SKIP TO MAIN CONTENT

ပိုလန်ထဲ လက်နက်ကျရောက်တဲ့ကိစ္စမှာ ရုရှားလက်ချက်ဖြစ်တယ်ဆိုတဲ့ သက်သေမတွေ့ရလို့ နေတိုးဆို

ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပိုလန်နိုင်ငံ Przewodów မြို့ထဲ ကျရောက်တဲ့ ဒုံးကျဥ်ဟာ ယူကရိန်းဖက်က ပစ်ခတ်တာမဟုတ်ဘူးလို့ ထပ်မံ ပြောဆိုလိုက်ပါတယ်။

Volodymyr Zelenskyy
Ukainian President Volodymyr Zelenskyy in Bucha, northwest of the Ukrainian capital Kyiv. Source: Getty

1 min read

Published

Updated

By SBS

Source: SBS


Skip to article content

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပိုလန်နဲ့ ယူကရိန်းနယ်စပ်ထဲကို ဒုံးကျဥ်ကျခဲ့ရာက လူနှစ်ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံဟာ နေတိုးမဟာမိတ်အုပ်စု အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံကို ထိရင် တစ်ဖွဲ့လုံး ပါဝင်ရမယ်ဆိုတဲ့ သဘောတူညီချက်ရှိတဲ့အတွက် ဒီကိစ္စက ဘယ်သူ့ရဲ့ လက်ချက်လည်း ဆိုတာ စုံစမ်းနေကြတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Joe Biden က ကနဦးရရှိတဲ့ အချက်အလက်တွေအရ ရုရှားလုပ် ဒုံးကျဥ်တွေ ပိုလန်ထဲ ကျရောက်တယ်ဆိုတဲ့အကြောင်း မတွေ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။

နေတိုးမဟာမိတ်ခေါင်းဆောင်ကလည်း ဒီဒုံးကျဥ်တွေဟာ ရုရှားဖက် ပစ်ခတ်တာမဟုတ်ပဲ ရုရှားက ယူကရိန်းကို တိုက်ခိုက်တာကို ယူကရိန်းက ခုခံ ဖြိုခွင်းရင်းလက်နက်တွေ ပိုလန်နိုင်ငံထဲ ကျရောက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

မီဒီယာတွေမှာ ဖော်ပြချက်အရ ရုရှားက ယူကရိန်းကို ဒုံးကျဥ် အကြိမ်ပေါင်း ၁၀၀ လောက် တိုက်ခိုက်တဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပိုလန်နိုင်ငံထဲ လက်နက် ကျရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်း သမ္မတက ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောပေမယ့် ရုရှားကတော့ ယူကရိန်းနဲ့ ပိုလန်နယ်စပ်နားမှာ သူတို့ တိုက်ခိုက်မှု မလုပ်ရဘူးလို့ ပြောပါတယ်။

နေတိုးအဖွဲ့ဝင်တွေက ဒီကိစ္စကို ဘယ်လ်ဂျီယံမှာ ဆွေးနွေးကြပြီး အမြင်မတူတာ ရှိပေမယ့် နေတိုးအဖွဲ့ခေါင်းဆောင်ကတော့ ရုရှားရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။

ပိုလန်နိုင်ငံမှာလည်း ထိပ်သီးခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပြီး နောက်ပိုင်းမှာတော့ ပိုလန်နိုင်ငံကို တမင်တကာ တိုက်ခိုက်တာမျိုး မဖြစ်လောက်ဘူးလို့ ပြောဆိုထားပါတယ်။

ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးက ပိုလန်အပေါ် လက်နက်ကျရောက်တဲ့ ကိစ္စကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ဒီကိစ္စကို ပိုလန် သံအမတ်နဲ့ ဆွေးနွေးခဲ့ပြီး ကွယ်လွန်သူတွေအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီလို့ ပြောပါတယ်။

လက်နက်ကျရောက်တာ ဘယ်သူကြောင့် ဆိုတာထက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာမျိုး ပိုလိုလားကြောင်း သဘောမျိုး ပြောဆိုခဲ့ကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now