WA ထဲကိုသွားရောက်လိုတဲ့ NSW ခရီးသွားတွေ မကြာခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားတဲ့ အထောက်အထားပြရမယ်

လာမယ့် အင်္ဂါနေ့ကစပြီး နယူးဆော့သ်ဝေးကနေ Western Australia ထဲကိုရောက်လာကြမယ့်သူတွေအနေနဲ့ အနည်းဆုံး ကာကွယ်ဆေးတကြိမ်ထိုးထားကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း သက်သေအထောက်အထားပြရမှာဖြစ်ပါတယ်။

WA Premier Mark McGowan speaks at a press conference in Perth on Tuesday, 29 June, 2021.

WA Premier Mark McGowan speaks at a press conference in Perth on Tuesday, 29 June, 2021. Source: AAP

Western Australia ရဲ့ ပိုမိုတင်းကြပ်လိုက်တဲ့ အစီအစဉ်တရပ်အနေနဲ့ နယူးဆော့သ်ဝေးကနေရောက်လာကြမယ့် သူတွေကို အနည်းဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တကြိမ်ထိုးထားကြောင်းအထောက်အထားတွေ တောင်းဆို သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသွားတွေအနေနဲ့ ခရီးမထွက်ခွာခင် ၇၂နာရီအလိုမှာ PCR စမ်းသပ်ထားတဲ့ ရောဂါမရှိကြောင်းရလဒ်အဖြေ အထောက်အထားကို ပြသရမှာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Mark McGowan က ဒီကနေ့သောကြာနေ့မှာပဲ ကြေညာလိုက်ပါတယ်။

အခုစည်းကမ်းသတ်မှတ်ချက်ဟာ လာမယ့်အင်္ဂါနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။

သောကြာနေ့မှာ နယူးဆော့သ်ဝေးက ရောဂါရှိသူ ၃၉၀ ယောက် ထပ်မံတိုးလာပြီး နောက်ထပ် လူ ၄ဦးသေဆုံးကြောင်း ကြေညာအပြီးအခုလို လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

သောကြာနေ့ အစိုးရကက်ဘိနက်အဖွဲ့ အစည်းအဝေးပြီး Western Austarlia ရဲ့ စီစဉ်သတ်မှတ်ချက်အသစ်ကို ဗစ်တိုးရီးယား ပြည်နယ်ဝန်ကြီးချုပ် Scott Morrison ကလည်းထောက်ခံလိုက်ပါတယ်။

ဒါပေမယ့် သြစတြေးလျားပြည်သူအများစု ကာကွယ်ဆေးထိုးပြီးသွားလို ဒီလိုစည်းကမ်းသတ်မှတ်မျိုးကို ဆက်လက်ပြီး မထားရှိသင့်ဘူးလို့ Mr Morrsion က သတိပေးလိုက်ပါတယ်။

လက်ရှိမှာ NSW, Victoria, Queensland နဲ့ South Australia ပြည်နယ်တွေဟာ နယ်စပ်စည်းကမ်းချက် တင်းကျပ်ထားပြီး ခရီးသွားအများစုကို ဝင်ခွင့်တားမြှင့်ထားပါတယ်။


Share

1 min read

Published

Updated

Presented by Shah Paung

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now