NSW မှာ နောက်ထပ် ၂၄ ဦး ကူးစက်၊ တခြားပြည်နယ်မှာ တိုးလာမှုမရှိ

New South Wales ပြည်နယ်မှာ ကြာသပတေးနေ့ စာရင်းအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၂၄ ဦး တိုးလာပြီး အဲဒီအထဲက ၁၂ ဦးဟာ ရောဂါကူးစက်ခံရတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာမှု လုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

Premier Gladys Berejiklian at a press conference for a COVID-19 update in Sydney, Wednesday, June 30, 2021. (AAP Image/Mick Tsikas) NO ARCHIVING

Premier Gladys Berejiklian at a press conference for a COVID-19 update in Sydney, Wednesday, June 30, 2021. Source: AAP

အိမ်ကနေတဆင့် အလုပ်လုပ်လို့ မရတဲ့ အမှုထမ်းတချို့ဟာ ရောဂါ လက္ခဏာပြနေတုန်း အိမ်အပြင်ထွက်တာတွေ ဒါမှမဟုတ် အလုပ်ကို သွားလာတာမျိုး လုပ်ခဲ့တာရှိတဲ့အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ပြောပါတယ်။

ဗုဒ္ဒဟူးနေ့တုန်းက ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့ အသက် ၂၄ နှစ်အရွယ် သူနာပြုတစ်ဦးမှာ ကိုဗစ်ရောဂါရှိကြောင်း တွေ့ရပြီးနောက် အမှုထမ်းအပါအဝင် လူနာ ၁၀၀ ကျော်ကို သီးသန့်ခွဲခြားနေထိုင်တာမျိုး လုပ်ခိုင်းထားရပါတယ်။

အဲဒီ သူနာပြုရဲ့ အိမ်သား တစ်ဦးလည်း ရောဂါကူးစက်သလို သူငယ်ချင်း တစ်ဦးလည်း ကူးစက်ခံနေရပါတယ်။

ရောဂါရှိသူ တစ်ဦးနဲ့ ထိတွေ့ဆက်ဆံမှု ရှိသူက Fairfield နဲ့ Royal North Shore ဆေးရုံမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် ရှိသူနဲ့ ထိတွေ့မှု ရှိသူက ဆစ်ဒနီမြို့ Baulkham Hills မှာရှိတဲ့ SummitCare မှာ အလုပ်လုပ်ကိုင်သူ ဖြစ်ပါတယ်။

SummitCare က သူတို့ရဲ့ အမှုထမ်းတစ်ဦး ကူးစက်ခံရကြောင်း ထုတ်ပြန်ထားပြီး တခြားလူတွေ လောလောဆယ် ကူးစက်ခံရမှု မရှိသေးတဲ့အကြောင်း၊ အမှုထမ်းတွေကို နေ့စဉ် ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူခိုင်းမယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာ ကူးစက်ခံရသူတွေဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကူးစက်မှုနဲ့ ဆက်စပ်တာဖြစ်ပြီး ၁၁ ဦးက တအိမ်တည်းသားတွေဖြစ်လို့ ကူးစက်ခံရတာဖြစ်ပေမယ့် နောက်ထပ် ၇ ဦးကတော့ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Bondi မှာ စတင်ကူးစက်ပြန့်နှံ့တဲ့ ဖြစ်ရပ်ကတော့ အခုလောလောဆယ် တိုးလာခြင်းမရှိပဲ ကူးစက်ခံရသူ ၁၇၅ ဦး ရှိပါတယ်။

အခုဆိုရင် ဆစ်ဒနီမြို့ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ ပြေးဆွဲတဲ့ ဘတ်စ်ကားနဲ့ ရထားတွေကိုလည်း ရောဂါ ရှိသူတွေ အသုံးပြုခဲ့လို့ စစ်ဆေးမှု ခံယူကြဖို့ တိုက်တွန်းထားပါတယ်။

ကြာသပတေးနေ့မှာ ထုတ်ပြန်ချက်အရ ရောဂါ ရှိသူ တစ်ဦးဟာ ဗုဒ္ဒဟူးနေ့တုန်းက ဆစ်ဒနီမြို့Olympic Park မှာ ရှိတဲ့ ကာကွယ်ဆေးထိုးပေးတဲ့ ဆေးခန်းတစ်ခုဆီ လာရောက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလူဟာ ညနေ ၃ နာရီခွဲကနေ ၅ နာရီအကြား သွားလာခဲ့တဲ့အတွက် အဲဒီ နေရာကို သန့်စင်ဆေးကြောမှု လုပ်ထားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကာကွယ်ဆေး ထိုးစရာလိုရင် ရက်ချိန်းအတိုင်း ဆက်လက် လာရောက်နိုင်တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ ရောဂါ ရှိသူနဲ့ ထိစပ်သူ close contact လို့ သတ်မှတ်ခံရသူတွေအနေနဲ့ လာရောက်ခြင်း မပြုဖို့ ပြောပါတယ်။

ဗစ်တိုးရီးယားပြည်နယ်၊ South Australia ပြည်နယ်နဲ့ Western Australia ပြည်နယ်မှာတော့ ကြာသပတေးနေ့မှာ ရောဂါ ကူးစက်သူ အသစ် တိုးလာခြင်း မရှိပါဘူး။

With AAP.


Share

2 min read

Published

By Rashida Yosufzai




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now