SKIP TO MAIN CONTENT

ဖမ်းဆီးခံရသူ ၅၀၀၀ ကျော်ကို လွတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

စစ်အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီးခံရသူ သို့မဟုတ် ဖမ်းဝရန်းထုတ်ခံရသူ လူပေါင်း ၅၆၀၀ ကို လွတ်ပေးမယ်လို့ ဒီတနင်္လာနေ့မှာပဲ စစ်ကောင်စီဖက်က ကြေညာခဲ့ပါတယ်။

Anti-coup protesters march along a street in Yangon, Myanmar, on Saturday, 24 April, 2021.
Anti-coup protesters march along a street in Yangon, Myanmar, on Saturday, 24 April, 2021. Source: AP via AAP

1 min read

Published

Updated

By Mu Laing Thein


Skip to article content

ပြန်လွတ်ပေးသူတွေထဲမှာ သတင်းလောကမှ ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးညီလာခံ ပေးမတတ်ဖို့ အာဆီယံနိုင်ငံခြားရေးရာ ဝန်ကြီးများအဖွဲ့က ထုတ်ပြန်ပြီးနောက်ပိုင်း အခုလို လွတ်ပေးမယ့် သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဘယ်သူတွေကို ဘယ်အချိန်မှာ လွတ်ပေးသလဲ ဆိုတာတွေကို မသိရသေးပါဘူး။ 

အခုလောလောဆယ် အကျဉ်းသားနဲ့ ထောင်ကျသူတွေတချို့ လွတ်လာတဲ့ သတင်းကို ဖေ့စ်ဘွတ်မှာ တင်ထားကြတာကို တွေ့ရပြီး အချုပ်နဲ့ အမှုရင်ဆိုင်နေရသူတွေ လွတ်လာတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီဖက်က လွှတ်တော်ကိုယ်စားလှယ်တွေ သတင်းသမားတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့ ဆန္ဒပြသူ အယောက်ပေါင်း ၇၃၀၀ ကျော်ကို ဖမ်းဆီးထားတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်လျှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ဖမ်းဆီးမှုတွေ လုပ်တဲ့အခါမှာလည်း ပစ်မှတ်ထားတဲ့လူတွေကို မဖမ်းဆီးနိုင်ရင် အဲဒီလူတွေရဲ့ မိသားစုဝင် ဆွေမျိုးတွေကို ဖမ်းဆီးတာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး လူ ၁၁၇၈ ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပြီး ၁၃၁ ဦးကတော့ ဖမ်းဆီးခံရစဉ်အတွင်း သေဆုံးသွားတာလို့ AAPP က ပြောပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now