SKIP TO MAIN CONTENT

လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုနိုင်ပြီ

ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ Aboriginal နဲ့ Torres Strait Islander ဌာနေတိုင်းရင်းသားတွေကို ဩစတြေးလျနိုင်ငံမှာ ပထမဆုံး အခြေချနေထိုင်သူအဖြစ် သတ်မှတ်နိုင်ဖို့နဲ့ သူတို့ရဲ့ အရေးကို ဆိုပေးမယ့် အသံတစ်ခုကို လွှတ်တော်မှာ ထားရှိဖို့ Voice to parliament ထားရှိဖို့ သင့်မသင့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပဖို့အတွက် ဒီကနေ့မှာပဲအောက်လွှတ်တော်မှာ မဲအများစုနဲ့ အတည်ပြုနိုင်သွားပြီ ဖြစ်ပါတယ်။

Uluru
Uluru, also known as Ayers Rock is seen under the Aboriginal flag during the official ceremony to celebrate the closure of the climb at Uluru. Source: AAP / AAP Image/Lukas Coch

2 min read

Published

Updated

By Mu Laing Thein

Source: SBS


Skip to article content

အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် အဲဒီ မူကြမ်းကို အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရယူရမှာဖြစ်ပြီး ဇွန်လထဲမှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။.

ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ဒီနှစ် ဩဂုတ်လနဲ့ ဒီဇင်ဘာလအကြားမှာ ကျင်းပဖို့ ရှိပါတယ်။.

မကြာခင်မှာ ကျင်းပမယ့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှာ Yes ထောက်ခံမဲ ပေးမယ်လို့ ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပေါင်း ၁၁၀ ကျော်က ပြောပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ Aboriginal နဲ့ Torres Strait Islander ဌာနေတိုင်းရင်းသားတွေကို ဩစတြေးလျနိုင်ငံမှာ ပထမဆုံး အခြေချနေထိုင်သူအဖြစ် သတ်မှတ်နိုင်ဖို့နဲ့ သူတို့ရဲ့ အရေးကို ဆိုပေးမယ့် အသံတစ်ခုကို လွှတ်တော်မှာ ထားရှိဖို့ Voice to parliament ထားရှိဖို့ သင့်မသင့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပဖို့ ရှိပါတယ်။

အဲဒီ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ Yes ထည့်ကြဖို့ အစိုးရက တိုက်တွန်းထားပြီး အဲဒီအတွက် လှုပ်ရှားမှုတွေ ရှိသလို အတိုက်အခံပါတီနဲ့ တချို့လူတွေက မထောက်ခံဘူး No အတွက် လှုပ်ရှားနေကြပါတယ်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နောက်ခံကနေလာတဲ့ ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်ကတော့ yes အဖွဲ့ကို ထောက်ခံကြောင်း ထုတ်ပြန်ထားပြီး ဒီပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အောင်နိုင်ရေးအတွက် ဩစတြေးလျနိုင်ငံသားတွေ အားလုံး အတူတူ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အဲဒီလို ထောက်ခံတဲ့ အဖွဲ့ ၁၁၀ ကျော်ထဲမှာ လက်မှတ်ရေးထိုးပါဝင်သူတွေထဲမှာ ဩစတြေးလျရောက် တရုတ်လူမှုအသိုင်းအဝိုင်းရေးရာ ကောင်စီလည်း ပါဝင်ပါတယ်။

ဒီပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲက မတူညီတဲ့ ဩစတြေးလျ လူမှုအသိုင်းအဝိုင်းကို စုရုံးမှု ဖြစ်စေတဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ဌာနေတိုင်းရင်းသားတွေနဲ့အတူတူ ရပ်တည်မှုပြပြီး သူတို့ရင်ထဲက ငိုကျွေးသံတွေကို နားဆင်ပြီး လွတ်တော်မှာ သူတို့ရဲ့ အသံ တစ်သံရရှိရေးအတွက် အတူတူ ပူးပေါင်း ဆောင်ရွက်ကြဖို့အကြောင်း ပြောဆိုခဲ့ပါတယ်။

Yes Alliance အဖွဲ့ရဲ့ တွဲဖက် ဥက္ကဌ Rachel Perkins ကလည်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု ရရှိတဲ့အပေါ် အင်မတန် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။

ဌာနေတိုင်းရင်းသားတွေ လူမှန်နေရာမှန်နဲ့ မှန်ကန်တဲ့ အသိအမှတ်ပြုမှုတွေ ရရှိသင့်ကြောင်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက လူတွေ မြင်ချင်ကြတယ်ဆိုတဲ့ ဆန္ဒကို ပြသလိုက်တာဖြစ်ကြောင်း ဒီလို လုပ်ရပ်ဟာ ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုရေးလမ်းကြောင်းမှာ အဓိက မှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတဲ့သဘောနဲ့လည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ Voiceကို ဆန့်ကျင်သူတွေလည်း ရှိပြီး အဲဒီအထဲမှာ Jamal Daoud လည်း ပါဝင်ပါတယ်။ သူက Multicultural Voices Against the Voice ကို ဖွဲ့ပြီး Voice ကို ဆန့်ကျင်နေပါတယ်။

ဌာနေတိုင်းရင်းသားရဲ့ အရေးကို ဆိုပေးဖို့ လွှတ်တော်မှာ Voice ထားရင် တခြားလူနည်းစုတွေလည်း သူတို့ရဲ့ အရေးကို ဆိုပေးဖို့ voice ထားပေးဖို့ တောင်းဆိုလာနိုင်ပြီး လူမျိုးရေး ခွဲခြားမှုတွေ ပိုဖြစ်စေနိုင်မယ်လို့ ပြောဆိုနေကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ဌာနတိုင်းရင်းသားတွေဟာ ဩစတြေးလျနိုင်ငံမှာ ပထမဆုံး အခြေချနေထိုင်ဖြစ်ကြောင်းဆိုတာကို ထည့်သွင်းဖို့ ကိစ္စကို ထောက်ခံပေမယ့် လွှတ်တော်မှာ ဌာနေတိုင်းရင်းသားအရေးကို ဆိုပေးမယ့် Voice ကိုတော့ လက်မခံနိုင်ဘူးလို့ ပြောဆိုနေကြပါတယ်။

 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now