'နှလုံးကြေကွဲမိတယ်'- တက်စ်မေးနီးယားပြည်နယ်မှာ Jumping castle လေထဲ လွှင့်ပါရာက ကလေးငယ် ၅ ဦး သေဆုံးရ

တက်စ်မေးနီးယားပြည်နယ် မြောက်ပိုင်း Devonport မှာ ကလေးတွေ ဆော့ကစားနေကြတဲ့ jumping castle လေထဲ လွင့်သွားပြီး ကလေးတွေ အမြင့်ပေါ်ကနေ ပြုတ်ကျရာက ၅ ဦး သေဆုံးခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

Worksafe Tasmania officers (left) inspect the jumping castle at Hillcrest Primary School

Police investigation is under way to figure out the cause of the tragedy. Source: AAP

Hillcrest မူလတန်းကျောင်းမှာ ဒီကြာသပတေးမနက် ၁၀ နာရီမှာ အခင်း စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲတွေရဲ့ အဆိုအရ လေကြောင့် jumping castle က လေထဲ လွင့်သွားပြီး အဲဒီအပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ အမြင့်မီတာ ၁၀ မီတာ လောက်ကနေ ပြုတ်ကျခဲ့ရတယ်လို့ ပြောပါတယ်။

ကလေးငယ် ၄ ဦးလည်း ဆေးရုံမှာ ကုသမှုခံနေရပြီး အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။
ကလေးတစ်ဦးက ဆေးရုံရောက်မှ သေဆုံးရတာ ဖြစ်ပါတယ်။
Emergency services personnel on scene at Hillcrest Primary School in Devonport, Tasmania.
Emergency services were called at around 10am on Thursday. Source: AAP
Tasmania ရဲ ကော်မရှင်နာ Darren Hine က ကလေးတွေက သူတို့ရဲ့ မူလတန်းကျောင်းသား ဘဝ နောက်ဆုံးနေ့ရက်ကို ကျင်းပနေရမယ့်အစား သူတို့သေဆုံးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးကြရပြီလို့ ပြောပါတယ်။

အဲဒီကလေးတွေရဲ့ မိသားစုဝင်တွေ၊ ကျောင်းနေဖက်တွေ၊ ဆရာ၊ဆရာမတွေအတွက် နှလုံး ကြေကွဲရတယ်လို့လည်း ပြောပါတယ်။

ကလေးတွေဟာ နွေရာသီကျောင်းပိတ်ရက်မတိုင်ခင် နောက်ဆုံးကျောင်းတက်ရက် အနေနဲ့ 'Big Day In' ပွဲ ကျင်းပကြတာဖြစ်ပါတယ်။
ဒီလို အင်မတန် ဝမ်းနည်းဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်အတွက် ပြောဆိုဖို့ စကားလုံး ရှာမရအောင် ဖြစ်ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Peter Gutwein က ပြောပါတယ်။
Floral tributes at Hillcrest Primary School.
Floral tributes at Hillcrest Primary School. Source: Sarah Maunder/SBS News
ကွယ်လွန်သူ တွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ခင်နစ်သက်သူတွေနဲ့ ထပ်တူ ဝမ်းနည်းမိကြောင်းနဲ့ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေနဲ့မိသားစုဝင်တွေအတွက် သတိတယဆုတောင်းမှု လုပ်ပေးကြတဲ့အကြောင်း ပြောပါတယ်။

ဒီကနေ့ အခင်းဖြစ်ပွားတဲ့ နေရာကို ရဲတွေ၊ လူနာတင်ယာဉ်တွေသာမက ရဟတ်ယာဉ်တွေကိုပါ အသုံးပြုခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ထိခိုက်နစ်နာရသူ မိသားစုဝင်တွေနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးမယ်လို့လည်း ရဲတွေက ပြောပါတယ်။
အသေးစိတ်ကို ရဲတွေနဲ့ WorkSafe Tasmania က စုံစမ်းမှုလုပ်နေပြီး မကြာခင် အစီရင်ခံမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Scott Morrison ကလည်း ဒီဖြစ်ရပ်ဟာ မတွေးဝံ့လောက်တဲ့ ကြွေကွဲစရာ ဖြစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ကလေးငယ်တွေက သူတို့ မိသားစုနဲ့အတူ ပျော်ရမယ့်နေ့မှာ ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာက အင်မတန်ကို ကြေကွဲရတယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်ဆိုးကို ကြုံတွေ့ရတဲ့ လူတွေနဲ့ထပ်တူ ဝမ်းနည်းမိကြောင်းလည်း ဝန်ကြီးချုပ်က Twitter မှာ ရေးထားပါတယ်။
Federal opposition leader Anthony Albanese also paid tribute to the lives lost.

"My heart breaks for these little ones, and to their families I offer my deepest condolences," he wrote on Twitter.
State and territory leaders also posted messages of condolences with WA Premier Mark McGowan saying the tragedy is "unimaginable".

Share

Published

Source: AAP, SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
'နှလုံးကြေကွဲမိတယ်'- တက်စ်မေးနီးယားပြည်နယ်မှာ Jumping castle လေထဲ လွှင့်ပါရာက ကလေးငယ် ၅ ဦး သေဆုံးရ | SBS Burmese