SKIP TO MAIN CONTENT

ဇန်နဝါရီလ ၁ ရက်မှာ နှစ်သစ်မကူးကြတဲ့ ရိုးရာယဥ်ကျေးမှုတချို့

ကမ္ဘာတလွှားမှာ နှစ်သစ်ကူးကြိုဆိုဖို့အတွက် အဆင်သင့်ပြင်ဆင်နေကြပြီး အထူးသဖြင့် တခြားနိုင်ငံတွေထက် အချိန်ရှေ့ရောက်နေတဲ့ ဩစတြေးလျနိုင်ငံကတော့ နှစ်သစ်ကူးကို အစောဆုံး ကျင်းပမယ့် နိုင်ငံထဲ ပါဝင်ပါတယ်။ ဒါပေမယ့် နှစ်သစ်ကူးကို တခြားအချိန်မှာ ကျင်းပတဲ့ ရိုးရာတွေလည်းရှိတဲ့အတွက်အနည်းငယ် တင်ပြမှာ ဖြစ်ပါတယ်။

Fireworks explode over the Opera House and Harbour Bridge during New Year's Eve fireworks display  in Sydney, Australian, Friday, Jan. 1, 2016.(AP Photo/Rob Griffith)
Fireworks explode over the Opera House Source: AAP

2 min read

Published

By Aleisha Orr

Source: SBS


Skip to article content

ဩစတြေးလျနိုင်ငံမှာ ဂျော်ဂျီယံ ပြက္ခဒိန်ကို ယူထားတဲ့အတွက် ဇန်နဝါရီလ ၁ ရက်နေ့ကို နှစ်သစ်ကူးအဖြစ် သတ်မှတ်ထားပါတယ်။

ဒီ ၂၀၂၂ ခုနှစ်ဆိုရင် ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံးအကြိမ် မီးရှူးမီးပန်းတွေနဲ့ နှစ်သစ်ကို ပြန်လည်ကြိုဆိုကြမှာဖြစ်ပြီး ဆစ်ဒရီမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ အော်ပရာဟောက်စ် Opera House မှာဆိုရင်ဒေါ်လာ ၅.၈ သန်းလောက် ကုန်ကျခံပြီး မီးပန်းဖောက်ဖို့ အသင့်ဖြစ်နေကြပါပြီ။

ဆစ်ဒနီမြို့မှာ အဲဒီနေရာတစ်ခုတည်းမှာပဲ မီးပန်းဖောက်တာမဟုတ်ပဲ တခြားနေရာတွေမှာလည်း အများအပြား ဖောက်မှာဖြစ်ပါတယ်။

တခြားမြို့တွေမှာဆိုရင်လည်း အလားတူ နှစ်သစ်ကူးကို အပြိုင်အဆိုင် ကြိုဆိုကြမှာပါ။

ကမ္ဘာပေါ်က တခြားနိုင်ငံတွေကလည်း အလားတူ နှစ်သစ်ကူးနေ့ ကျင်းပကြပေမယ့် သူတို့နဲ့ သက်ဆိုင်တဲ့ နှစ်သစ်ကူးပွဲတော်နေ့ကိုလည်း အလားတူ ကျင်းပကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံ၊ ထို်ငး၊ လာအို စတဲ့နိုင်ငံတွေမှာလည်း မိမိနဲ့ သက်ဆိုင်တဲ့ နှစ်သစ်ကူးကို အတာသင်္ကြန်နဲ့ ကြိုဆိုကြသလို တခြားလူသိနည်းတဲ့ နှစ်သစ်ကူးပွဲတော်တွေလည်း ရှိပါသေးတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးတွေလည်း ပါဝင်ပြီး ဥပမာ ကရင်နှစ်သစ်ကူး၊ ကယန်းနှစ်သစ်ကူး၊ ရှမ်းနှစ်သစ်ကူးတို့ ဖြစ်ကြပါတယ်။

တခြားလူသိများတဲ့ နှစ်သစ်ကူးတချို့ကိုလည်း တင်ပြမှာ ဖြစ်ပါတယ်။

ဟိန္ဒူ နှစ်သစ် ကူးပွဲ

ဟိန္ဒူနှစ်သစ်ကူးပွဲတော်ကို တချို့နိုင်ငံမှာ ကျင်းပကြတာဖြစ်ပြီး ကျင်းပတဲ့ နိုင်ငံအပေါ် မူတည်ပြီး နှစ်သစ်ကူးပွဲတော်ကို ခေါ်ဝေါ်ပုံ ကွဲပြားမှု ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာဆိုရင် ဟိန္ဒူနှစ်သစ်ကူးကို မတ်လ ၂၂ ရက် ၂၀၂၃ ခုနှစ်မှာ ကျင်းပမှာဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲတော်အတွက် ogoh-ogoh လို့ခေါ်တဲ့ ဘီလူးရုပ်ကို တည်ထွင်ပြီး အဲဒီအရုပ်နဲ့ မြို့တစ်ပတ်လှည့်ပတ်ချီတက်ပြီး ကမ်းခြေဖက်ကို ယူဆောင်သွားမှာ ဖြစ်ပါတယ်။

ဘာလီမှာ ဆိုရင် အဲဒီအရုပ်ကို ကမ်းခြေမှာ မီးရှို့ဖျက်ဆီးလိုက်မှာ ဖြစ်ပေမယ့် ဩစတြေးလျနိုင်ငံမှာ မီးမရှို့ပဲ ဆိုင်ရာနေရာကို ပြန်ယူလာပြီး ပွဲတော်တစ်ရပ် ကျင်းပလေ့ရှိတယ်လိုံ အနောက်ဩစတြေးလျပြည်နယ်က ဘာလီရိုးရာဆိုင်ရာ အကြီးအကဲဖြစ်သူက ပြောပါတယ်။

အဓိပ္ပာယ်ကတော့ မကောင်းဆိုးဝါးကို နှင်ထုတ်ခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီလို နှစ်သစ်ကူးအပြင် ဇန်နဝါရီ ၁ ရက်နေ့ကျရောက်တဲ့ နှစ်သစ်ကူးနေ့ကိုလည်း ကျင်းပကြတယ်လို့ သိရပါတယ်။

Hijrī နှစ်သစ်ကူး

ဇူလိုင်လ ၁၉ ရက် ၂၀၂၃ ကြရင် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေမှာ ၁၄၄၄ နှစ်ပြည့် နှစ်သစ်ကူးနေ့ကို ကျင်းပကြမှာ ဖြစ်ပါတယ်။

အစ္စလာမ်မစ် နှစ်သစ်ကူးကို Hijrī New Year လို့လည်း ခေါ်ဝေါ်ကြပြီး အဲဒီနေ့မှာ ကိုရမ် ကျမ်းစာထဲက ကျမ်းပိုဒ်တွေကို ရွတ်ဆို ဆုတောင်းမှုပြုကြပြီး အထူးသဖြင့် နှစ်ဟောင်းအတွင်း ပြုမူခဲ့တာတွေအပေါ် ဆန်းစစ်မှု လုပ်ကြတာ ဖြစ်ပါတယ်။

အစ္စလာမ် ကိုးကွယ်တဲ့ နိုင်ငံတွေမှာ ဂျော်ဂျီယံ ပြက္ခဒိန်နောက်လိုက်ကြပေမယ့် ရိုးရာ ပြက္ခဒိန်ကို ဘာသာရေးအခမ်းအနားအတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။

အစ္စလာမ် ပြက္ခဒိန်က လရဲ့ သွားလာမှုအပေါ် အခြေခံတာဖြစ်ပြီး ဂျော်ဂျီယံပြက္ခဒိန်က နေကို ဗဟိုပြုပြီး လည်ပတ်တဲ့ ကမ္ဘာရဲ့ လည်ပတ်မှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

Orthodox နှစ်သစ်ကူး

Orthodox ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေမှာတော့ Julian ဂျူလီယံ ပြက္ခဒိန်ကို အသုံးပြုကြတဲ့အတွက် သူတို့ရဲ့ အီစတာပွဲတော်ကာလနဲ့ ခရစ္စမတ် ကာလကလည်း တခြား ခရစ်ယာန်တွေ ကျင်းပတဲ့ ရက်နဲ့ ကွာခြားမှု ရှိပါတယ်။

Orthodox နှစ်သစ်ကူးကို ဇန်နဝါရီလ ၁၄ ရက်မှာ ကျင်းပြကြတာဖြစ်လို့ အဲဒီလို ပြက္ခဒိန်ကို ကျင့်သုံးတဲ့ ဆားဗီးယားနိုင်ငံမှာဆိုရင် အဲဒီပွဲတော်ကို ရုံးပိတ်ကျောင်းပိတ်ရက်အဖြစ် စည်စည်ကားကားကျင်းပလေ့ရှိပါတယ်။

ဒါပေမယ့် ဆားဗီးယားလူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာနှစ်သစ်ကူးသာမက ဇန်နဝါရီလ ၁ ရက်နေ့ကိုလည်း နှစ်သစ်ကူးအဖြစ် အသိအမှတ်ပြု ကျင်းပကြတာ ဖြစ်ပါတယ်။

ဂျူးလူမျိုးတွေရဲ့ နှစ်သစ်ပွဲ

ဂျူးလူမျိုးတွေကတော့ သူတို့ရဲ့ နှစ်သစ်ကူးကို ဂျိုတွေမှုတ်ပြီး ကြိုဆိုမှု လုပ်လေ့ရှိပါတယ်။

ရှိုဖာ shofar လို့ ခေါ်တဲ့ ဂျိုကို မှုတ်ကြပြီး အဲဒီဂျိုဟာ သိုး၊ ဆိတ်၊ သမင် စတဲ့ သတ္တဝါတွေရဲ့ ဂျိုတွေ ဖြစ်ကြပါတယ်။

ဂျူးတွေရဲ့ နှစ်သစ်ကူးပွဲတော်ကို စက်တင်ဘာလ ဒါမှမဟုတ် အောက်တိုဘာလထဲမှာ ကျင်းပလေ့ရှိပြီး ဂျူးပြက္ခဒိန်

Tishrei ကို ကြည့်ပြီး ကျင်းပကြတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် ဂျူးနှစ်သစ်ကူးနေ့က စက်တင်ဘာလ ၁၅ ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။

အဲဒီအချိန်ကြရင် ၁၀ ရက်ကြာ နောင်တရမှုတွေ တရားထိုင်မှုတွေနဲ့ ကျင်းပကြလေ့ရှိပါတယ်။

Lunar New Year သို့ တရုတ် နှစ်သစ်ကူး

တရုတ်နှစ်သစ်ကူးနေ့ကို ကမ္ဘာတလွှားမှာ စည်စည်ကားကားကျင်းပလေ့ရှိပြီး သူကတော့ တစ်နှစ်နဲ့တစ်နှစ် ရာသီခွင်ပေါ်က အကောင်အလိုက် ပြောင်းသွားလေ့ရှိပါတယ်။

ဒီနှစ်အတွက် တရုတ်နှစ်သစ်ကူးနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ကျရောက်မှာဖြစ်ပြီး ဒီနှစ်ကတော့ ယုန်နှစ် ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now