Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

NSW နဲ့ Vic မှာ အဆောက်အဦးအတွင်း နှာခေါင်းစည်း တပ်ဆင်ရမယ်လို့ ပြန်လည်သတ်မှတ်

နယူးဆောက်သ်ဝေးလ် ပြည်နယ်နဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင် များလာတဲ့နောက်ပိုင်း အဆောက်အဦးအတွင်းမှာ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ သတ်မှတ်လိုက်သလို Western Australia ပြည်နယ်မှာလည်း တင်းကြပ်မှုတွေ ချမှတ်ထားမှာ ဖြစ်ပါတယ်။

NSW Premier Dominic Perrottet
NSW Premier Dominic Perrottet Source: AAP

နယူးဆောက်သ်ဝေးလ်မှာ ဒီကနေ့ ကူးစက်သူ ၅၇၁၅ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်သူ ၂၀၀၅ ဦးရှိပြီး ၁၀ ဦး သေဆုံးခဲ့ရပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ မနက်ဖြန်ကစပြီး အဆောက်အဦးအတွင်းမှာ နှာခေါင်းစည်းတပ်ဆင်ဖို့သတ်မှတ်ထားသလို စားသောက်ဆိုင်တွေမှာလည်း လူဦးရေ ကန့်သတ်မှုတွေလုပ်ရမှာဖြစ်ပြီး ဆေးရုံနဲ့ လက်လီ ဆိုင်တွေမှာ QR check-in တွေ လုပ်ရမှာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာလည်း မနက်ဖြန်ကစပြီး အသက် ၈ နှစ်ကျော်သူတိုင်း နေအိမ်ကလွဲရင် တခြားအဆောက်အဦးအတွင်းမှာ နှာခေါင်းစည်းတပ်ဆင်ဖို့ ညွန်ကြားထားသလို လူဦးရေ ၃၀၀၀၀ ကျော်တဲ့ အခမ်းအနားတွေမှာလည်း နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ဆင်ရမယ်လို့ ဆိုပါတယ်။

Western Australia ပြည်နယ်မှာလည်း အများပြည်သူဆိုင်ရာ အဆောက်အဦးအတွင်းနဲ့ နိုက်ကလပ်တွေမှာ ဒီဇင်ဘာလ ၂၈ ရက်အထိ နှာခေါင်းစည်းတပ်ဆင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်က စားသောက်ဆိုင်၊ pubs, clubs၊ ကော်ဖီဆိုင်တွေအားလုံး ဆိုင်အတွင်းမှာ တစ်ဦးနဲ့တစ်ဦး ၂ စတုရန်းမီတာ အကွာမှာ နေထိုင်ရမယ်လို့ သတ်မှတ်ထားပေမယ့် အောက်ဒိုးမှာတော့ လူဦးရေ ကန့်သတ်ခြင်း မရှိပါဘူး။

ဆေးရုံတွေနဲ့ ဈေးဆိုင်တွေကို ဝင်တဲ့အခါ QR check-in လုပ်ရမယ်လို့လည်း ဆိုပါတယ်။

နေအိမ်မှာနေပြီး အလုပ်လုပ်လို့ရရင် နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

PCR ရောဂါ စမ်းသပ်စစ်ဆေးမှုအစား rapid antigen စမ်းသပ်မှုတွေ ပိုမိုလုပ်နိုင်ဖို့ တွန်းအားပေးထားပြီး rapid antigen စမ်းသပ်မှုကို အခမဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ စီစဉ်မယ်လို့လည်း ပြောပါတယ်။

South Australia ပြည်နယ်မှာ ကူးစက်သူ ၄၈၄ ဦးရှိပြီး ဒါဟာ ပြည်နယ်အတွင်းမှာ အများဆုံး ကူးစက်ခံရတဲ့နေ့အဖြစ် စံချိန်သစ် တင်နေတာ ဖြစ်ပါတယ်။

ကွင်းစလန်းပြည်နယ်မှာလည်း တစ်ရက်တည်းမှာ ကူးစက်သူ ၃၆၉ ဦးရှိပြီး ဒါဟာ တစ်ရက်အတွင်း အများဆုံး ကူးစက်ခံရတဲ့နေ့အဖြစ် စံချိန်သစ် တင်နေပါတယ်။

 


1 min read

Published

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now