Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

TGA က ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးတွေအတွက် Pfizer booster ထိုးခွင့်ပြု

Therapeutic Goods Administration (TGA) က ကာကွယ်ဆေးထိုးထားတဲ့ အသက် ၁၂ နဲ့ ၁၅ နှစ်ကြား ကလေးငယ်တွေ ဆေးထိုးပြီး ၆ လအကြာမှာ booster dose ထိုးနိုင်တယ်လို့ ပြောပါတယ်။

The University of Sydney partnered with India and Switzerland to develop a vaccine against future Covid variants

The University of Sydney partnered with India and Switzerland to develop a vaccine against future Covid variants Source: AAP

ကိုဗစ်-၁၉ booster ကာကွယ်ဆေး ထိုးတဲ့အခါမှာလည်း Pfizer ကာကွယ်ဆေး အမျိုးအစားသာ ထိုးရမယ်လို့ သတ်မှတ်ထားပါတယ်။

TGA ရဲ့ အကြံပြုချက် တစ်ခုတည်းနဲ့ ပြီးတဲ့ကိစ္စမဟုတ်ပဲ Australian Technical Advisory Group on Immunisation (ATAGI) အဖွဲ့ရဲ့ ခွင့်ပြုချက်ကိုလည်း ရယူရဦးမှာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား လူငယ်တွေ တတိယမြောက်ကာကွယ်ဆေး ထိုးသင့်တယ်ဆိုတာကို အစ္စရေးနိုင်ငံ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့ကလည်း ခွင့်ပြုထားပါတယ်။

TGA ကနေ ထိုးသင့်တယ်လို့ ထုတ်ပြန်လာတဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်း ATAGI ကလည်း ထိုးသင့်ကြောင်း အကြံပြုချက်တွေ ထုတ်ပြန်လာနိုင်ပါတယ်။

အခုလောလောဆယ်အထိ ဩစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့ အထက်ရှိသူတွေသာ  booster shot ထိုးခွင့်ရတာဖြစ်ပြီး ဆေးထိုးခွင့်ရှိသူ လူဦးရေ ၇၀% က booster shot ထိုးပြီးကြပြီ ဖြစ်ပါတယ်။

အရင်ရက်ပိုင်းကစပြီး အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေ၊ မသန်စွမ်းသူတွေ၊ အသက် ၅၀ ကျော် ဌာနေတိုင်းရင်းသားတွေစတဲ့ လူတွေက စတုတ္ထမြောက် ကာကွယ်ဆေးကို ထိုးချင်ရင် ထိုးနိုင်ပြီ ဖြစ်ပါတယ်။

 

 


1 min read

Published


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now