SKIP TO MAIN CONTENT

ကာကွယ်ရေးတပ်သား တစ်သိန်းအထိ ရှိလာဖို့ ဒေါ်လာ ၃၈ ဘီလီယံ တိုးမြင့်ချမှတ်ပေး

ဩစတြေးလျနိုင်ငံ ၀န်ကြီးချုပ် Scott Morrison နဲ့ ကာကွယ်ရေး၀န်ကြီး Peter Dutton တို့က ဩစတြေးလျနိုင်ငံမှာ ကာကွယ်ရေးတပ်သား အယောက် ၁၀၀၀၀၀ ကျော်အထိ ဖြစ်လာဖို့ လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

The Australian Defence Force workforce growth is estimated to come at a cost of at least $38 billion between 2024 and 2040
The Australian Defence Force workforce growth is estimated to come at a cost of at least $38 billion between 2024 and 2040 Source: AAP / CPL Brandon Grey/PR Image

1 min read

Published

Source: AAP, SBS


Skip to article content

အစီအစဥ်အရ ၂၀၄၀ ပြည့်နှစ်ကြရင် ကာကွယ်ရေးတပ်သား အယောက် ၁ သိန်းကျော် ဖြစ်လာဖို့အတွက် တပ်သား ၁၈၀၀၀ တိုးချဲ့ရမှာ ဖြစ်ပါတယ်။ 

တပ်သားဦးရေတိုးချဲ့ဖို့အတွက် ဒေါ်လာ ၃၈ ဘီလီယံလောက်ကုန်ကျမယ်လို့လည်း ပြောပါတယ်။ 

 

နှစ် ၂၀ အတွင်း တပ်သား ဦးရေ ၃၀% တိုးချဲ့ရမှာ ဖြစ်ပြီး ၂၀၄၀ ခုနှစ်ကြရင် အမြဲတမ်းတပ်သား အယောက် ၈၀၀၀၀ ရှိဖို့နဲ့ တခြားအမှုထမ်းနဲ့ စုစုပေါင်း အယောက် ၁၀၀၀၀၀ ကျော် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ 

အဲဒီလို တိုးချဲ့မှုတွေက  ရေငုတ်သဘောလည်ပတ်ရေးလုပ်ငန်း၊ လေတပ်လုပ်ငန်းအပြင် ဒုံးကျဥ်ကာကွယ်ရေးနဲ့ ဆိုင်ဘာကာကွယ်ရေးအထိ ပံ့ပိုးမှု ဖြစ်စေမယ်လို့ ဆိုပါတယ်။ 

အင်ဒို - ပစိဖိတ် ဒေသတွင်း တင်းမာမှုနဲ့ ဥရောပဒေသရဲ့ တင်းမာမှုတွေ ဖြစ်ပေါ်လာတာနဲ့အမျှ ဩစတြေးလျရဲ့ ကာကွယ်ရေးတပ်ကို တိုးချဲ့ဖို့ အရေးကြီးလာတယ်လို့လည်း ကာကွယ်ရေး၀န်ကြီး Peter Dutton က ပြောပါတယ်။

အထူးသဖြင့် အာကာသလုပ်ငန်း၊ ဆိုင်ဘာ၊ ရေတပ်၊ ရေငုတ်တပ်နဲ့ မောင်းသူမဲ့ယာဥ် လုပ်ငန်းတွေမှာ အကျုံး၀င်မယ်လို့ ပြောပါတယ်။

ယူကေနိုင်ငံ၊ အမေရိကန်၊ နေတိုး မဟာမိတ်အုပ်စုတို့နဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ လုပ်ချင်ရင်တော့ ဒီလို အင်အားတိုးချဲ့မှုတွေက အရေးကြီးတယ်လို့ ဆိုပါတယ်။ 

ဩစတြေးလျ ကာကွယ်ရေးတပ် တိုးချဲ့မယ့်ကိစ္စကို အတိုက်အခံ  လေဘာပါတီကလည်း ထောက်ခံလိုက်ပေမယ့် ခုလိုအချိန်မှာ ကြေညာမှုလုပ်လိုက်တာဟာ 

 NSW နဲ့ Queensland မှာ ဖြစ်နေတဲ့ ရေကြီးမှုပြဿနာမှာ ၀ေဖန်ခံရမှု လျော့နည်းအောင် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ 

ကာကွယ်ရေးတပ်ကို တိုးချဲ့မယ့်ကိစ္စကို အရင်နှစ်ကတည်းက သဘောတူ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပြီး ၀န်ကြီးချပ်က နေက်လာမယ့် ၁၈ နှစ်ကြမှ သက်ရောက်မှုရှိမယ့်အရာကို ရွေးကောက်ပွဲနီးတဲ့အခါအထိ စောင့်ဆိုင်းပြီးမှ ထုတ်ဖော်ပြောဆိုခြင်းသာ ဖြစ်တယ်လို့လည်း အတိုက်အခံပါတီရဲ့ ပြောခွင့်ရသူ Brendan O'Connor က ပြောပါတယ်။

အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်တုန်းက ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အမြဲတမ်းကာကွယ်ရေးတပ်ဦးရေ သတ်မှတ်ခဲ့တာရှိပေမယ့် ရည်မှန်းချက်ရဲ့ ၉၀% သာ ပြည့်မှီခဲ့ပါတယ်။ 

ကာကွယ်ရေးတပ် တိုးချဲ့ဖို့ ကိစ္စကို စစ်သားဟောင်းလည်းဖြစ် တက်စ်ေမးနီးယားပြည်နယ် လွှတ်တော်အမတ်လည်းဖြစ်သူ Jacqui Lambi ကလည်း ကာကွယ်ရေးတပ်သား တိုးချဲ့တဲ့ကိစ္စကို ကြိုဆိုလိုက်ပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese က လေဘာပါတီကသာ အစိုးရဖြစ်လာရင် သူတို့လက်ထက်မှာလည်း  ကာကွယ်ရေးအသုံးစရိတ် ဆက်လက်တိုးမြင့်ဖို့ရှိတယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now