နောက်ထပ် skilled worker တချို့ကို ဗီဇာ အမြန်ချပေးဖို့ရှိ

သြစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အလုပ်သမားအမျိုးအစားတွေရဲ့ စာရင်းကို အစိုးရက ထုတ်ပြန်လိုက်ပြီး အဲဒီစာရင်းထဲမှာ အလုပ်အကိုင် ၂၂ မျိုး ထပ်မံ ပါဝင်ပါတယ်။

The ACT Critical Skills List was updated on 24 June 2022

The ACT Critical Skills List was updated on 24 June 2022 Source: Getty Images

လူဝင်မှုရေးရာ ဝန်ကြီး Alex Hawke က Priority Migration Skilled Occupation List (PMSOL) ထဲ အလုပ်အကိုင် ၂၂ မျိုး ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

အဲဒီအထဲမှာ Chefs, civil engineers နဲ့ software programmers တွေလည်း ပါဝင်ပါတယ်။

အခုဆိုရင် PMSOL စာရင်းထဲ ပါဝင်လာတဲ့ အလုပ်အကိုင် အမျိုးအစာ ၄၁ ခု ရှိသွားတာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက စီးပွားရှင်တွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းက လူတွေရဲ့ တင်ပြချက်အရ သြစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အလုပ်အကိုင်အမျိုးအစားတွေရဲ့ စာရင်းကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်း Mr Hawke က ပြောပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း နယ်စပ်တွေ ပိတ်ချထားတဲ့အတွက် ပြည်ပက နိုင်ငံတကာ chef တွေကို ခါတိုင်းလို ပေါပေါသီသီ ရဖို့ ခက်ခဲတယ်လို့လည်း AHA National ရဲ့ စီအီးအို Stephen Ferguson က ပြောပါတယ်။

AMMA ရဲ့ စီအီးအို Steve Knott ကလည်း မိုင်းတွင်းလုပ်ငန်းနဲ့ ဆက်စပ်တဲ့ petroleum and geotechnical engineers တွေကိုလည်း စွမ်းအင်လုပ်ငန်းအတွက် လိုအပ်တယ်လို့ ပြောပါတယ်။

အဲဒီဗီဇာသမားတွေကတော့ သြစတြေးလျနိုင်ငံထဲ ဝင်လာတဲ့အခါ ကွာရန်တင်းအတွက် ကုန်ကျစရိတ်ကို ခံရမှာဖြစ်ပြီး အခုလောလောဆယ်အထိတော့ နယ်စပ်တွေကို ပိတ်ချထားဆဲ ဖြစ်ပါတယ်။

အခုလောလောဆယ် PMSOL ရဲ့ ဦးစားပေးစာရင်းထဲမှာ ပါဝင်တဲ့ လုပ်ငန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

  • Accountant (General) (221111)
  • Accountant (Taxation) (221113)
  • Accountant (Management) (221112)
  • External Auditor (221213)
  • Internal Auditor (221214)
  • Electrical Engineer (233311)
  • Civil Engineer (233211)
  • Structural Engineer (233214)
  • Geotechnical Engineer (233212)
  • Transport Engineer (233215)
  • Mining Engineer (233611)
  • Petroleum Engineer (233612)
  • Surveyor (232212)
  • Cartographer (232213)
  • Other Spatial Scientist (232214)
  • Medical Laboratory Scientist (234611)
  • Orthotist / Prosthetist (251912)
  • Multimedia Specialist (261211)
  • Analyst Programmer (261311)
  • Software and Applications Programmers (261399)
  • ICT Security Specialist (262112)
  • Chef (351311)

1 min read

Published

By Tom Stayner




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now