SKIP TO MAIN CONTENT

Optus Network တစ်ခုလုံး ပျက်နေတဲ့အတွက် သန်းနဲ့ချီတဲ့ လူတွေ ဖုန်းသုံးမရဖြစ်နေ

ဩစတြေးလျနိုင်ငံက ဖုန်း၊ အင်တာနက် စတဲ့ ဝန်ဆောင်မှုပင်မှုပေးတဲ့ Optus လိုင်း ပျက်နေတဲ့အတွက် နိုင်ငံတဝှမ်းက သန်းနဲ့ချီတဲ့လူတွေ အခက်တွေ့နေရပါတယ်။

optus
Source: Flickr

1 min read

Published

Updated

By SBS News

Source: SBS


Skip to article content

ဒီဗုဒ္စဟူးမနက် အစောကြီးကနေ ယခု ၉ နာီအထိဆက်လက်ဖြစ်ပွားတာဖြစ်ပြီး အင်ဂျင်နီယာအသင်းက ဘာကြော

င့် အဲဒီလို ဖြစ်နေရသလဲဆိုတာကို စုံစမ်းနေတယ်လို့ Optus က ပြောပါတယ်။

ဖုန်းအသုံးပြုသူတွေက ဖုန်းမရ လက်ခံမရ ဖြစ်နေသလို အင်တာနက်လည်း အသုံးပြုလို့ မရဖြစ်နေပါတယ်။

ဆက်သွယ်ရေးပြဿနာကြေင့် ဗစ်တိုးရီးယားပြည်နယ်မှာ ဆေးရုံတွေ၊ သက်ကြီးစောင့်ရှောက်ရေး စင်တာတွေ ထိခိုက်နစ်နာရသလို ရထားပြေးဆွဲလို့မရတာမျိုး ခေတ္တဖြစ်ပွားခဲ့ပြီး အခုအခါမှာတော့ တခြားအရေးပေါ် ကွန်ယက်အသုံးပြုလို့ ရထားတွေ ပြန်လည် လည်ပတ်နေပြီ ဖြစ်ပေမယ့် အစောပိုင်းတုန်းက မပြေးဆွဲနိုင်ခဲ့လို့ နှောင့်နှေးမှုတွေ အများအပြား ဖြစ်ပွားရပါတယ်။

ဘဏ်လုပ်ငန်းအပြင် စျေးဆိုင်တွေမှာလည်း အင်တာနက် အလုပ်မလုပ်တဲ့အတွက် ငွေပေးချေရေးတွေမှာလည်း အခက်အခဲဖြစ်နေရပါတယ်။

ပြည်ထဲရေးဝန်ကြီး ဌာနက ဘာကြောင့် အဲသလို ဖြစ်ရသလဲ ဆိုတာကို ဖြေရှင်း

ချက်ပေးဖို့ Optus ကို ဖိအားပေးထားပါတယ်။

Optus ဖက်က ဘာမှတုန့်ပြန်မှု မလုပ်သေးပေမယ့် အင်ဂျင်နီယာတွေက လိုင်းတွေ ပြန်ရဖို့ တတ်နိုင်သလောက် ကြိုးစားနေတယ်လို့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Optus ရဲ့ Network ကို အသုံးပြုတဲ့ Moose၊ Dodo နဲ့ Amaysim စတဲ့ လိုင်းတွေလည်း သုံးမရ ဖြစ်နေပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now