NSW မှာကိုဗစ်-၁၉ ရှိသူ ၁၂၄ဦးတိုးလာ၊ Vic မှာ ရောဂါရှိသူ ၂၆ဦးတိုးလာ

နယူးဆော့သ်ဝေးပြည်နယ်အတွင်း ဒီကနေ့ စာရင်းဖော်ပြချက်အရ ကိုဗစ် -၁၉ ကူးစက်သူ ၁၂၄ ဦးတိုးလာပြီး ဗစ်တိုးရီးယားပြည်နယ်အတွင်း ဒီကနေ့ စာရင်းဖော်ပြချက်မှာတော့ ရောဂါကူးစက်ခံရသူ ၂၆ဦးတိုးလာပါတယ်။

A pop up testing facility at the MCG

Jeroen Weimar says finding the source of the mystery case is a "needle in a haystack exercise". (AAP) Source: AAP

ဒီကနေ့ဖော်ပြတဲ့ နယူးဆော့သ်ဝေးနဲ့ ဗစ်တိုးရီးယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့စာရင်းဟာ ရောဂါအသစ်တဖန်ပြန်လည်ဖြစ်ပွားတဲ့ကာလအတွင်း အများဆုံးဖြစ်ပါတယ်။

နယူးဆော့သ်ဝေးပြည်နယ်အတွင်း အသစ်တိုးလာတဲ့ ကိုဗစ်-၁၉ရောဂါရှိသူတွေထဲက ၄၈ဦး ဟာ လူမှုအသိုင်းအဝ်ိုင်းအတွင်း ကူးစက်မှုဖြစ်ပါတယ်။

လက်ရှိကိုဗစ်-၁၉ရောဂါရှိသူတွေထဲက ၁၁၈ဦး ဆေးရုံတင်ထားရပြီး ကျန် ၂၈ဦးကတော့ အနီးအကပ်စောင့်ကြည့်ရတဲ့အနေအထားမှာရှိပါတယ်။ ကျန် ၁၄ဦးကတော့ အသက်ရှူစက်အထောက်အပံ့ တပ်ဆင်ထားရပါတယ်။

အခုလိုကူးစက်မှုကိုကြည့်ခြင်းအားဖြင့် ဒီထက်များတဲ့ ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့ နယူးဆော့သ်ဝေးပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကပြောပါတယ်။

လက်ရှိရောဂါရှိသူ ၁၆၄၈ ယောက်ဟာ ဇွန်လ ၁၆ရက်ကစပြီးဖြစ်ပွားတဲ့ရောဂါနေရာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

ဗစ်တိုးရီးယားပြည်နယ်အတွင်း ဒီကနေ့ စာရင်းဖော်ပြချက်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၂၆ဦးထပ်မံတိုးလာတဲ့တွက် အခုပြည်နယ်အတွင်းမှာ ရောဂါရှိသူပေါင်း ၁၄၆ဦးရှိပါတယ်။

ဟိုတယ်ကွာရင်တင်းထဲမှာလည်း ရောဂါရှိသူ ၂ဦးထပ်တိုးလာပါတယ်။

လက်ရှိမှာ ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါရှိသူ ၅ဦးကို ဆေးရုံတင်ထားရပြီး အမျိုးသားတဦးကတော့ အသက်ရှူစက်တပ်ထားရပါတယ်။

ရောဂါရှိသူနဲ့ အနီးကပ်ဆုံးနေခဲ့ရသူ ၁၈၀၀၀ ရှိပြီး သူတို့အားလုံးဟာ သီးသန့်နေထိုင်နေကြပြီးဖြစ်ပါတယ်။

ရောဂါကူးစက်ပြန့်ပွားတဲ့နေရာပေါင်း ၃၈၀ သတ်မှတ်ထားပါတယ်။

ဆော့သ် သြစတြေးလျားပြည်နယ်အတွင်းမှာတော့ ဒီကနေ့စာရင်းဖော်ပြချက်မှာ ကိုဗစ်-၁၉ ရောဂါရှိသူ ၂ဦးထပ်မံတိုးလာပါတယ်။


Share

1 min read

Published

Updated

By SBS News

Presented by Shah Paung

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now