န်ိုင္ငံတကာ ကျောင်းသား ၄၀%က မျက်နှာခြင်းဆိုင် စာသင်ကြားမှုကိုသာ လိုလား

န်ိုငငံတကာ ကျောင်းသား အယောက် ၆၀၀၀ ရဲ့ အမြင်သဘောထား စစ်တမ်းကို ကောက်ခံတဲ့အခါမှာ သြစတြေးလျမှာ ပညာသင်ချင်တဲ့ နိုင်ငံတကာ ကျောင်းသားတွေက ကျောင်းခန်းထဲမှာ စာသင်ရတာကို ပိုနှစ်သက်ကြောင်း ဖြေဆိုကြပါတယ်။

Ninety-three per cent of international students have experienced significant mental health impacts by not being allowed to study on-campus, a survey found.

Ninety-three per cent of international students have experienced significant mental health impacts Source: AAP

အွန်လိုင်းပေါ်မှာ စာသင်ယူရတာထက် ကျောင်းခန်းထဲ ထိုင်ပြီး လေ့လာရတာကို ပိုလိုချင်နေပြီး စစ်တမ်းမှာ ဖြေဆိုသူ ၃၉ %က သြစတြေးလျ နိုင်ငံမှာ အဲလို အခြေအနေ မရှိရင် တခြားနိုင်ငံ တခုခုကို ရွေးချယ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

၇% ကတော့ ကိုဗစ်-၁၉ ကြောင့် မျက်နှာခြင်းဆိုင် စာသင်ယူတာမျိုးမဟုတ်ပဲ အွန်လိုင်းကနေ သင်ယူရမယ်ဆိုရင်တောင္ ဆက်လက် သင်ယူမယ်လို့ ဖြေဆိုကြပါတယ်။

၄၃% ကတော့ မျက်နှာခြင်းဆိုင် သင်ယူမှု လုပ်နိုင်တဲ့အထိ ဆိုင်းငံ့ထားမယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် နိုင်ငံတကာ ကျောင်းသားတွေ အများအပြား သြစတြေးလျနိုင်ငံကို ဝင်လာခွင့်မရတာမျိုး ဖြစ်နေပြီး အစိုးရရဲ့ စာရင်းအင်းအရ တက္ကသိုလ်တွေမှာ နိုင်ငံတကာ ကျောင်းသား အရေအတွက်က ၁၂% ကျဆင်းနေတယ်လို့ ဖေဖော်ဝါရီလရဲ့ စာရင်းမှာ ပြသထားပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေ သြစတြေးလျနိုင်ငံမှာ စာသင်ယူနိုင်ဖို့ ချိတ်ဆက်ပေးတဲ့ IDP Connect အေးဂျင့်ကနေ သြစတြေးလျနိုင်ငံမှာ ပညာသင်ယူဖို့ လုပ်နေတဲ့ နိုင်ငံတကာ ကျောင်းသား အယောက် ၆၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

The Council of International Students Australia ရဲ့ အတွင်းရေးမှူး Kevin Tanaya က နိုင်ငံတကာ ကျောင်းသားတွေက သူတို့အနေနဲ့ အွန်လိုင်းပေါ်မှာ စာသင်ယူရရင် သြစတြေးလျ ပညာရေးအတွက် ပေးရတာနဲ့ ပြန်ရတာ မကာမိဘူးလို့ ခံစားကြရတယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ကျောင်းလာတက်ချင်တဲ့ လူတွေသာမဟုတ်ပဲ ကနေဒါ၊ နယူးဇီလန်၊ ယူကေနိုင်ငံနဲ့ အမေရိကန် ပညာရေးကို လိုလားတဲ့ လူတွေဟာလည်း အွန်လိုင်းပေါ်က သင်ကြားမှုအစား မျက်နှာချင်းဆိုင် သင်ကြားမှုကိုသာ လိုချင်နေကြတာ ဖြစ်ပါတယ်။

IDP ပညာရေးဌာနရဲ့ အကြီးအကဲ Andrew Barkla က ကျောင်းသားတွေကို တိကျတဲ့ အဖြေတစ်ခုခုကို အစိုးရတွေအနေနဲ့ ပေးသင့်တဲ့အကြောင်း၊ မျက်နှာခြင်းဆိုင် သင်ကြားမှုကို ဘယ်လို အခြေအနေမှာ တဖြေးဖြေးနဲ့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ လမ်းပြမြေပုံတွေကို သိရအောင် လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

ကျောင်းသားတွေက သူတို့နိုင်ငံမှာ နေပြီး အွန်လိုင်းပေါ်ကနေ သြစတြေးလျ တက္ကသိုလ်က သင်ကြားပေးတာမျိုးကို မလိုလားပဲ သြစတြေးလျ ဝင်လာတဲ့အခါ ကွာရန်တင်း ဝင်ရပါစေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရပါစေ ထိုးမှာဖြစ်ပြီး မျက်နှာချင်းဆိုင် သင်ကြားမှုကိုသာ လိုလားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျ ဖက်ဒရယ် အစိုးရက သြစတြေးလျံ ကျောင်းသားတွေ၊ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ပညာရေးလုပ်ကိုင်သူတွေကို အထောက်အကူပြုဖို့အတွက် ဒေါ်လာ ၅၃ သန်းကျော် ချမှတ်ပေးမယ်လို့ ဒီကနေ့မှာပဲ ကြေညာလိုက်ပါတယ်။

တက္ကသိုလ်ကျောင်း မဟုတ်ပေမယ့် အင်္ဂလိပ်စာနဲ့ တခြား ပညာရေးတွေကို သင်ကြားပေးတဲ့ ပညာရေး ဌာနတွေကို ကူညီမှာ ဖြစ်သလို ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် လပိုင်းသာ သင်ကြားရမယ့် short courses ၅၀၀၀ ပိုမို ချမှတ်ပေးနိုင်ဖို့အတွက် ဒေါ်လာ ၂၆.၁ နဲ့ ပြည်တွင်းနဲ့ပြည်ပတွေမှာ အွန်လိုင်းစနစ်ကနေ သင်ကြားနိုင်ဖို့အတွက်လည်း ပါဝင်ပါတယ်။


Share

2 min read

Published

Updated




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now