SKIP TO MAIN CONTENT

၂၀၁၁ နောက်ပိုင်းမွေးတဲ့ နယူးဇီလန်သားတွေ တသက်လုံး ဆေးလိပ်ဝယ်ခွင့်မရအောင်လုပ်

နယူးဇီလန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မွေးတဲ့လူမှန်သမျှကို ဆေးလိပ်ဝယ်ခွင့်မရအောင် လုပ်ဆောင်ဖို့ ဥပဒေအသစ် ချမှတ်လိုက်ပါတယ်။

Adolescent Smoking
New Zealand has announced a new law that will ban young people from ever buying cigarettes. Source: Getty Images

2 min read

Published

Source: AAP, SBS



Skip to article content

လတ်တလောမှာတော့ အသက် ၁၈ နှစ်ပြည့်သူတွေ ဆေးလိပ်ဝယ်ခွင့်ရပေမယ့် ဒီနောက်ပိုင်းကြရင် ဆေးလိပ်ဝယ်ခွင့်ရမယ့် အသက်ကို တစ်နှစ်ထက် တစ်နှစ် တိုးမြင့်မှာ ဖြစ်ပါတယ်။

တွဲဖက် ကျန်းမာရေးဝန်ကြီး Ayesha Verrall ရဲ့ အဆိုအရ နယူးဇီလန်မှာ ကြိုတင်ကာကွယ်လို့ရတဲ့ကြားက သေဆုံးမှုဖြစ်ရတဲ့အထဲမှာ ဆေးလိပ်ကြောင့် သေဆုံးရမှုလည်း ပါဝင်ပြီး ကင်ဆာ ဝေဒနာသည် ၄ ဦးမှာ တစ်ဦးနှုန်းလောက် ဆေးလိပ်နဲ့ ဆက်စပ်တဲ့ရောဂါ ခံစားကြရတယ်လို့ ပြောပါတယ်။

ဒါကြောင့် လူငယ်လေးတွေ လုံးဝ ဆေးလိပ်မသောက်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဥပဒေအသစ် အသက်ဝင်လာတဲ့နောက်ပိုင်း အသက် ၁၄ နှစ်အောက် လူငယ်တွေ တသက်လုံး ဆေးလိပ် ဝယ်ယူခွင့်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

နယူးဇီလန်အစိုးရက ဆေးလိပ် ရောင်းချတဲ့ ဈေးဆိုင်တွေရဲ့ အရည်အတွက်ကိုလည်း သိသိသာသာ လျှော့ချဖို့ရှိပါတယ်။

ဆေးလိပ်သောက်ခြင်းက အသက်တိုစေနိုင်တဲ့အတွက် လူငယ်တွေ လုံးဝ ဆေးလိပ်မသောက်တော့အောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နယူးဇီလန်နိုင်ငံမှာ လူဦးရေ ၁၃% က ဆေးလိပ်သောက်ကြပေမယ့် Maori လူမျိုး နယူးဇီလန်နိုင်ငံသားတွေရဲ့ ဆေးလိပ်သောက်သုံးသူ ဦးရေက ၃၁% ရှိပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်ကြရင် လူဦးရေ ၅% လောက်သာ ဆေးလိပ်သောက်ကြမယ့်အထိ လျှော့ချဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ACT ပါတီကတော့ ဒီလို ပိတ်ပင်တားမြစ်မှုတွေက ဘယ်တော့မှ ထိရောက်မှု မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒီလို ဥပဒေကြောင့် တရားမဝင် ဆေးလိပ်ဈေးကွက်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ပြောပါတယ်။

Greens ပါတီကတော့ ဒီဥပဒေအသစ်ကို ရဲရင့်မှုရှိတဲ့ ပေါ်လစီဖြစ်တယ်လို့ ချီးကျူးလိုက်သလို ကျန်းမာရေးဆိုင်ရာအရေး ဆိုသူတွေကလည်း အစိုးရရဲ့ ပေါ်လစီကို ချီးကျုးနေကြပါတယ်။

နယူးဇီလန်နိုင်ငံဟာ တခြားနိုင်ငံအများအပြားလိုပဲ ကျန်းမာရေးထိခိုက်မှု နည်းပါးအောင် ဆေးလိပ်သောက်သုံးမှုကို လျှော့ချဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဆေးလိပ်အခွန်နှုန်း တိုးမြင့်တာတွေ၊ ကြော်ငြာခွင့် ပိတ်ပင်တာတွေနဲ့ ဆေးလိပ်မသောက်ဖို့ ပညာပေးအစီအစဉ်တွေ၊ ကြော်ငြာတွေ ထည့်သွင်းလုပ်ဆောင်လေ့ရှိပါတယ်။

အဲဒီလို လုပ်ဆောင်ချက်တွေက ထိရောက်မှု ရှိပေမယ့်လည်း ၂၀၂၅ မတိုင်ခင် ဆေးလိပ်သောက်သူဦးရေ ၂၅% ပဲ ရှိရမယ့် ဆိုတဲ့ ပန်းတိုင်ကို ရောက်ဖို့ ဝေးနေသေးတဲ့အတွက် အခုလို လုပ်ဆောင်ရတာလည်း ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက နယူးဇီလန်မှာ လူ ၄ ယောက်ထဲမှာ တစ်ယောက်နှုန်း ဆေးလိပ်သောက်ကြတာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ဆေးလိပ်သောက်မှု မရှိသလောက် လုပ်ဆောင်မယ်လို့ ရည်ရွယ်ပြီး စတင်လုပ်ဆောင်တဲ့ ၂၀၁၂ ခုနှစ်မှာ လူ ၆ ယောက်ထဲမှာ ၁ ယောက်နှုန်းလောက် ဆေးလိပ်သောက်တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်လောက်မှာတော့ လူ ၄ ယောက်ထဲမှာ တစ်ယောက်နှုန်း ဆေးလိပ်သောက်တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မွေးတဲ့လူတွေ ဆေးလိပ်ဝယ်ခွင့်မရအောင် ချပြတဲ့ ကြာသပတေးနေ့မှာတော့ ဝန်ကြီးချုပ် Jacinda Ardern က ဆေးလိပ်သောက်သူ တဝက်ဟာ ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ သေဆုံးရတာ ဖြစ်လို့ အခုဆို ဥပဒေအသစ် ချမှတ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now