Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစီ ဒရုန်းတွေကို သုံးပြီး ယူကရိန်းက ရုရှားကို တိုက်ခိုက်လို့ဆို

ယူကရိန်းဟာ ဩစတြေးလျက ပေးတဲ့ ဒရုန်းတွေကို အသုံးပြုပြီး ရုရှားကို တိုက်ခိုက်နေပြီး ရုရှားနဲ့ ယူကရိန်းစစ်မှာ ဩစတြေးလျ ပါဝင်လာနေပြီလို့ ရုရှားက ပြောပါတယ်။

UKRAINE RUSSIA CONFLICT

A handout photo released by the press service of the State Emergency Service of Ukraine shows Ukrainian rescuers working at the site of a damaged residential building after shelling in the city of Zaporizhzhia, southeastern Ukraine, 06 October 2022, amid Russia's military invasion. Credit: STATE EMERGENCY SERVICE OF UKRAINE/EPA/AAP Image

စက်တင်ဘာလ ၆ ရက်နေ့တုန်းက ရုရှားပိုင်နယ်မြေကို ယူကရိန်းဖက်က တိုက်ခိုက်ရာမှာ ဩစတြေးလျရဲ့ ဒရုန်းတွေကို ယူကရိန်းက အသုံးပြုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ Maria Zakharova က ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှား ပဋိပက္ခမှာ ဩစတြေးလျက ပါဝင်လာပြီလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဩစတြေးလျ အစိုးရက ယူကရိန်းနိုင်ငံကို ဒေါ်လာ သန်းပေါင်း ၆၁၀ တန်ဖိုးရှိတဲ့ စစ်ရေးထောက်ပံ့မှု ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ဒရုန်းတွေလည်း ပါဝင်ပါတယ်။

အဲဒီ ဒရုန်းတွေကို SYPAQ ကုမ္ပဏီက ပြုလုပ်တာဖြစ်ပြီး တစ်စင်းမှာ ဩစတြေးလျဒေါ်လာ ၅၃၀၀ အမေရိကန် ဒေါ်လာ ၃၅၀၀ လောက်သာ ကုန်ကျတဲ့ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။

မတ်လကစပြီး ဩစတြေးလျဟာ ယူကရိန်းနိုင်ငံကို တစ်လမှာ ဒရုန်း အစင်းပေါင်း ၁၀၀ ထောက်ပံ့တာဖြစ်တယ်လို့ Australian Army Defence Innovation Hub က ဖော်ပြထားပါတယ်။

အဲဒီ ဒရုန်းတွေဟာ ကဒ်ထူစက္ကူနဲ့ ပြုလုပ်ထားပြီး တောင်ပံနှစ်ဖက်အကြား ၂ မီတာသာရှိပြီး ၅ ကီလို အလေးချိန်ကို သယ်ယူနိုင်တဲ့ ဒရုန်းတွေ ဖြစ်ပါတယ်။

တစ်နာရီကို ကီလိုမီတာ ၆၀ မြန်နှုန်း ပြေးလွှားနိုင်ပြီး ၁၂၀ ကီလိုမီတာ ဝန်းကျင် ပျံသန်းနိုင်တာ ဖြစ်ပါတယ်။

ဖယောင်းသုတ်ထားတဲ့ ကဒ်ထူ စက္ကူ ဒရုန်းတွေဟာ သံမဏိနဲ့ ပြုလုပ်မထားတဲ့အတွက် ရေဒါစနစ်မှာ မပေါ်လွင်တာမျိုးဖြစ်လို့ တခါတရံ ပိုထိရောက်မှုရှိနိုင်ပါတယ်။

ရာသီဥတုဒဏ်ကို ခံနိုင်တဲ့အပြင် ပြားချပ်သွားအောင်လည်း ခေါက်လို့ ရတဲ့ ဒရုန်းမျိုး ဖြစ်ပါတယ်။

အဲဒီ ဒရုန်းထဲကို ကင်မရာ ထည့်လိုက်ရင် ထောက်လှမ်းမှုလည်း လုပ်ပေးနိုင်ပါတယ်။

စာသင်ကျောင်းမှာ ကျောင်းသားတွေ လေယာဥ်တည်ဆောက်တဲ့အခါ အသုံးပြုတဲ့ လေယာဥ်ပုံစံလိုဖြစ်ပြီး ဝမ်းဗိုက်မှာ ဖိနပ်ဗူးအရွယ် အခန်းပါတဲ့အတွက် အဲဒီနေရာမှာ ဘာမဆို ထည့်ပြီး သယ်ယူနိုင်တယ်လို့ ဩစတြေးလျံ အမျိုးသား တက္ကသိုလ်က လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပါမောက္ခ John Blaxland က ပြောပါတယ်။

အဲဒီ ဒရုန်းတွေကို ရုရှား ရေဒါစနစ်က မမိနိုင်တဲ့အတွက် ယူကရိန်း တိုက်ခိုက်ရေးသမားတွေအကြား ပေါ်ပြူလာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီဟာ ၂၀၂၂ခုနှစ်တုန်းက ယူကရိန်းနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး ယူကရိန်းကို armoured personnel carriers, Bushmaster vehicles နဲ့ ဒရုန်းတွေကို ပို့ပေးတာမျိုး လုပ်ခဲ့ပါတယ်။

ဩစတြေးလျဆိုင်ရာ ယူကရိန်း သံအမတ် Vasyl Myroshnychenko က ဩစတြေးလျရဲ့ ကဒ်ထူ ဒရုန်းတွေဟာ ဩဂုတ်လကုန်တုန်းက ရုရှားရဲ့ Kursk လေဆိပ်ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလေဆိပ်ကနေ ရုရှားက ဒုံးကျဥ်တွေ ပို့ဆောင်ပြီး ယူကရိန်းကို တိုက်ခိုက်တာမျိုးလုပ်တဲ့အတွက် တိုက်ခိုက်ရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဩစတြေးလျ အနေနဲ့ ယူကရိန်းကို ဒေါ်လာ သန်းပေါင်း ၇၉၀ ပေးခဲ့ပြီး အဲဒီအထဲမှာ စစ်အတွက် သန်းပေါင်း ၆၁၀ ပါဝင်ပါတယ်


2 min read

Published

Updated

By SBS-AFP

Source: SBS


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now