SKIP TO MAIN CONTENT

မဲလ်ဘုန်းဆန္ဒပြမှုမှာ ပါဝင်သူတစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရ၊ ဒီနေ့ဆန္ဒပြသူ ၉ ၀ ကျော် ဖမ်းဆီးခံရ

မဲလ်ဘုန်းမြို့ ဆန္ဒပြမှုမှာ ပါဝင်သူ တစ်ဦးဟာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး အခုလောလောဆယ် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

Mounted Police officers patrol Carlton Garden ahead of a planned protest on 23 September, 2021 in Melbourne.
Mounted Police officers patrol Carlton Garden ahead of a planned protest on 23 September, 2021 in Melbourne. Source: Getty Images

1 min read

Published

Source: AAP, SBS



Skip to article content

တတိယမြောက်ရက် (ဗုဒ္စဟူးနေ့) ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူမှာ ကိုဗစ်-၁၉ ရောဂါရှိတဲ့အတွက် တခြားဆန္ဒပြသူတွေလည်း ရောဂါရှိမရှိ စစ်ဆေးမှု ခံယူကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာအနည်းငယ် ခံစားရပါစေ ရောဂါရှိမရှိ ခံယူကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းလိုကြောင်း ကျန်းမာရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မဲလ်ဘုန်းမြို့မှာ ကိုဗစ်-၁၉ လော့ခ်ဒေါင်းအပြင် တခြား တင်းကြပ်မှုတွေ ချမှတ်ထားတဲ့ကြားက ဆောက်လုပ်ရေးလုပ်သားတွေ ကာကွယ်ဆေး ထိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို မကျေနပ်သူတွေ၊ လော့ခ်ဒေါင်းကို ဆန့်ကျင်သူတွေ၊ သမဂ္ဂလုပ်ရပ်ကို ဆန့်ကျင်သူတွေနဲ့ ဆန္ဒပြချင်ကြတဲ့လူတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေကြတာ အခုဆိုရင် ၄ ရက်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

တတိယမြောက် ဆန္ဒပြမှုအတွင်း ဆန္ဒပြသူ ၂၁၅ ဦး ဖမ်းဆီးခံရပြီး ရဲနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေက အာဇာနည်ဗိမ္စာန်မှာ အောက်ဟစ်ဆန္ဒပြတဲ့အတွက် စစ်ပြန်ဟောင်းတွေ၊ နိုင်ငံရေးသမားတွေနဲ့ တခြားလူအများအပြားရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။

ဆန္ဒပြသူတချို့ဟာ အဲဒီအဆောက်အဦးရဲ့ နံရံတွေနား ကျင်ငယ်စွန့်တာတွေ၊ အမှိုက်ချန်ခဲ့တာမျိုးတွေလည်း လုပ်တာကို ကြည့်ပြီး ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်ကလည်း ဝေဖန်မှု လုပ်ခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားရမယ်၊ အလုပ်သမားတွေ ကာကွယ်ဆေးထိုးရမယ်၊ အမှုထမ်းတွေ စုနေတာမျိုး မဖြစ်အောင် အလုပ်မှာ မီးဖိုဆောင်လို နေရာဖယ်ရှားမယ်လို့ သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်ရာကနေ ဆန္ဒပြမှု ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒီကြာသပတေးနေ့ ဆန္ဒပြမှု (၄ ရက်မြောက်နေ့) မှာတော့ လူ ၉ ၂ ဦး ဖမ်းဆီးခံရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ ၇၆၆ ဦးရှိပြီး ဒါဟာ တစ်ရက်အတွင်း အများဆုံးကူးစက်ခံရတာ ဖြစ်ပါတယ်။

လူ ၄ ဦးလည်း သေဆုံးခဲ့ရပါတယ်။

လူပေါင်း ၂၅၇ ဦး ဆေးရုံတင်ထားရပြီး အဲဒီအထဲက ၆၀ ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရပြီး ၄၁ ဦးက ventilator ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။

အခုလောလောဆယ် အသက် ၁၆ နှစ်ကျော်သူ ဗစ်တိုးရီးယားပြည်နယ်သား ၇၅.၂% အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးထားကြပြီး ၄၅.၆% က နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now