SKIP TO MAIN CONTENT

လွိုင်ကော်မှာ ကက်သလစ် ဘုန်းကြီးကျောင်း ဝင်စီးခံရ

ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ခရစ္စတူးဘုရင် ဘုရားကျောင်းကို ဒီကနေ့ စစ်ကောင်စီတပ်တွေ ဝင်စီးပြီး လူတချို့ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Christ the king church in Loikaw
Priest, nans, health workers and patients detained at Christ the king church in Loikaw Source: SBS

1 min read

Published

Updated


Skip to article content

လွိုင်ကော်သာဿနာဝိုင်းအတွင်မှာ ရှိတဲ့ ဂရုဏာဆေးခန်းကို ဝင်စီးပြီး ဘုန်းတော်ကြီး ဖာသာရ် ဘရွှေ၊ စစ္စတာရ် တချို့၊ ခွဲစိတ်ဆရာဝန် တချို့၊ လက်ထောက်ဆရာဝန်နဲ့ သူနာပြုအပြင် လူနာတွေကို ဖမ်းဆီးသွားတယ်လို့ ဖော်ပြကြပေမယ့် ဖာသာရ် ဘရွှေကို ထိန်းသိမ်းတာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဂရုဏာ ဆေးခန်းဆိုတာ ကက်သလစ် ခရစ်ယာန်ပိုင် ဆေးခန်းဖြစ်ပေမယ့် လူမျိုးမရွေး၊ ဘာသာမရွေးအတွက် ဖွင့်လှစ်ထားတဲ့ ပရဟိတ ဆေးခန်းဖြစ်ပါတယ်။

မနက်ကတည်းက ခရစ္စတူးဘုရင် ဘုရားကျောင်းဝင်းထဲက လူတွေကို အပြင်ထွက်ခွင့်မပေးသလို အပြင်က လူတွေကိုလည်း ဝင်ခွင့်မပေးပဲ ညနေ ၄နာရီကျော်) ပိတ်ချထားတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေက ပြောပြထားပါတယ်။

စစ်ကောင်စီတပ် အယောက် ၃၀၀ လောက် ဝင်စီးတာဖြစ်ပြီး ကားတချို့တော့ ကျောင်းကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now