NSW မှာ ကူးစက်သူ ၅၈၇ ဦးသာရှိ၊ တင်းကြပ်မှုတချို့ ထပ်မံဖြေလျှော့မယ်

New South Wales ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၅၈၇ ဦးသာ ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တင်းကြပ်မှု တချို့ကို ထပ်မံ လျှော့ချပေးဖို့ရှိပါတယ်။

NSW Premier Dominic Perrottet speaks during a press conference at Government House on 6 October, 2021 in Sydney.

NSW Premier Dominic Perrottet speaks during a press conference at Government House on 6 October, 2021 in Sydney. Source: Getty Images AsiaPac

ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုးထားသူ လူဦးရေ ၇၀% ရှိလာတဲ့အတွက် တနင်္လာနေ့ကစပြီး တင်းကြပ်မှုတချို့ကို ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။

တနင်္လာနေ့ကစပြီး အိမ်မှာ ဧည့်သည် ၅ ဦးအစား ၁၀ ဦးအထိ (၁၂ နှစ်အောက် ကလေးတွေကို ထည့်မတွက်) လက်ခံခွင့်ရှိပြီး အိမ်ပြင်ပမှာ အယောက် ၂၀ ကနေ ၃၀ အထိ စုဝေးခွင့်ရှိပါတယ်။

အဆောက်အဦးပြင်ပမှာ ပြုလုပ်တဲ့ မင်္ဂလာဆောင်နဲ့ အသုဘအခမ်းအနားတွေမှာလည်း လူ ၅၀ ဦးအစား ၁၀၀ အထိ စုဝေးခွင့်ရှိပါတယ်။ ရေကူးသင်တန်းတွေနဲ့ အခြား ရေကူးလေ့ကျင့်ရေးသင်တန်းတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် ရေကူးကန်တွေကို ပြန်လည်ဖွင့်ပေးမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်ကစပြီး ကလေးအားလုံး ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။ Kindergarten, တစ်တန်းနဲ့ ၁၂ တန်း ကျောင်းသားတွေက အောက်တိုဘာ ၁၈ ရက်မှာ ကျောင်းစတက်ခွင့်ရမှာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်အသစ် Dominic Perrottet က မကြာခင်အတောအတွင်း ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုးသူ လူဦးရေ ၈၀% ပြည့်တော့မယ်လို့လည်း ဒီကြာသပတေးနေ့မှာ ပြောပါတယ်။

ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးသူ ၈၀% ရှိလာတဲ့အခါကြရင် လက်မှတ်ရောင်းတဲ့ အောက်ဒိုးပွဲတွေမှာ လူ ၅၀၀ ကနေ အယောက် ၃၀၀၀ အထိ စုဝေးခွင့်ရမှာဖြစ်သလို နိုက်ကလပ်တွေလည်း ပြန်ဖွင့်ခွင့်ရမှာ ဖြစ်ပေမယ့် တနေရာပြီး တနေရာ လျှောက်သွားလို့မရပဲ ထိုင်စားသောက်ရမှာ ဖြစ်ပါတယ်။

အဲဒီအဆင့်ကြရင် နေအိမ်မှာ ဧည့်သည် အယောက် ၂၀၊ အိမ်ပြင်ပမှာ အယောက် ၅၀ အထိ စုဝေးခွင့်ရပြီး ရုံးတွေထဲမှာ နှာခေါင်းစည်းတွေ တပ်ဆင်စရာ မလိုတော့ပါဘူး။

Greater Sydney, Blue Mountains, Wollongong, Shellharbour နဲ့ Central Coast ကလွဲပြီး တခြားနယ်ဒေသက အလုပ်သမားတွေအနေနဲ့ အောက်တိုဘာလ ၁၁ ရက် မတိုင်ခင် ကာကွယ်ဆေး ထိုးထားရင် အလုပ်ပြန်ဝင်ခွင့်ရှိမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မတိုင် နှစ်ချောင်းစလုံး အပြီးထိုးရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြေလျှော့မှုတွေဟာ ကာကွယ်ဆေး ထိုးပြီးသားလူတွေအတွက်သာ အကျုံးဝင်တယ်လို့လည်း သိရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူ ၁၆၃၈ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။

ဒီတချီမှာ ဖြစ်ပေါ်တဲ့ ကိုဗစ်-၁၉ ကြောင့် ပြည်နယ်အတွင်းမှာ သေဆုံးရသူက အယောက် ၇၀ ရှိသွားပြီ ဖြစ်ပါတယ်။

Royal Children's Hospital ရဲ့ ကလေးကင်ဆာဌာနမှာ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်လို့ အထူးစိုးရိမ်နေကြပါတယ်။

Kookaburra cancer care ခန်းမမှာ လူနာစောင့်တစ်ဦး ရောဂါရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီခန်းမကို tier one exposure site လို့ သတ်မှတ်ပြီး အဲဒီခန်းမဆီကို ဦးတည်တဲ့ လမ်းကြောင်းတစ်ခုလုံးကို tier two site အဖြစ် သတ်မှတ်ထားပါတယ်။

ရောဂါရှိသူနဲ့ ထိတွေ့မှုရှိသူလို့ ယူဆရတဲ့ လူနာနဲ့ လူနာစောင့်တွေအားလုံးကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားမှု လုပ်ဆောင်ထားပြီး မနေ့ကအထိ ရောဂါကူးစက်မှု မရှိဘူးလို့ သိရပါတယ်။


Share

2 min read

Published

Updated

By Dijana Damjanovic

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now