONTENT

WA နယ်စပ်ကို ဖေဖော်ဝါရီ ၅ ရက်မှာ စဖွင့်ပေးမယ်၊ QLD မှာ ဒီနေ့ စတင်ဖွင့်ပေးပြီ

Western Australia ပြည်နယ်ရဲ့ နယ်စပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ပေးမယ်လို့ ပြည်နယ် ဝန်ကြီးချုပ် Mark McGowan က ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

WA Premier Mark McGowan speaks during an announcement in Perth, Monday, 13 December, 2021.
WA Premier Mark McGowan speaks during the border announcement in Perth, Monday, 13 December, 2021. Source: AAP

1 min read

Published

By Akash Arora

Source: SBS News



Skip to article content

ကိုဗစ်-၁၉ ကြောင့် Western Australia ပြည်နယ်ကို နှစ်နှစ် နီးပါး ပိတ်ချထားရာက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နောက်ပိုင်း ပြည်တွင်းခရီးသွားတွေသာမက နိုင်ငံတကာ ခရီးသည်တွေအတွက်ပါ ပြန်ဖွင့်ပေးမယ်လို့ ကြေညာလိုက်တာပါ။

ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူတွေအနေနဲ့ ကွာရန်တင်းဝင်စရာမလိုတော့ဘူးလို့ ပြောပါတယ်။

Western Australia ပြည်နယ်မှာ သက် ၁၂ နှစ်နဲ့အထက်ရှိသူ လူပေါင်း ၈၀% ကျော် ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးကြလို့ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

အခုလောလောဆယ် Tasmania ပြည်နယ်သားတွေကသာ ကွာရန်တင်းဝင်စရာမလိုပဲ WA ပြည်နယ်ထဲ ဝင်ခွင့်ရတာဖြစ်ပြီး တခြားပြည်နယ်နဲ့ ဒေသက လူတွေကတော့ ကွာရန်တင်းဝင်နေရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တက်စ်မေးနီးယားပြည်နယ်က မကြာခင်မှာ Victoria နဲ့ NSW အပါအဝင် တခြားပြည်နယ်နဲ့ ဒေသက လူတွေအတွက် နယ်စပ်ဖွင့်ပေးတော့မယ်လို့ ကြေညာတဲ့အတွက် WA ပြည်နယ်က တက်စ်မေးနီးယားပြည်က လူတွေကို ဝင်ခွင့်ကန့်သတ်တာမျိုး ချမှတ်နိုင်ပါတယ်။

ကွင်းစလန်းပြည်နယ်မှာ ကာကွယ်ဆေးထိုးသူဦးရေ ၈၀% ရှိသွားလို့ ဒီကနေ့ကစပြီး နယ်စပ်ကို ပြန်လည် ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကွင်းစလန်းပြည်နယ်မှာ နယ်စပ်ဖွင့်ပေးလိုက်တဲ့အတွက် အခုဆိုရင် ကွင်းစလန်းပြည်နယ်ကလူတွေ WA ပြည်နယ်ထဲဝင်ရင် မိမိဖာသာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

WA ပြည်နယ်မှာ ၂၀၂၀ ခုနှစ် ဧပြီလကစပြီး နယ်စပ်ကို ပိတ်ချလိုက်တာဖြစ်လို့ ရက်ပေါင်း ၆၀၀ ကျော်ကြာ နယ်စပ်ပိတ်ချခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ဖွင့်ပေးမှာ ဖြစ်ပေမယ့် ဆေးရုံ၊ သက်ကြီးစင်တာနဲ့ အများပြည်သူသုံးယာဉ်ပေါ်မှာ နှာခေါင်းစည်း တပ်ဆင်ရမှာ ဖြစ်သလို လူသွားလူလာများတဲ့ အဆောက်အဦးအတွင်းမှာ နှာခေါင်းစည်းတပ်ဆင်ရမှာ ဖြစ်ပါတယ်။

လူဦးရေ ၁၀၀၀ ကျော်ဆန့်တဲ့ နိုက်ကလပ်တို့၊ ကာဆီနိုနဲ့ တခြား အခမ်းအနားကြီးတွေမှာ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေအထောက်အထားတွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဌာနေတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသကိုတော့ သွားလာခွင့် ကန့်သတ်ဦးမှာ ဖြစ်ပြီး အဝင်အထွက် အသွားအလာတွေကိုလည်း စာရင်းမှတ်ယူထားမှာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုးသူ ၉ ၀% မပြည့်ရင်တောင် သတ်မှတ်ပေးထားတဲ့ရက်မှာ နယ်စပ်ပြန်ဖွင့်ပေးမယ်လို့လည်း သိရပါတယ်။

ကွင်းစလန်းပြည်နယ်မှာလည်း ရက်ပေါင်း ၁၄၀ ကျော်ကြာ နယ်စပ်ပိတ်ချထားပေမယ့် ဒီကနေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီးနောက် တစ်ရက်အတွင်း လေယာဉ်နဲ့ ပြည်နယ်ထဲ ဝင်ထွက်သွားလာသူ တစ်သောင်းကျော် ရှိပါတယ်။

ဘရစ္စဘိန်းမြို့တစ်ခုတည်းမှာပဲ ဝင်လာသူ ၆၅၀၀ လောက် ရှိပါတယ်။

ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူတွေသာ ကွင်းစလန်းပြည်နယ်ထဲ ဝင်ခွင့်ရှိတာဖြစ်ပြီး ပြည်နယ်ထဲ မဝင်ခင်မှာ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း PCR စစ်ဆေးမှု ရလာဒ်ကို သက်သေပြရမှာ ဖြစ်ပါတယ်။

Additional reporting by AAP


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now