SKIP TO MAIN CONTENT

စစ်ကောင်စီက ပါမောက္ခ ရှောင်တာနယ်လ်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့အပေါ် ဩစီအစိုးရရှုတ်ချ

စစ်ကောင်စီရဲ့ တရားရုံးကနေ ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ် ဩစတြေးလျ အစိုးရက ရှုတ်ချလိုက်ပါတယ်။

Myanmar coup
Australian citizen Sean Turnell with Myanmar's Aung San Suu Kyi. Source: Facebook

1 min read

Published

Updated

By Mu Laing Thein

Source: SBS


Skip to article content

နိုင်ငံတော် လျို့ဝှက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှောင်တာနယ်လ်ကို ဒီကြာသပတေးနေ့မှာပဲ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ရော ရှောင်တာနယ်လ်ကပါ ငြင်းဆိုကြတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်က ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်ပြီး ရှောင်တာနယ်လ်ကို ချက်ခြင်းလွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရှောင်တာနယ်လ် အမှုကို စီရင်မယ့် တရားခွင်ကို တက်ရောက်ခွင့်ရဖို့ ဩစတြေးလျ ကိုယ်စားလှယ်တွေက အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့် တက်ရောက်ခွင့်မရပဲ တရားရုံးက ပြစ်ုဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ရှောင်တာနယ်လ်အနေနဲ့ ဩစတြေးလျနိုင်ငံမှာရှိတဲ့ သူ့မိသားစုတွေဆီ ပြန်လာနိုင်ဖို့အတွက် ဆက်လက်ကြိုးစားလုပ်ဆောင်ပေးသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရှောင်တာနယ်လ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်ကတည်းက နေပြည်တော်မှာ နေထိုင်ခဲ့သူဖြစ်ပြီး Myanmar Development Institute ရဲ့ ဒါရိုက်တာလည်း ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းခါစမှာ သူက သတ္တိရှိပြီး ကြင်နာတတ်တဲ့ မြန်မာတွေ ဒီထက်မက ကောင်းမွန်တဲ့ အုပ်ချုပ်သူမျိုးနဲ့ ထိုက်တန်ပြီး စစ်အာဏာသိမ်းလိုက်တဲ့အပေါ် အသည်းကွဲရတယ်လို့ ရေးသားဖူးပါတယ်။

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရှောင်တာနယ်လ် ထောင်ဒဏ်ချမှတ် ခံရတဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ရှုတ်ချနေကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now