SKIP TO MAIN CONTENT

NSW မှာကိုဗစ်-၁၉ကြောင့်လူ ၂ဦးထပ်မံသေဆုံး၊ ရောဂါကူးစက်ခံရသူ ၁၄၅ဦးတိုးလာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက ဆစ်ဒနီမြို့လယ်ကောင်အတွင်း ပိတ်ချမှုကို ကန့်ကွက်တဲ့ ဆန္ဒပြမှုဟာ ရောဂါဖြန့်ဝေတဲ့ပွဲတခုလိုများဖြစ်လာလေမလားလို့ စိုးရိမ်မှုတွေရှိနေချိန် မှာပဲ အခုလို လူ ၂ဦးထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။

Gladys Berejiklian has urged residents of Greater Sydney to follow the lockdown rules as NSW's COVID-19 case numbers continue to rise.
Gladys Berejiklian has urged residents of Greater Sydney to follow the lockdown rules as NSW's COVID-19 case numbers continue to rise. Source: AAP

1 min read

Published

By SBS News

Presented by Shah Paung

Source: SBS



Skip to article content

နယူးဆော့သ်ဝေးပြည်နယ်မှာ ကိုဗစ် - ၁၉ကြောင့် လူ ၂ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနက အတည်ပြုခဲ့ပါတယ်။ အခုသေဆုံးသူတွေဟာ လက်ရှိရောဂါကူးစက် ပြန့်ပွားမှုနဲ့ဆက်စပ်ပြီး ၉ယောက်နဲ့ ၁၀ယောက်မြောက်သေဆုံးသူတွေဖြစ်ပါတယ်။

ဒီကနေ့ တနင်္လာနေ့မနက်မှာပဲ အသက် ၈၀ အရွယ်အမျိုးသားတဦး Campbelltown Hospital မှာသေဆုံးခဲ့သလို အသက် ၈၀ အရွယ် အမျိုးသမီးတဦးကလည်း သူမရဲ့ Pendle Hill နေအိမ်မှာ တနင်္လာနေ့ နေ့လည်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

အခုသေဆုံးသူ ၂ဦးနဲ့ဆိုရင် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက နယူးဆော့သ်ဝေး ပြည်နယ်အတွင်းသေဆုံးသူ ၆၆ဦးရှိသွားပြီးဖြစ်ပါတယ်။ တနင်္လာနေ့ စာရင်ဖော်ပြချက်အရ လူပေါင်း ၉၈၀၀၀ ဆေးစစ်ချက် အဖြေကနေ ရောဂါရှိသူ ၁၄၅ဦး ထပ်တိုးလာပါတယ်။

လက်ရှိမှာ နယူးဆော့သ်ဝေး အထူးကြပ်မှတ်ဆောင်အတွင်း ကိုဗစ်-၁၉ လူနာ ၄၄ဦးရှိပြီး ၁၈ဦးကတော့ အသက်ရှူစက်ကိရိယာတပ်ဆင်ထားရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ဆစ်ဒနီရဲ့ ကိုဗစ်အဖြစ်များဆုံး Fairfield ရပ်ကွက်အတွင်းနေလူတွေ အိမ်ထဲမှာပဲနေထိုင်ပေးကြတဲ့အတွက် သူတို့ကိုကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးဌာနအကြီးအကဲ Kerry Chant ကလည်း ဆစ်ဒနီ အနောက်တောင် ပိတ်ချ ကန့်သတ်ချက်အတွင်းမှာနေထိုင်သူတွေအားလုံးကို ချီးကျုးလိုက်ပါတယ်။

ဒါ့အပြင် အင်္ဂါနေ့ကျရင် NSW အစိုးရက လူတွေအနေနဲ့ အထူးသဖြင့် ခုခံစွမ်းအားနည်းတဲ့သူတွေ AstraZeneca ကာကွယ်ဆေးထိုးနိုင်အောင် နေရာတချို့ ချထားပေးမှာဖြစ်တယ်လို့ ဒေါက်တာ Chant က အရိတ်အယောင်ပြပြောဆိုခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now