SKIP TO MAIN CONTENT

NSW မှာ ရောဂါကူးစက်သူ ၂၆၂ဦးတိုးလာ၊ ဆဠမအကြိမ်မြောက် ဗစ်တိုးရီးယားပြည်နယ်ပိတ်ချခံရ

နယူးဆော့သ်ဝေးပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၁၆၂ဦး တိုးလာပြီး လူ ၅ဦး ထပ်မံသေဆုံးခဲ့ရတဲ့ တချိန်တည်းမှာပဲ ဗစ်တိုးရီးယားပြည်နယ်ကိုလည်း ပိတ်ချလိုက်ပြီ ဖြစ်ပါတယ်။

Victorian and New South Wales Premiers have decided to close the border between Victoria and NSW.
Victorian and New South Wales Premiers, Daniel Andrews and Gladys Berejiklian. Source: AAP

1 min read

Published

By SBS News

Presented by Shah Paung

Source: SBS


Skip to article content

ရောဂါကူးစက်သူနဲ့ သေဆုံးသူဦးရေ ထပ်မံတိုးလာတာကြောင့် နယူးဆော့သ်ဝေးက Hunter နဲ့ Upper Hunter နယ်ဒေသတွေပါပိတ်ချလိုက်ရပါတယ်။

ကြာဿပတေးနေ့မှာထုတ်ပြန်တဲ့စာရင်းထဲမှာ သေဆုံးသူ ၅ဦးထဲက ၃ဦးဟာ အသက် ၆၀ အရွယ်တွေဖြစ်ကြပြီး ကျန် ၂ဦးကတော့ အသက် ၇၀အရွယ်တဦးနဲ့ အသက် ၈၀အရွယ်တဦးဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူ လူသစ်တွေထဲက ၄၅ဦးထက်မနည် လူမှုအသိုင်းအဝိုင်းအတွင်း ကူးစက်မှုဖြစ်ပါတယ်။

ရောဂါစတင်ဖြစ်ပွားကတည်းက ဒီကနေ့ထုတ်ပြန်ချက်ဟာ နယူးဆော့သ်ဝေးရဲ့ အဆိုးဆုံး ရက်တရက်ဖြစ်ပါတယ်။

စွန့်ပစ်ရေစနစ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့နောက် Hunter နဲ့ Upper Hunter နယ်ဒေသတွေကို သီးတင်းတပတ် ပိတ်ချသွားမှာဖြစ်တယ်လို့ နယူးဆော့သ်ဝေးပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။

တချိန်တည်းမှာပဲ ဗစ်တိုးရီးုယားပြည်နယ်ကလည်း ရောဂါရှိသူထပ်မံတိုးလာတဲ့နောက် ပြည်နယ်တခုလုံးကို ၇ရက်တာပိတ်ချလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ပွားကတည်းကဆိုရင် အခုတကြိမ်ပိတ်ချမှုဟာ ဗစ်တိုးရီးယားပြည်နယ်ရဲ့ ၆ကြိမ်မြောက်ပိတ်ချမှုဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့အနောက်ဘက်ခြမ်းက ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်အောင် ကြာဿပတေးနေ့ ည ၈နာရီကနေစပြီး ပြည်နယ်တခုလုံးကို ၇ရက်တာ ပိတ်ချလိုက်တယ်လို့ ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် Daneal Andrews က ဒီကနေ့ ကြာဿပတေးနေ့ညနေပိုင်းမှာပဲကြေညာလိုက်တာဖြစ်ပါတယ်။

ပိတ်ချမှုကာလအတွင်းလိုက်နာရမယ့် စည်းကမ်းချက်တွေကတော့ အရင်တခေါက်က ပိတ်ချမှုလိုပဲဖြစ်ပါတယ်။ အဲဒီထဲမှာ မိမိနေအိမ်နဲ့ ၅ကီလိုမီတာအကွာအဝေးအတွင်းသာသွားလာရမှာဖြစ်သလို လိုအပ်တဲ့စားစရာ ပစ္စည်းတွေအတွက်သာ ဈေးဝယ်ထွက်ခွင့်ရှိပြီး အထဲအပြင်အားလုံး ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်ကြရမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။

မနေက်ဖြန် သောကြာနေ့ စာရင်းထဲမှာပါဝင်မယ့် ရောဂါကူးစက်ခံရသူ လူအသစ် ၂ဦးဟာ ကိုဗစ်-၁၉ ရောဂါရှိတဲ့ Al-Taqwa College ကျောင်းက ကျောင်းဆရာမတဦးနဲ့ သူမရဲ့အမျိုးသားနဲ့ အနီးအကပ်နေခဲ့ရသူတွေဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ Hobsons Bay ကောင်စီအတွင်းနေထိုင်ကြတဲ့ အသက် ၂၀၀န်းကျင်အရွယ်တွေဖြစ်ကြပါတယ်။

Al-Taqwa College ကျောင်းဟာ ဇူလိုင်လ ၂၈ကနေ ၃၀ရက်နေ့အထိ ပထမအဆင့် ရောဂါကူးစက်ပြန့်ပွားတဲ့နေရာတခုဖြစ်တာကြောင့် ပိတ်ချခံထားရတာဖြစ်ပါတယ်။ ဒီကျောင်းမှာ ကျောင်းသားဦးရေ ၂၀၀၀ ကျော်နဲ့ ဝန်ထမ်းပေါင်း ၃၀၀ ရှိပြီး သူတို့အားလုံးကို ဆေးစစ်ထားသလို ရောဂါခြေချုပ်နဲ့သီးသန့် နေကြရသူတွေဖြစ်ပါတယ်။

အခုလိုအခြေအနေတွေကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်နယ်တခုလုံးကို ပိတ်ချလိုက်တာလည်းဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now