နိုင်ငံရေးခေါင်းဆောင်တွေ အချက်လက် မှားယွင်းစွာပြောဆို-ဒါကတော့ ဥပမာတချို့ ဖြစ်ပါတယ်

နက်ဖြန်ကြရင် ဩစတြေးလျမှာ ဖက်ဒရယ် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေအားလုံးက မဲပေးသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်လာအောင် ဘယ်လို ဘာလုပ်ပေးမယ်ဆိုပြီး အမျိုးမျိုး ကတိပေးကြပါတယ်။

SBS News in Macedonian 18 May  2022

Minister Scott Morrison (right) and Opposition Leader Anthony Albanese. Source: (AAP Image/Lukas Coch) NO ARCHIVING

အဲဒီလို ပြောဆိုတဲ့အခါ အချက်အလက်မှားတာမျိုးတွေလည်း ရှိခဲ့တယ်လို့ Australian Associated Press (AAP)သတင်းဌာနရဲ့ FactCheck အဖွဲ့က ပြောပါတယ်

မဲဆွယ်စည်းရုံးရေးကာလအတွင်း ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်နဲ့ အတိုက်အခံခေါင်းဆောင် Anthony Albanese တို့အကြား အပြန်အလှန် ဝေဖန်ပြောဆိုတာမျိုးတွေ တွေ့ရမှာ ဖြစ်ပါတယ်။

မေလ ၂ ရက်နေ့ ကမ်ပိန်းမှာ ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ်မှာ ပထမဆုံးအကြိမ် အိမ်ဝယ်တဲ့လူဦးရေဟာ လေဘာပါတီလက်ထက်ကနဲ့ယှဥ်ရင် ၇၀၀၀၀ နီးပါး ပိုများတယ်လို့ ပြောပါတယ်။

AAP FactCheck ရဲ့ အဆိုအရ အဲဒါက အချက်အလက်မှား ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ဝန်ကြီးချုပ် မော်ရီဆန်က လေဘာအစိုးရရဲ့ နောက်ဆုံးနှစ်အကြောင်း ပြောခဲ့တာပါ။

ဝန်ကြီးချုပ် မော်ရီဆန်က အရင်နှစ်တုန်းက လူပေါင်း ၁၆၄ ၀၀၀ လောက် သူတို့ရဲ့ ပထမဆုံးအိမ်ကို ဝယ်ယူခဲ့တယ်လို့ ပြောဆိုပြီး လေဘာပါတီအစိုးရသက်တမ်းရဲ့ နောက်ဆုံးနှစ်တုန်းကဆိုရင် ပထမဆုံးအကြိမ်အိမ်ဝယ်သူက ၉၁ ၃၀၀ သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

AAP FactCheck ရဲ့ လေ့လာမှုအရ လေဘာပါတီလက်ထက်အတွင်း ပထမဆုံးအကြိမ် အိမ်ဝယ်သူ ဦးရေဟာ တစ်နှစ်နဲ့ တစ်နှစ် မတူညီဘူးဆိုတာကို တွေ့ခဲ့ရပေမယ့် လစဥ်ပျမ်းမျှဝယ်ယူမှုကို တွက်ချက်ကြည့်လိုက်ရင် လက်ရှိညွန့်ပေါင်းအစိုးရ လက်ထက်ကထက်တောင် ပထမဆုံးအိမ်ဝယ်ယူသူတွေက များပြးခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကာတင်တက္ကသိုလ်က အိမ်ယာနဲ့ စီးပွားရေးဆိုင်ရာ ပါမောက္ခRachel ViforJ ရဲ့ အဆိုအရ လေဘာပါတီအစိုးရ သက်တမ်းရဲ့ နောက်ဆုံးနှစ်ကိုသာ ကြည့်ပြီး ပြောရင် ဝန်ကြီးချုပ်ပြောတာက မှန်ပေမယ့် လေဘာပါတီရဲ့ လက်ထက် တလျှောက်လုံး တွက်ကြည့်ရင် မှန်ကန်မှုမရှိဘူးလို့ ပြောပါတယ်။

ဩစတြေးလျနိုင်ငံ စာရင်းအင်းဌာနAustralian Bureau of Statistics (ABS) ရဲ့ အချက်အလက်အရ ၂၀၂၁ ခုနှစ်မှာ ပထမဆုံးအကြိမ် အိမ်ဝယ်ဖို့ လျှောက်ထားသူဦးရေဟာ ၂၀၀၉ နောက်ပိုင်း အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၀၉ ခုနှစ်ဟာ ကယ်ဗင်ရဒ်ဦးဆောင်တဲ့ လေဘာပါတီ အစိုးရဖြစ်နေတဲ့အချိန်ဖြစ်ပြီး အဲဒီနှစ်တုန်းက ပထမဆုံးအကြိမ် အိမ်ဝယ်သူဦးရေဟာ လက်ရှိ လစ်ဘရယ် နေရှင်နယ် ညွန့်ပေါင်းအစိုးရလက်ထက်မှာ ဖြစ်တဲ့ ၂၀၂၁ ခုနှစ်မှာ ဝယ်ယူတာထက် ပိုများခဲ့တာ ဖြစ်ပါတယ်။

တစ်နှစ်နဲ့ တစ်နှစ် အစိုးရက ပေးတဲ့ အကူအညီတွေလည်း မတူညီတဲ့အတွက် ပထမဆုံးအိမ်ဝယ်သူတွေအတွက် အကူအညီပေးတာများတဲ့ နှစ်မှာ အိမ်ဝယ်ယူမှု များတာဖြစ်တယ်လို့ ဆိုပါတယ်။

တက်လာတဲ့ အစိုးရတိုင်းက ပထမဆုံးအကြိမ် အိမ်ဝယ်မယ့် လူတွေအတွက် မက်လုံးတွေပေးပြီး လုပ်ဆောင်တာမျိုးတွေလည်း လုပ်နေကြ ဖြစ်ပါတယ်။

၂၀၀၈ နဲ့ ၂၀၁၀ မှာ လေဘာပါတီက first home-owners boost အစီအစဥ်ချမှတ် လုပ်ဆောင်ခဲ့တဲ့အတွက် အိမ်ဝယ်ယူသူတွေ များပြားခဲ့ပြီး လက်ရှိအစိုးရက ၂၀၂၁ ခုနှစ်မှာ စီးပွားရေး မကျသွားအောင် အိမ်ရောင်းဝယ်ရေးဆောက်လုပ်ရေးလုပ်ငန်းကို ပစ်မှတ်ထားတဲ့fiscal stimulus package တွေ ပြုလုပ်ပေးတဲ့အတွက် အိမ်ဝယ်သူတွေ များပြားခဲ့တာလို့ ဆိုပါတယ်။

Labor ခေါင်းဆောင် Anthony Albanese ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပေါ်လစီနဲ့ ပတ်သက်တဲ့ ပြောဆိုမှုကို ကြည့်ရအောင်။

ခေါင်းဆောင်နှစ်ဦး စကားရည်လုပွဲမှာ Mr Albanese က ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဩစတြေးလျထဲ တရားမဝင် ဝင်လာတဲ့လှေတွေကို ပြန်ပို့ဖို့ Scott Morrison ကမ်းလှမ်းမှု မလုပ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

စကားရည်လုပွဲမှာ ခေါင်းဆောင် နှစ်ဦးစလုံးက သူတို့အနေနဲ့ လှေကို ပြန်ပို့တဲ့အစီအစဥ်ကို ထောက်ခံကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပေါ်လစီကို အဲဒီတုန်းက ဒုတိယ ဝန်ကြီးချုပ် ဖြစ်နေတဲ့ Mr Albanese က ဘာလို့ မထောက်ခံခဲ့သလဲ လို့ မစ္စတာ မော်ရီဆန်က မေးတဲ့အခါမှာ အန်တော်နီ အယ်လ်ဘာနီးဇီးက အဲဒီပေါ်လစီကို ညွန့်ပေါင်းအဖွဲ့က စတင်ကမ်းလှမ်းတာ မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

 

AAP FactCheck ရဲ့ လေ့လာမှုအရ မစ္စတာ Anthony Albanese ဖက်က မှားကြောင်း တွေ့ရှိထားပါတယ်။

ညွန့်ပေါင်းအဖွဲ့က တရားမဝင် ဝင်လာတဲ့ လှေတွေကို ပြန်ပို့ဖို့ ကိစ္စကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းက တောက်လျှောက် ပြောဆိုလာကြတာတွေ ရှိခဲ့ပြီး သက်သေတွေအနေနဲ့ ပေါ်လစီစာရွက်၊ မီဒီယာအင်တာဗျူးနဲ့ လွှတ်တော်အတွင်း အပြန်အလှန်ပြောဆိုမှုတွေမှာ တွေ့ခဲ့ရပါတယ်။

အဲဒီပေါ်လစီက ညွန့်ပေါင်းအဖွဲ့ စတင်တဲ့ ပေါ်လစီ ဖြစ်တဲ့အကြောင်း နယူးဆောက်ဝေး တက္ကသိုလ် ဒုက္ခသည်ရေးဆိုင်ရာ Kaldor စင်တာက အကြီးတန်း သုတေသီလည်းဖြစ် ရှေ့နေလည်းဖြစ်သူ Madeline Gleeson က ထောက်ခံပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ တခါတရံ ပြည်သူတွေရဲ့ အမြင်နဲ့ဆက်စပ်ပြီး နိုင်ငံရေးပါတီတွေဟာ အမြင်ပြောင်းတာမျိုး ဖြစ်လာတတ်ပြီး တရားမဝင်လှေကို လာရာလမ်းအတိုင်း ပြန်ပို့တဲ့ကိစ္စမှာ ရှုတ်ထွေးလွန်းတဲ့အတွက် ပါတီကြီး နှစ်ခုစလုံးရဲ့ ထောက်ခံမှုကြောင့် ဖြစ်လာတာလို့လည်း ပြောပါတယ်။

 

နိုင်ငံရေးခေါင်းဆောင်တွေ အချက်အလက် မှားယွင်းစွာ ပြောဆိုမိတာမျိုး ရှိသလို တရုတ်လူမျိုးတွေ အသုံးများတဲ့ WeChat app မှာလည်း သတင်းမှားတွေ တက်လာလို့ စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။

ဥပမာ တစ်ခုကတော့ လေဘာကို မဲပေးတာဟာ transgender လှုပ်ရှားမှုကို မဲပေးတာဖြစ်တယ်လို့ ရေးသားထားတာရှိသလို နောက်တစ်ခုကတော့ လေဘာပါတီသာ အစိုးရဖြစ်ရင် ဒုက္ခသည်တွေ ထောင်နဲ့ချီ ဩစတြေးလျနိုင်ငံထဲ ဝင်လာမှာ ဖြစ်ပြီး ဒေါ်လာ ထရီလျံနဲ့ချီ ကုန်ကျမယ်ဆိုတဲ့ အရေးအသားတွေ ရှိပါတယ်။

တကယ်တော့ အဲဒီလို app မှာ အချက်အလက်မှားတွေကို တချို့က ယုံပေမယ့် အခုဆိုရင် ယုံကြည်မှု လျော့နည်းတာမျိုးလည်း ရှိလာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

ဩစတြေးလျမှာ WeChat အသုံးပြုသူ ၃ သန်းရှိပြီး အများအားဖြင့် တရုတ်လူမျိုးတွေ အသုံးပြုကြတာ ဖြစ်ပါတယ်။ 

 


3 min read

Published


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now