SKIP TO MAIN CONTENT

ဆစ်ဒနီမြို့ပေါ်ပိတ်ချမှုနောက်ထပ်အနည်းဆုံး ၂ပတ်ထပ်တိုး၊ ဗစ်တိုးရီးယားပြည်အတွင်း ရောဂါကူးစက်သူ ၇ဦးတိုးလာ

နယူးဆော့သ်ဝေးပြည်နယ်အတွင်း ကိုဗစ် ၁၉ကူးစက်သူ ၉၇ဦး ထပ်မံတိုးလာတဲ့အတွက် ဆစ်ဒနီမြို့တွင်း နယ်နမိတ်အတွင်းမှာနေထ်ိုင်သူတွေအနေနဲ့ အချိန်တခုကြာတဲ့အထိ ပိတ်ချမှုအတွင်းမှာပဲဆက်ပြီးနေထိုင်ကြရမှာဖြစ်ပါတယ်။

NSW Premier Gladys Berejiklian is expected to announce a four-week extension to the Greater Sydney COVID-19 lockdown on Wednesday.
NSW Premier Gladys Berejiklian is expected to announce a four-week extension to the Greater Sydney COVID-19 lockdown on Wednesday. Source: AAP

1 min read

Published

Updated

By Claudia Farhart

Presented by Shah Paung



Skip to article content

ဆစ်ဒနီမြို့တွင်း နယ်နိမိတ်ကို အနည်းဆုံး နှစ်ပတ်ကြာ ထပ်တိုးလိုက်တယ်လို့ နယူးဆော့သ်ဝေးပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကြေညာလိုက်ပါတယ်။

အိမ်ထဲမှာပဲနေထိုင်ရမယ်ဆိုတဲ့အမိန့်ကို သောကြာနေ့ ဇူလိုင်လ ၃၀ရက်နေ့လောက်မှ အစောဆုံးဖယ်ရှားနိုင်လိမ့်မယ်လို့လည်းပြောပါတယ်။

ဗုဒ္စဟူးနေ့စာရင်းအရ နယူဆော့သ်ဝေးပြည်နယ်မှာ ဒေသအတွင်း ကိုရိနာဗိုင်းရပ် ကူးစက်ခံရသူ ၉၇ ဦးထပ်တိုးလာပြီး အဲဒီထဲက ၂၄ဦးဟာ လူမှုအသိုင်းအဝိုင်းအတွင်းရောဂါကူးစက်ခံရသူတွေဖြစ်ပါတယ်။

မဖြစ်မနေ အလုပ်သွားရမယ့် အလုပ်သမားတွေကလွဲရင် နှစ်ပတ်ကြာ ပိတ်ချမှုထပ်တိုးလိုက်တဲ့အတောအတွင်း နေအိမ်အတွင်းမှာပဲ ဆက်လက်ပြီး စာသင်ကြားကြရမှာဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူလူသစ်တွေထဲက အယောက် ၇၀ ဟာ ဆစ်ဒနီမြို့ အနောက်တောင်ဘက်မှာနေထိုင်သူတွေဖြစ်တယ်လို့ နယူးဆော့သ်ဝေး ပြည်နယ်နယ် ကျန်းမာရေးဌာနအကြီးအကဲ Dr Kerry Chant ကပြောပါတယ်။

Long queues of cars are seen at a pop up Covid testing clinic at the Fairfield Showgrounds in Sydney on Wednesday morning.
Long queues of cars are seen at a pop up Covid testing clinic at the Fairfield Showgrounds in Sydney on Wednesday morning. Source: AAP

တဆက်တည်းမှာပဲနယူးဆော့သ်ဝေးကနေ ပြန်လည်တဲ့ မိသားစုတွေနဲ့ ဆက်စပ်ပြီးတော့ ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ဒေသတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၇ဦးတိုးလာပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now