SKIP TO MAIN CONTENT

အဆုံးသတ်တိုက်ပွဲအတွက် စစ်ရေးပြင်ဆင်နေတယ်လို့ NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ PDF ရဲ့ လှုပ်ရှားမှုတွေ၊ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒုကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက အဆုံးသတ်တိုက်ပွဲအတွက် စစ်ရေးပြင်ဆင်နေဆဲ ဖြစ်ပြီး အဆင်သင့်ဖြစ်တဲ့အခါ တိုက်ပွဲခေါ်သံပေးပြီး အားလုံးပါဝင်ကြဖို့ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

A demonstrator holds a banner that shows support for the National Unity Government (NUG), formed by leaders of the anti-coup protest and ethnic minority leaders
A demonstrator holds a banner that shows support for the National Unity Government (NUG) Source: EPA

1 min read

Published

Updated

By Mu Laing Thein


Skip to article content

ဒီအချိန်မှာ ဘယ်သူတွေ ဦးဆောင်တာ အရေးမကြီးပဲ စစ်ကောင်စီကိုသာ နှိမ်နင်းဖို့ အရေးကြီးတဲ့အကြောင်း၊ ဖက်ဒရယ်မဟာမိတ်တွေကနေ စစ်ကောင်စီကို ဝိုင်းဝန်းခြေမှုန်းပြီး နိုင်ငံတော်အသစ်နဲ့ ဖက်ဒရယ်တပ်မတော်ကို တည်ထောင်ဖို့ ရည်ရွယ်ထားကြောင်း ဇွန်လ ၄ ရက်ညမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

မဟာဗျူဟာပိုင်းအရ ဖြစ်တန်ခြေ အခင်းအကျင်းအပေါ် မူတည်ပြီး တုန့်ပြန်ဖို့ စဉ်းစားထားတာရှိပြီး တခြားအဖွဲ့နဲ့လည်း ညှိနှိုင်းမှု လုပ်တယ်လို့ NUG က ပြောပါတယ်။

အခုလောလောဆယ်အထိ NUG ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနဲ့ ဆွေးနွေးမှု လုပ်ဆောင်နေဆဲဖြစ်ပြီး အကယ်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် CNF လို သဘောတူညီမှုရရင်တော့ ထုတ်ပြန်ကြေညာမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

PDF တွေဟာ ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင်တပ်တွေ၊ ကယားမှာ ကယားလက်နက်ကိုင်တပ်တွေစတဲ့ ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးတွဲလုပ်ဆောင်တာမျိုး ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး NUG က သူတို့ရဲ့ သဘောထားကို အရင်ရက်က ထုတ်ပြန်ထားပြီး လုပ်ငန်းစဉ်တွေကို တဖြေးဖြေး ချမှတ်လုပ်ဆောင်သွားမယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

နိုင်ငံတကာအနေနဲ့ NUG အစိုးရကို ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား အသိအမှတ်ပြုဖို့ အခက်အခဲရှိနေနိုင်တဲ့အပေါ် နားလည်ပေမယ့် အဆက်အဆံတွေရှိတဲ့အတွက် ကျေနပ်လောက်တဲ့ အသိအမှတ်ပြုမှုအဖြစ် ခံယူကြောင်းလည်း NUG က ပြောပါတယ်။

NUG အနေနဲ့ အွန်လိုင်းပေါ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်မယ့်အချိန်မှာ မြန်မာနိုင်ငံမှာ အင်တာနက်တွေ ဖြတ်တောက်ထားတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

သတင်းစာရှင်းလင်းပွဲကို NUG က ဒုကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုး၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေးရာ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီး ဒေါက်တာ ဆာဆာတို့ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now