SKIP TO MAIN CONTENT

မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအတွက် စိုက်ပျိုးရေးဗီဇာ ဦးစားပေးမယ်

သြစတြေးလျနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဗီဇာအသစ် တစ်မျိုးကို ချမှတ်ပေးလိုက်ပြီး အရှေ့တောင် အာရှနိုင်ငံက လူတွေကို ဦးစားပေးခေါ်ယူမှာ ဖြစ်ပါတယ်။

Agriculture Minister David Littleproud speaks to the media during a press conference .
Agriculture Minister David Littleproud speaks to the media during a press conference. (File Photo) Source: AAP

2 min read

Published

By Tom Stayner

Source: SBS News



Skip to article content

အခုလောလောဆယ် ကိုဗစ်-၁၉ ကြောင့် နယ်စပ်တွေ ပိတ်ချထားတဲ့အတွက် အလုပ်သမား ရှားပါးမှု ဖြစ်နေတာကို ကာမိဖို့အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဗီဇာ agriculture visa အသစ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလကစပြီး သြစတြေးလျနိုင်ငံက ခြံတွေထဲမှာ အလုပ်လုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကို ဦးစားပေး ခေါ်ယူဖို့ ရှိနေပါတယ်။

အဲဒီဗီဇာကို စတင်ဖို့ ကြာသပတေးနေ့မှာပဲ စိုက်ပျိုးမွေးမြူရေးရာ ဝန်ကြီး David Littleproud က တရားဝင် အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီဇာအမျိုးအစားနဲ့ ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကို ရေးဆွဲနေဆဲဖြစ်ပြီး အဲဒီဗီဇာကနေ နယ်ဒေသမှာ အမြဲတမ်းနေထိုင်ခွင့်ဗီဇာ Permanent residency အထိ သွားနိုင်မယ့် အနေအထား ဖြစ်အောင် လုပ်ဆောင်ဖို့ ရှိပါတယ်။

ပထမအဆင့်အနေနဲ့ နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ် မတ်လအတွင်း အလုပ်သမား အနည်းငယ်ကို အဲဒီ ဗီဇာနဲ့ ခေါ်ယူမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ ဒုတိယအဆင့် အနေနဲ့ အလုပ်သမားတွေကို ပိုမို ခေါ်ယူမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ စိုက်ပျိုးမွေးမြူရေးရာ ဝန်ကြီးက ပြောပါတယ်။

The federal government has estimated the horticulture sector alone is facing a shortage of up to 30,000 workers by February.
The federal government has estimated the horticulture sector alone is facing a shortage of up to 30,000 workers by February. Source: AAP

အရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမော္ဘဒီးယား၊ ဘရူနိူင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူအပြင် အင်ဒိုနီးရှားနိုင်ငံ အစိုးရတွေနဲ့ ညှိနှိုင်းပြီး စိတ်ဝင်စားတဲ့ နိုင်ငံတွေနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံ သစ်သီးဝလံ ပန်းမန်ဥယျာဉ်စိုက်ပျိုးခြင်းလုပ်ငန်း တစ်ခုတည်းအတွက် ဖေဖော်ဝါရီလအထိ အလုပ်သမားပေါင်း အယောက် ၃၀၀၀၀ လောက် မလုံလောက်မှု ဖြစ်နေတာ ဖြစ်ပါတယ်။

အခု စိုက်ပျိုးမွေးမြူရေးဗီဇာ အသစ်ဟာ စိုက်ပျိုးရေးအပြင်၊ အသားထုတ်လုပ်ရေး၊ ငါးထုတ်လုပ်ရေးနဲ့ သစ်တောထုတ်လုပ်ရေး လုပ်ငန်းတွေအတွက်ပါ အကျုံးဝင်တာဖြစ်ပြီး အလုပ်ရှင် တစ်ဦးနဲ့သာ အလုပ်လုပ်ရမှာ မဟုတ်ပဲ အလုပ်ရှင်ပြောင်းခွင့်လည်း ရမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ အခုလောလောဆယ် ပစိဖိတ်နိုင်ငံတွေနဲ့လည်း အလုပ်သမားခေါ်ယူတဲ့ အစီအစဉ် ဆောင်ရွက်နေဆဲဖြစ်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Australian Council of Trade Unions ကတော့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဗီဇာအသစ်ကြောင့် ပြည်ပကနေ ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတွေ သြစတြေးလျနိုင်ငံမှာ အနိုင်ကျင့် အမြတ်ထုတ်ခံရတာမျိုး မဖြစ်အောင် ကာကွယ်ပေးမှု နည်းပါးတဲ့အတွက် အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေပါတယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ငန်းခွင်အခြေအနေ ဆိုးဝါးမှုနဲ့ ထိုက်သင့်တဲ့လစာ မရတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်လို့လည်း သမဂ္ဂအဖွဲ့တွေက သတိပေးနေပါတယ်။

ဖက်ဒရယ်အစိုးရကတော့ ပြည်ပကနေ ရောက်လာတဲ့ အလုပ်သမားတွေမှာ တခြား အလုပ်သမားတွေလိုပဲ အခွင့်အရေးရရှိအောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

အစိုးရကနေ စိုက်ပျိုးရေးဗီဇာ ချမှတ်ပေးမယ့်အပေါ် လယ်သမားတွေ၊ မွေးမြူရေးသမားတွေ ကြိုဆိုနေကြပြီး အဲဒီလို ဗီဇာကို ချမှတ်ပေးဖို့ အရင်ကတည်းက တောက်လျှောက် တောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရောက်လာရင် ကွာရန်တင်းဝင်နိုင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဆိုင်ရာ ပြည်နယ်၊ ဒေသအစိုးရတွေနဲ့ အနီးကပ် ပြောဆို ဆွေးနွေးနေတယ်လို့လည်း ဖက်ဒရယ်အစိုးရက ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now