နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးတဲ့ ၄ နှစ်သမီးကို အသက်ရှင်လျက် ပြန်တွေ့

Western Australia ပြည်နယ် camp site တစ်ခုကနေ ပျောက်ဆုံးသွားတဲ့ အသက် ၄ နှစ်အရွယ် Cleo Smith ကို ဒီမနက်မှာပဲ အသက်ရှင်လျက် ပြန်တွေ့ရပါတယ်။

A 36-year-old man from Carnarvon is in custody and is being questioned in relation to the suspected abduction.

A 36-year-old man from Carnarvon is in custody and is being questioned in relation to the suspected abduction. Source: Ellie Smith, Instagram

WA ရဲတွေက Carnarvon မှာ ရှိတဲ့ နေအိမ်တစ်အိမ်မှာ ကလေးငယ်ကို ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့တုန်းက အသက် ၄ နှစ်အရွယ် ကလေးမလေးဟာ Blowholes campsite မှာ မိသားစုနဲ့အတူတူ တဲထိုးနေတုန်း ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

Cleo Smith ဟာ မိခင်ဖြစ်သူနဲ႔၊ မိခင်ဖြစ်သူရဲ့ နောက်အိမ်ထောင်အပြင် မအေတူ ဖအေကွဲ ၇ လသားအရွယ် ညီမဖြစ်သူနဲ့ တဲထိုးနေတာဖြစ်ပြီး မိဘနှစ်ဦးက တဲရဲ့ အကန့်တဖက်မှာ အိပ်နေတာဖြစ်ပြီး မောင်နှမနှစ်ယောက်က တဲရဲ့ တဖက်ခြမ်းမှာ အိပ်နေတုန်း ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။
Ellie Smith woke to find the tent open and Cleo missing, along with her sleeping bag.
Cleo's mother had woken to find the tent open and Cleo missing, along with her sleeping bag. Source: Instagram/Ellie Smith
မနက် ၆ နာရီလောက်မှာသမီးကြီးဖြစ်သူ ပျောက်သွားတာကို မိခင်ဖြစ်သူက သတိထားမိသွားတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံတလွှားမှာ ကလေးမရဲ့ ဓာတ်ပုံနဲ့အတူ လူပျောက်ကြော်ငြာပြီး အချက်အလက် သိသူတွေကို ဆုကြေး ဒေါ်လာ တစ်သန်းပေးမယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ဒီကနေ့ အစောပိုင်းမှာပဲ Cleo Smith ကို နေအိမ်တစ်အိမ်မှာ ရှာတွေ့ပြီး Cleo ကို အသက်ရှင်လျက် ကျန်းမာစွာ တွေ့ရတာဖြစ်တယ်လို့ ဒုတိယ ရဲကော်မရှင် Col Blanch က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
သော့ခတ်ထားတဲ့ Carnarvon က နေအိမ်တစ်အိမ်ထဲကို ရဲတွေက ဗုဒ္စဟူးနေ့ မနက် ၁ နာရီမှာ ဝင်ရောက်ပြီး ရှာဖွေရာက Cleo အခန်းတစ်ခန်းထဲမှာ တွေ့ခဲ့တာလို့ ပြောပါတယ်။

ကလေးမလေးကို တွေ့တဲ့ရဲက ကလေးကို ပွေ့ချီပြီး "သမီးနာမည် ဘယ်လိုခေါ်သလဲ"လို့ မေးတဲ့အခါ လေးနှစ်အရွယ်ကလေးက "သမီးနာမည်က Cleo" လို့ ဖြေဆိုခဲ့တယ်လို့ ပြောပါတယ်။

ကလေးကို မိခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းစေပြီး မိခင်ဖြစ်သူ Ellie ရဲ့ Instagram ပေါ်မှာတော့ "ကျမတို့ မိသားစု တလုံးတဝတည်း ပြန်လည်ပေါင်းစည်းနိုင်ပြီ ❤️" လို့ ရေးထားပါတယ်။
ရဲတွေရဲ့ အတည်ပြုချက်အရ Carnarvon မှာနေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပြောဆိုပြီး အဲဒီလူဟာ Cleo ရဲ့ မိသားစုနဲ့ ဆက်စပ်မှု မရှိတဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။
အခုလောလောဆယ် အဲဒီလူက ရဲတွေရဲ့ မေးမြန်းမှုကို ကောင်းမွန်စွာ ဖြေကြားမှု လုပ်နေတယ်လို့ သိရပြီး တစ်ဦးတစ်ယောက်တည်းအနေနဲ့ လုပ်ဆောင်သလား တခြားလူတွေနဲ့ ပူးပေါင်းမှု ရှိခဲ့သလားဆိုတာကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ရဲတွေဟာ အသက် ၄ နှစ်အရွယ် ကလေးမလေး ပျောက်စချိန်တုန်းက ကောက်ရိုးပုံထဲ အပ်ချောင်းတစ်ချောင်း ရှာဖွေတဲ့အနေအထားနဲ့ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ရဲစုံထောက်အယောက် ၁၀၀ ကျော်က သက်သေ ထောင်နဲ့ချီကိုကြည့်ပြီး အလုပ်ကြိုးစားခဲ့ကြရတာဖြစ်ပြီး အင်္ဂါနေ့မှာ ရရှိတဲ့ သတင်းကို အမိအရဆုတ်ကိုင်ပြီး အလျင်အမြန် ဆောင်ရွက်ရာက ကယ်ဆယ်မှု လုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိ Mr Blanch က ပြောပါတယ်။
ရဲတွေအနေနဲ့ ဖုန်းဒေတာအချက်အလက်တွေကို အသုံးပြုပြီး ရှာဖွေမှုလုပ်ခဲ့တာလို့လည်း ပြောပါတယ်။

ကလေးကို တွေ့တဲ့အချိန်မှာ ကလေးတစ်ယောက်တည်း အိမ်မှာ ရှိနေတာဖြစ်ပြီး ဖမ်းမိထားသူကို အနီးအနားက တခြားနေရာမှာ ရှာတွေ့ခဲ့တာလို့ ပြောပါတယ်။
လိုလိုမယ်မယ် ကလေးမလေးကို ဆေးရုံခေါ်သွားခဲ့ကြပြီး မိဘတွေနဲ့ ပြန်လည် ဆုံစည်းစေလိုက်ပြီ ဖြစ်ပါတယ်။
ကလေးမလေးကို လုံခြုံဘေးကင်းစွာ ပြန်တွေ့ရပြီဆိုတဲ့ သတင်းကို ကြားတာနဲ့ ရဲစုံထောက်တွေလည်း ဝမ်းသာမျက်ရည်တွေ ကျခဲ့ရတာကို တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ရဲတွေဟာ နှစ်ပတ်ကျော် ကာလအတွင်း Blowholes campsite မှာ ရှိနေတဲ့ လူအယောက်ပေါင်း ၁၁၀ လုံးကို မေးမြန်းစုံစမ်းမှု လုပ်ခဲ့သလို ၅၀ ကုဗမီတာ ထုထည်ရှိတဲ့ အမှိုက်ပုံကိုလည်း လှန်လောရှာဖွေမှု လုပ်ခဲ့ကြပါတယ်။
ဖုန်းခေါ်ဆိုမှု အခုပေါင်း ၁၀၀၀ ကျော်ကိုလည်း နားဆင်ထောက်လှမ်းမှုလုပ်ခဲ့ကြပြီး ကလေးမပျောက္ခင် တစ်ညမှာ ကားမောင်းထွက်သွားတဲ့ ကားဒရိုင်ဘာကိုလည်း ရှာဖွေခဲ့ကြပါတယ်။

ကလေးပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ကလေးရဲ့ မိခင်ဖြစ်သူ Ellie Smith နဲ့ သူမရဲ့ ချစ်သူ Jake Gliddon တို့အပေါ် ရဲတွေက သံသယမရှိသလို ကလေးရဲ့ ဖခင်အရင်းဖြစ်သူကိုလည်း သံသယမရှိဘူးလို့ သိရပါတယ်။
Cleo Smith ကို ပြန်တွေ့ရပြီဆိုတဲ့ သတင်းနဲ့ ဆက်စပ်ပြီး ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က ကျနော်တို့ရဲ့ ဆုတောင်းတွေ ပြည့်ဝသွားပြီ၊ အရမ်းကို ကောင်းမွန်တဲ့ သတင်းကောင်းဖြစ်ပြီး စိတ်သက်သာစရာလည်း အင်မတန်ကောင်းမွန်တယ်လို့ ပြောပါတယ်။ ကလေးမလေး ပျောက်ဆုံးမှုမှာ ပါဝင်ကူညီကြတဲ့ ရဲတွေနဲ့ မိသားစုဝင်တွေကို ပံ့ပိုးမှု လုပ်ကြသူတိုင်းကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားပါတယ်။
အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese ကလည်း ကလေးမလေးကို ပြန်တွေ့ရတဲ့ သတင်းဟာ အင်မတန် ဝမ်းသာပျော်ရွှင်စရာ သတင်းဖြစ်ပြီး ဒီကလေးမလေးကို ပြန်တွေ့ဖို့ မနားမနေ ရှာဖွေခဲ့ကြသူတွေကို ကျေးဇူးတင်ထိုက်တယ်လို့ ပြောပါတယ်။
NSW ပြည်နယ် ရဲချုပ် Mick Fuller က ဒီမနက်မှာပဲ WA ပြည်နယ်ရဲချုပ် Chris Dawson နဲ့ ဖုန်းပြောတဲ့အခါမှာ WA ပြည်နယ် ရဲမှူးချုပ် ငိုကြွေးခဲ့တာကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်အထိ ဝမ်းသာကြသလဲ ဆိုတာကို သိသာစေတယ်လို့ Mr Fuller က 2GB radio ကို ပြောပါတယ်။

Mr Fuller ရဲ့အဆိုအရ Cleo ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ဆိုတာ အင်မတန် ရှားပါးတဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။


Share

Published

Updated

By Eden Gillespie
Source: SBS News

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service