SKIP TO MAIN CONTENT

ကိုဗစ်ဒဏ်အလူးအလဲ ခံရတဲ့ အိန္ဒိယနိုင်ငံထဲ Tauktae ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက်

အိန္ဒိယနိုင်ငံ Kerala, Karnataka, Goa နဲ့ Maharashtra ကမ်းရိုးတန်း ပြည်နယ်တွေအနားမှာ Tauktae မုန်တိုင်း ဖြတ်သန်းခဲ့ရာက အနည်းဆုံး ၁၂ ဦး သေဆုံးပြီး Gujarat ပြည်နယ်ထဲ ဝင်ရောက်ဖို့ ရှိနေပါတယ်။

A satellite image released NASA shows a cyclone approaching western India.
Cyclone Tauktae, the seasons first major storm, is expected to make landfall early Tuesday in Gujarat state. Source: NASA

1 min read

Published

Source: AFP, Reuters, SBS



Skip to article content

တနင်္လာနေ့မှာ လူပေါင်း တစ်သိန်းခွဲကို နေအိမ်ကနေ လုံခြုံရာကို ထွက်ခွာခိုင်းနေပြီး ဆိပ်ကမ်းတွေနဲ့ အဓိက လေဆိပ်တစ်ခုကိုလည်း ပိတ်ချထားပါတယ်။

Gujarat ပြည်နယ်ထဲကို တနင်္လာနေ့မှာ မုန်တိုင်းဝင်ရောက်မှာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း အိန္ဒိယနိုင်ငံ အနောက်ပိုင်းကို ဝင်ရောက်မယ့် အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပါတယ်။

အဲဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ အာရေဗျပင်လယ်မှာ စတင်ဖြစ်ပေါ်ပြီး အကြီးစား မုန်တိုင်း အမျိုးအစားဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်တဲ့အတွက် Mumbai မြို့ လေဆိပ်ကို ပိတ်ချထားသလို အဓိက လမ်းမတချို့ကိုလည်း ပိတ်ချထားပါတယ်။

ကိုဗစ်-၁၉ လူနာ အယောက် ၅၈၀ ကိုလည်း လုံခြုံဘေးကင်းမယ့် နေရာတွေဆီ ရွှေ့ပြောင်းထားပါတယ်။

Gujarat မှာ ကမ်းခြေနားက လူတွေကို ရွှေ့ပြောင်းထားသလို ကမ်းခြေရဲ့ ၅ ကီလိုနီတာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဆေးရုံက လူနာတွေကိုလည်း ရွှေ့ပြောင်းထားပါတယ်။

ကိုဗစ် လူနာတွေ ရှိတဲ့ ဆေးရုံ အခု ၄၀၀ မှာ လျှပ်စစ်မီး ပြတ်တောက်သွားတာမျိုး၊ အောက်ဆီဂျင်ဓာတ် ပြတ်တောက်သွားတာမျိုး မဖြစ်ရအောင် အစိုးရက စီစဉ်ထားပါတယ်။

မီးပျက်သွားရင် ချက်ခြင်း လည်ပတ်နိုင်ဖို့ မီးစက် ၁၃၈၃ ခု တပ်ဆင်ထားပြီး အောက်ဆီဂျင်တွေ မတြ်အောင်လည်း လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

Passengers walk through a street near a bus terminus amidst heavy rains from Cyclone Tauktae in Mumbai on 17 May 17 2021.
What's reported to be India's most intense cyclone in more than two decades is roaring up the country's west coast. Source: AFP

မုန်တိုင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ကိုလည်း ခေတ္တ ရပ်ဆိုင်းထားရပါတယ်။

ကူညီကယ်ဆယ်ရေးသမား ထောင်နဲ့ချီကို စေလွတ်ထားသလို ကမ်းခြေတပ်၊ ရေတပ်၊ လေတပ်နဲ့ စစ်သားတွေကိုလည်း အသင့်အနေအထားမှာ ပြင်ဆင်ထားပါတယ်။

လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူက ၄၁၀၀ ရှိပြီး ၂၄ နာရီအတွင်း လူပေါင်း ၂၈၀၀၀၀ ဦး ထပ်မံ ကူးစက်ခံခဲ့ရပါတယ်။

ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၂၅ သန်းနီးပါး ရှိသွားတာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now