SKIP TO MAIN CONTENT

မဲလ်ဘုန်းမြို့ရဲ့ ၅ ရက်မြောက် ဆန္ဒပြမှုအတွင်း လူ ၂၀၀ ကျော် ဖမ်းဆီးခံရ

မဲလ်ဘုန်းမြို့မှာ ဒီကနေ့ ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြပြီး လူအယောက် ၂၀၀ ကျော်ကို ရဲတွေက ဖမ်းဆီးထားပါတယ်။

Police officers on patrol in Melbourne on 24 September, 2021.
Police officers on patrol in Melbourne on 24 September, 2021. Source: AFP via Getty Images

2 min read

Published

Source: AAP, SBS



Skip to article content

ဒီကနေ့ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇၃၃ ဦး တိုးလာနေတုန်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာဖြစ်ပြီး လူတစ်ဦးလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရပါတယ်။

မဲလ်ဘုန်းမြို့လယ် တချို့နေရာမှာ စုဝေးလာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက အလျင်အမြန် လူစုခွဲတာမျိုး လုပ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်ကို မလိုက်နာတဲ့အတွက် လူပေါင်း ၂၁၅ ဦးကို ဒဏ်ကြေးဆောင်ခိုင်းတာမျိုး လုပ်ထားပြီး တချို့လူကို တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။

Victorian Health Minister Martin Foley speaks during a press conference in Melbourne.
Victorian Health Minister Martin Foley speaks during a press conference in Melbourne. Source: AAP

ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၁၆၀ ဦးရှိသွားပြီး ၂၉ ၇ ဦးက ဆေးရုံမှာ ကုသခံယူနေရပြီး အဲဒီအထဲက ၆၆ ဦးဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်အနေနဲ့ Moderna COVID-19 ကာကွယ်ဆေး အခုပေါင်း ၃၂၀၀၀ ကို လက်ခံရရှိထားတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာလလယ်နောက်ပိုင်း Pfizer ကာကွယ်ဆေး မလုံလောက်မှုတွေ ဖြစ်နိုင်မယ့် အလားအလာကြောင့် Moderna ကာကွယ်ဆေး ထိုးပေးမယ့် ဆေးခန်းတွေ ပိုပိုချမှတ်ထားရမယ်လို့လည်း ပြောပါတယ်။

ကာကွယ်ဆေး အများစုကို ရောဂါကူးစက်မှု အဖြစ်များတဲ့ Dandenong ရပ်ကွက်က Palm Plaza ကာကွယ်ဆေး ဆေးခန်းကို ပို့ပေးမှာဖြစ်ပြီး ကာကွယ်ဆေး ၃၀၀၀၀၀ ကို ရောဂါကူးစက်မှုဖြစ်နေတဲ့ မဲလ်ဘုန်းမြို့ မြောက်ပိုင်းနဲ့ အဆောက်ပိုင်းက ဆေးဆိုင် အခု ၇၀၀ ကို ဖြန့်ဝေပေးမယ်လို့ ပြောပါတယ်။

ဗုဒ္ဒဟူးနေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ တစ်ဦးဟာ အခုအခါ ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ ဆေးရုံတင်ထားရတဲ့အတွက် ကျန်းမာရေးဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ပြီး ရဲအမှုထမ်း တချို့ဟာ အဲဒီလူနဲ့ ထိတွေ့မှု ရှိခဲ့သူတွေဖြစ်လို့ သီးသန့်ခွဲခြားနေထိုင်မှုတွေ လုပ်နေရပါတယ်။

ရဲဘယ်နှစ်ယောက် အိမ်မှာ ကွာရန်တင်းဝင်နေရသလဲဆိုတာကို ရဲဌာနက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဗစ်တိုးရီးယားပြည်နယ်က ဆောက်လုပ်ရေးအဆောက်အဦးတွေမှာ ထမင်းစားခန်းတွေ ခေတ္တပိတ်ချပြီး ဆောက်လုပ်ရေးလုပ်သားတွေ ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်လိုက်သလို လုပ်ငန်းကိုလည်း ၂ ပတ်ကြာ ပိတ်ချပြီးတဲ့နောက် ဆန့်ကျင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

Greater Sydney မှာ သောင်တင်နေတဲ့ ဗစ်တိုးရီးယားပြည်နယ်သားတွေအနေနဲ့ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးရင် ပြည်နယ်အတွင်း ပြန်ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်ကစပြီး ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးတဲ့ ဗစ်တိုးရီးယား ပြည်နယ်သားတွေ နယူးဆောက်သ်ဝေးလ် ပြည်နယ်ရဲ့ ဘယ်နေရာမှာပဲ သောင်တင်နေပါစေ ပြည်နယ်အတွင်း မဝင်လာခင် ၇၂ နာရီအလိုမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရင် ပြန်လာခွင့်ရမှာဖြစ်ပေမယ့် နေအိမ်မှာ ၁၄ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။

ကွာရန်တင်း ဝင်ခါစနဲ့ ကွာရန်တင်း အပြီးမှာ ရောဂါ ရှိမရှိ စစ်ဆေးမှု ခံရမှာ ဖြစ်ပါတယ်။

သြစတြေးလျမှာ အခုလောလောဆယ် အသက် ၁၆ နှစ်ကျော်သူ လူဦးရေ ၅၀.၁၅% က ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြသူတွေ ဖြစ်ပြီး ၇၅% က အနည်းဆုံး တစ်ချောင်းထိုးပြီးသွားကြပြီ ဖြစ်ပါတယ်။

အစိုးရကတော့ အသက် ၁၆ နှစ်ကျော်သူ အားလုံးကို ကာကွယ်ဆေး ထိုးစေချင်နေပြီး အနည်းဆုံး လူဦးရေ ၇၀% ကနေ ၈၀%လောက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

With SBS News.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now