ဆစ်ဒနီမြို့တွင်း နယ်နိမိတ်ကို အနည်းဆုံး နှစ်ပတ်ကြာ ထပ်တိုးလိုက်တယ်လို့ နယူးဆော့သ်ဝေးပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကြေညာလိုက်ပါတယ်။
အိမ်ထဲမှာပဲနေထိုင်ရမယ်ဆိုတဲ့အမိန့်ကို သောကြာနေ့ ဇူလိုင်လ ၃၀ရက်နေ့လောက်မှ အစောဆုံးဖယ်ရှားနိုင်လိမ့်မယ်လို့လည်းပြောပါတယ်။
ဗုဒ္စဟူးနေ့စာရင်းအရ နယူဆော့သ်ဝေးပြည်နယ်မှာ ဒေသအတွင်း ကိုရိနာဗိုင်းရပ် ကူးစက်ခံရသူ ၉၇ ဦးထပ်တိုးလာပြီး အဲဒီထဲက ၂၄ဦးဟာ လူမှုအသိုင်းအဝိုင်းအတွင်းရောဂါကူးစက်ခံရသူတွေဖြစ်ပါတယ်။
မဖြစ်မနေ အလုပ်သွားရမယ့် အလုပ်သမားတွေကလွဲရင် နှစ်ပတ်ကြာ ပိတ်ချမှုထပ်တိုးလိုက်တဲ့အတောအတွင်း နေအိမ်အတွင်းမှာပဲ ဆက်လက်ပြီး စာသင်ကြားကြရမှာဖြစ်ပါတယ်။
ရောဂါကူးစက်ခံရသူလူသစ်တွေထဲက အယောက် ၇၀ ဟာ ဆစ်ဒနီမြို့ အနောက်တောင်ဘက်မှာနေထိုင်သူတွေဖြစ်တယ်လို့ နယူးဆော့သ်ဝေး ပြည်နယ်နယ် ကျန်းမာရေးဌာနအကြီးအကဲ Dr Kerry Chant ကပြောပါတယ်။

တဆက်တည်းမှာပဲနယူးဆော့သ်ဝေးကနေ ပြန်လည်တဲ့ မိသားစုတွေနဲ့ ဆက်စပ်ပြီးတော့ ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ဒေသတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၇ဦးတိုးလာပါတယ်။

