SKIP TO MAIN CONTENT

လူပေါင်း ၇၀၀,၀၀၀ နီးပါး ယူကရိန်းကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်

ယူကရိန်းကဋိပက္ခကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီကို ထွက်ပြေးသွားကြတဲ့ဒုက္ခသည် ၆၇၇,၀၀၀ ရှိပြီး ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူဒုက္ခသည်တွေအဖြစ်နဲ့ တိမ်းရှောင်နေကြသူပေါင်း တသန်းဝန်းကျင်ရှိတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာပြောပါတယ်။

Ukraine refugees
The Mlyny shopping center has been transformed by the polish army into a shelter for Ukraine refugees. Source: ABACA / Laine Nathan/ABACA/PA Source: ABACA / Laine Nathan/ABACA/PA

1 min read

Published

Presented by Shah Paung

Source: AFP


Skip to article content

ဒုက္ခသည်အများစုဟာ ပိုလန်၊ ဟန်ဂေရီ၊ မိုလ်ဒိုဗာ၊ ရိုမေးနီးယား၊ ဒါမှမတဟုတ် စလိုဗားစကီးယား နိုင်ငံတွေဆီကို ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအကြီးအကဲ Filippo Grandi ကပြောပါတယ်။

ရုရှားဝင်ရောက်ကျူးကျော်တဲ့ ၆ရက်မြောက်နေ့ ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်တွေပစ်ခတ်တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲ အခုလို လူတွေအလုံးအရင်းထွက်ပေးတိမ်းရှောင်နေရတာဟာ လွန်စွာစိုးရိမ်ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအကြီးအကဲ Filippo Grandi ကပြောပါတယ်။

နောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းအရ ယူကရိန်းကနေ အိမ်နီးချင်းနိုင်ငံတွေဆီထွက်ပြေးသွားရသူ ၆၇၇,၀၀၀ ဦးရှိတယ်လို့ Mr Gandi က ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ပြောသွားခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့လူဦးရေတဝက်ဝန်းကျင်လောက်ဟာ ပိုလန်နိုင်ငံထဲကိုထွက်ပြေးသွားကြတာဖြစ်ပြီး ၉၀,၀၀၀ လောက်ကတော့ ဟန်ဂေရီထဲကို ရောက်သွားကြပါတယ်။ တခြား ၆၀,၀၀၀ လောက်ဟာ မိုလ်ဒိုဗာကိုရောက်သွားကြပြီး ၅၀,၀၀၀ ကတော့ စလိုဗားစကီးယားကိုရောက်သွားကြပါတယ်။ တခြား ၄၀,၀၀၀ကတော့ ရိုမေးနီးယားကိုရောက်သွားကြတယ်လို့ Mr Grandi ကပြောပါတယ်။

အစောပိုင်းကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာကတော့ UNHCR ပြောခွင့်ရအမျိုးသမီး Shabia Mantoo က ထွက်ပြေးတိမ်းရှောင်နေရတဲ့လူဦးရေ များလာဖို့ရှိတယ်လို့ပြောပါတယ်။

ရုရှားဖက်ကိုခြမ်းကို ကူးဝင်လို့ရတဲ့ နယ်မြေတွေအပါအဝင် ယူကရိန်းကနေထွက်ပြေးလာကြတဲ့ ဒုက္ခသည်အတွက် အိမ်နီးချင်းနိုင်ငံတွေကလည်း နယ်စပ်တွေဆက်လက်ဖွင့်ထားပေးတယ်လို့ သူမကပြောပါတယ်။

ရုရှားဝင်ရောက်ကျူးကျော်မှုကြောင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်အဖြစ်နေထိုင်နေကြရသူ ခန့်မှန်းချေ လူပါင်း တသန်းလောက်ရှိတယ်လို့လည်း ယူကရိန်းဆိုင်ရာ ကုလကိုယ်စားလှယ် ကပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now