Hillcrest မူလတန်းကျောင်းမှာ ဒီကြာသပတေးမနက် ၁၀ နာရီမှာ အခင်း စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲတွေရဲ့ အဆိုအရ လေကြောင့် jumping castle က လေထဲ လွင့်သွားပြီး အဲဒီအပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ အမြင့်မီတာ ၁၀ မီတာ လောက်ကနေ ပြုတ်ကျခဲ့ရတယ်လို့ ပြောပါတယ်။
ကလေးငယ် ၄ ဦးလည်း ဆေးရုံမှာ ကုသမှုခံနေရပြီး အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။
ကလေးတစ်ဦးက ဆေးရုံရောက်မှ သေဆုံးရတာ ဖြစ်ပါတယ်။

Tasmania ရဲ ကော်မရှင်နာ Darren Hine က ကလေးတွေက သူတို့ရဲ့ မူလတန်းကျောင်းသား ဘဝ နောက်ဆုံးနေ့ရက်ကို ကျင်းပနေရမယ့်အစား သူတို့သေဆုံးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးကြရပြီလို့ ပြောပါတယ်။
အဲဒီကလေးတွေရဲ့ မိသားစုဝင်တွေ၊ ကျောင်းနေဖက်တွေ၊ ဆရာ၊ဆရာမတွေအတွက် နှလုံး ကြေကွဲရတယ်လို့လည်း ပြောပါတယ်။
ကလေးတွေဟာ နွေရာသီကျောင်းပိတ်ရက်မတိုင်ခင် နောက်ဆုံးကျောင်းတက်ရက် အနေနဲ့ 'Big Day In' ပွဲ ကျင်းပကြတာဖြစ်ပါတယ်။
ဒီလို အင်မတန် ဝမ်းနည်းဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်အတွက် ပြောဆိုဖို့ စကားလုံး ရှာမရအောင် ဖြစ်ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Peter Gutwein က ပြောပါတယ်။

ကွယ်လွန်သူ တွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ခင်နစ်သက်သူတွေနဲ့ ထပ်တူ ဝမ်းနည်းမိကြောင်းနဲ့ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေနဲ့မိသားစုဝင်တွေအတွက် သတိတယဆုတောင်းမှု လုပ်ပေးကြတဲ့အကြောင်း ပြောပါတယ်။
ဒီကနေ့ အခင်းဖြစ်ပွားတဲ့ နေရာကို ရဲတွေ၊ လူနာတင်ယာဉ်တွေသာမက ရဟတ်ယာဉ်တွေကိုပါ အသုံးပြုခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ထိခိုက်နစ်နာရသူ မိသားစုဝင်တွေနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးမယ်လို့လည်း ရဲတွေက ပြောပါတယ်။
အသေးစိတ်ကို ရဲတွေနဲ့ WorkSafe Tasmania က စုံစမ်းမှုလုပ်နေပြီး မကြာခင် အစီရင်ခံမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Scott Morrison ကလည်း ဒီဖြစ်ရပ်ဟာ မတွေးဝံ့လောက်တဲ့ ကြွေကွဲစရာ ဖြစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ကလေးငယ်တွေက သူတို့ မိသားစုနဲ့အတူ ပျော်ရမယ့်နေ့မှာ ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာက အင်မတန်ကို ကြေကွဲရတယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ဆိုးကို ကြုံတွေ့ရတဲ့ လူတွေနဲ့ထပ်တူ ဝမ်းနည်းမိကြောင်းလည်း ဝန်ကြီးချုပ်က Twitter မှာ ရေးထားပါတယ်။
Federal opposition leader Anthony Albanese also paid tribute to the lives lost.
"My heart breaks for these little ones, and to their families I offer my deepest condolences," he wrote on Twitter.
State and territory leaders also posted messages of condolences with WA Premier Mark McGowan saying the tragedy is "unimaginable".

