SKIP TO MAIN CONTENT

စစ်အာဏာသိမ်းမှုကြောင့် သြစီမှာ ဗီဇာနဲ့နေထိုင်ရတဲ့ မြန်မာတွေ ဗီဇာတိုးခွင့်ရပြီ

သြစတြေးလျနိုင်ငံမှာ ဗီဇာနဲ့ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြန်ဖို့ လုံခြုံဘေးကင်းမှုမရှိရင် ဗီဇာသက်တမ်း တိုးပေးမယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။

Protesters hold placards during a peaceful demonstration in London against the Myanmar coup
Protesters hold placards during a peaceful demonstration in London against the Myanmar coup. Source: Sipa USA Pietro Recchia / SOPA Images/Sip

1 min read

Published

By Mu Laing Thein

Source: ABC Australia


Skip to article content

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ မြန်မာတချို့က သူတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်သွားရင် လုံခြုံမှု မရှိတဲ့အတွက် ဗီဇာ တိုးပေးဖို့ တောင်းဆိုကြပြီးနောက် အစိုးရက အခုလို တိုးပေးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ဗီဇာနဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၃၃၀၀ ကျော် ရှိပြီး သူတို့အနေနဲ့ သြစတြေးလျနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးချင်ရင် တိုးလို့ရတဲ့အကြောင်း တရားဝင်စာ ပေးပို့သွားမယ်လို့ သြစတြေးလျရဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး Alex Hawke က ပြောပါတယ်။

အိမ်ပြန်ဖို့အတွက် လုံခြုံဘေးကင်းမှု မရှိမခြင်း သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။

မြန်မာလုံခြုံရေးတပ်တွေအနေနဲ့ ပြည်သူတွေအပေါ် အင်အားသုံး ဖြိုခွင်းတာမျိုးမလုပ်ဖို့၊ အကြမ်းဖက်တဲ့ နည်းတွေနဲ့ ဖြိုခွင်းနေတာမျိုးတွေနဲ့ မတရားဖမ်းဆီးတာမျိုးတွေမလုပ်ပဲ ဆွေးနွေးညိနှိုင်းရေးကနေ အဖြေရှာဖို့ သြစတြေးလျအနေနဲ့ ဆက်လက် တောင်းဆိုလိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသား တချို့ အထူးသဖြင့် ကျောင်းသား လူငယ်တချို့ဟာ သြစတြေးလျနိုင်ငံမှာ နေထိုင်ရင်း စစ်တပ်အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ရာမှာ တက်ကြွစွာ ပါဝင်တဲ့အတွက် ဗီဇာသက်တမ်း ကုန်လို့ မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် ဒုက္ခရောက်မှာ စိုးရိမ်ကြသူတွေ ရှိပါတယ်။

သြစတြေးလျ အစိုးရက ဗီဇာသက်တမ်း တိုးခွင့်ပေးမယ်လို့ ကြေညာတဲ့အတွက် အတော်များများအတွက် စိတ်သက်သာမှု ရစေနိုင်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now